စစ်ကောင်စီနဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP နှစ်ဘက်ကြား သုံးရက်ကြာ တွေ့ဆုံဆွေးနွေးမှုတွေမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေးကို အဓိက ဆွေးနွေးခဲ့ပြီး လက်ရှိ မြန်မာပြည်ရဲ့ပဋိပက္ခကို ဖြေရှင်းရာမှာ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့နဲ့ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံးပါဝင်ဖို့ကို UWSP ဘက်က တင်ပြခဲ့ပါတယ်။
“ကဆုန်လမကုန်ခင်လောက်မှာ ထပ်ပြီးတခါ ရောက်လာတယ်၊ ဟိုတုန်းကနဲ့စာရင်တော့ စိပ်လာတာပေါ့။ အခါတိုင်းဆိုရင်တော့ ဘုန်းကြီး ကျောင်းတွေ ဇရပ်တွေမှာပဲနေတယ်။ အခုတခေါက်လာတဲ့အခါမှာတော့ ရွာရဲ့ အနောက်ဘက်၊ တောင်ဘက် အဲဒီဘက်တွေမှာ တဲထိုးစခန်းချပြီး တပ်စုခွဲပြီး စခန်းချနေ ထိုင်တာမျိုးတွေ ဖြစ်လာတယ်။ ” (လေးတောင်ဒေသခံ)
အမေရိကန်မှာ ဒုတိယအဆိုးရွားဆုံး လူတွေအစုလိုက်ပစ်သတ်ခံမှု ဖြစ်သွားခဲ့ပြီးတဲ့နောက် သေနတ်ဝယ်လိုသူတွေရဲ့ရာဇဝင်ကို တင်းတင်းကြပ်ကြပ် စစ်ဆေးမယ့် ဥပဒေကို လွှတ်တော်အမတ်တွေမဲခွဲ ဆုံးဖြတ်ကြဖို့ရှိပါတယ်။ သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဥပေဒအတည်ပြုမယ့် အလားအလာကတော့ နည်းပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စု၊ Texas ပြည်နယ်က အခြေခံပညာ မူလတန်းကျောင်းတခုအတွင်း သေနတ်သမား ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၁၉ ယောက်နဲ့ လူကြီး ၂ ယောက် သေဆုံးသွားခဲ့တဲ့ဖြစ်ရပ်အတွက် သမ္မတ Joe Biden ကလက်နက်ကိုင်ဆောင်မှု ဥပဒေကို ပြင်ဆင်ကြဖို့လွှတ်တော်အမတ်တွေကို တိုက်တွန်းလိုက်ပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်
“ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ အခြေခံဥပဒေ အမြန်ဆုံးရေးဆွဲပြီး အမြန်အဆန်အကောင်အထည်ဖော်ဖို့ ပြောကြတယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဒါပြည်နယ်နဲ့ တိုင်းဆိုင်ရာမှာလည်း အမြန်ဆုံးရေးဆွဲဖို့ တောင်းဆိုတာပေါ့နော်။” (နိုင်အောင်မငေး-မွန်ပြည်သစ်ပါတီ)
ဝါရှင်တန်ဒီစီမြို့မှာ မေလ (၁၂) ရက်ကနေ (၁၃) ရက်နေ့အထိ ကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံထိပ်သီး စည်းဝေးပွဲအပြီး မြန်မာနိုင်ငံအတွင်း၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်ဆိုင်းပြီး၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အချက် (၂၇) ချက်ပါ ပူးတွဲကြေညာချက်ကို မြန်မာ့အရေးနဲ့ပတ်သက်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
အာဆီယံ ခေါင်းဆောင်တွေကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံပြီးတဲ့နောက် အမေရိကန်သမ္မတ Joe Biden ဟာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကို စတင် ထွက်ခွာပါမယ်။ သမ္မတ Biden အစိုးရဟာ အာရှ-ပစိဖိတ်ဒေသဟာ အရေးပါတဲ့ဒေသဖြစ်တယ်ဆိုတာကို ဒီခရီးစဉ်က ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron ဟာ မြန်မာပြည်တွင်းပိုင်ဆိုင်ထားတဲ့ အစုရှယ်ယာတွေ ပြန်ရောင်းဖို့ရှိနေတာမို့ ဒီပိုင်ဆိုင်မှုတွေ စစ်အုပ်စုဆီ ရောက်မသွားအောင် ထိန်းသိမ်းထားပေးဖို့ ပြည်တွင်းက နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
“မူဆယ်က အရင်ကတည်းက လောင်းကစားနယ်မြေဖြစ်တယ်ပေါ့။ နောက်ပိုင်းမှာကျတော့ အလုပ်လက်မဲ့ဖြစ်တဲ့အခါ တရုတ်ပြည်လည်း ထွက်လို့မရတဲ့အခါကျတော့ လောင်းကစားရုံမှာ လောင်းကစားတွေ လုပ်ကြတယ်။ ရှုံးတဲ့အခါကျတော့ အလွယ်လမ်းနည်းကို ပိုလိုက်လာကြတယ်။ (မိုင်းအနိုင်- ရွှေဖီမြေသတင်းဌာနအယ်ဒီတာ)
ပြီးခဲ့တဲ့သြဂုတ်လ အာဖဂန်နစ္စတန်ကို တာလီဘန်တွေသိမ်းပိုက်ပြီးတဲ့နောက် အမေရိကန်ကို ရောက်လာတဲ့ အာဖဂန်ဒုက္ခသည် ၇၀,၀၀၀ ကျော်ထဲက အများစု ရာမာဒန် ဥပုဒ်လ ကုန်ဆုံးတဲ့ အထိမ်းအမှတ် Eid ပွဲတော်ကို ဒီနှစ် အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးကျင်းပခဲ့ကြပါတယ်။ ကိုဇော်ဝင်းလှိုင်ပြောပြပေးပါမယ်။
အခုနှစ် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုဟာ ၃.၆% ဘဲရှိမယ်လို့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ကအင်္ဂါနေ့မှာ ကြိုတင် ခန့်မှန်းချက် ထုတ်ပြန်လိုက်ပါတယ်။ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်က ကမ္ဘာ့စီးပွားရေးအပေါ် ခြိမ်းချောက်လာနေတဲ့အတွက် ဖြစ်ပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
အာဏာသိမ်းကာလ ၂ ကြိမ်မြောက်ကြုံရတဲ့ ဒီနှစ်သင်္ကြန် တော်တော်ကို ခြောက်ခြောက်ကပ်ကပ်ဖြစ်၊ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှု မီးရှို့ခံရတဲ့ရွာတွေရဲ့ ဂြိုလ်တုမှတ်တမ်းရုပ်ပုံတွေ ထွက်လာ၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဇော်ဝင်းလှိုင် တင်ဆက်ထားပါတယ်။
ကမ္ဘာတဝန်း ကိုဗစ်မျိုးဗီဇကွဲ omicron BA.2 ကူးစက်မှုနှုန်း မြင့်တက်နေသလို အမေရိကားမှာလည်း ဒီပိုးသစ် ကူးစက်မှု အဓိကအများဆုံး ဖြစ်နေပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်မှာ အသက် ၅၀ နဲ့ အထက်တွေကို ကိုဗစ်ကာကွယ်ဆေး စတုတ္တတလုံး ထိုးခွင့်ပြုလိုက်ပါတယ်။ Laurel Bowman ပေးပို့တဲ့ သတင်းကို ကိုဇော်ဝင်းလှိုင် တင်ပြထားပါတယ်။
“စစ် အာဏာသိမ်းပြီးတဲ့နောက် အကြမ်းဖက်မှုတွေနဲ့ ပြည်သူတွေ ခံစားနေကြရတဲ့ အခြေအနေတွေအပေါ် ကျနော်တို့ နှစ်ယောက်လုံး အထူးပဲ စိုးရိမ်ပူပန်ကြပါတယ်။ ဒီအာဏာသိမ်းမှုက စာနာမှုဆိုင်ရာ ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်စေပြီး ဆယ်စုနှစ်နဲ့ချီ ဒီမိုကရေစီနဲ့ စီးပွားရေး တိုးတက်ခဲ့မှုတွေကို နောက်ပြန်လှည့်သွားစေပါတယ်။”- Biden
“ကျနော်ရဲ့ ဒီခရီးစဉ်အပေါ် မျှော်လင့်ချက်တွေ အမျိုးမျိုးရှိကြတယ်ဆိုတာ နားလည်ပါတယ်။ နောက်ပြီး အပစ်အခတ် ရပ်စဲပြီး ဒီကိစ္စမှာ ပါဝင်ပတ်သက်နေသူအားလုံးနဲ့ ခရီးစဉ်အတွင်းမှာ တွေ့ဆုံတာ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနစ်ပုံမှန်အတိုင်း ပြန်လည် တည်ရှိနေတာကို မြင်တွေ့လိုကြတယ်ဆိုတာ ကျနော် နားလည်ပါတယ်။”(Prak Sokhonn)
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို စစ်ဘေးရှောင်နေကြတဲ့ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ခံ စစ်ဘေးရှောင်တွေဟာ ဒုက္ခသည်စခန်းမှာ လက်ရှိ သောက်သုံးရေ ပြတ်လပ်မှုကြုံတွေ့နေရပြီး အများစုက ဝမ်းပျက်၊ ဝမ်းလျှော ဖျားနာတာတွေ ဖြစ်နေကြောင်း စစ်ဘေးရှောင်တွေကို ကူညီနေသူတဦးက ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းဝေးပွဲကို မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးမပါဘဲ ကျင်းပနေကြပါတယ်။ အာဆီယံအရေးကျွမ်းကျင်သူတွေကို ဆက်သွယ် မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က စုစည်းတင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ကပ်ရောဂါ တတိယလှိုင်းဒဏ် ခက်ခက်ခဲခဲ ရင်ဆိုင်ပြီးတဲ့နောက် လူထုက ကာကွယ်ဆေးထိုးဖို့ ပိုစိတ်ဝင်စားလာကြတာပါ။ ကျန်းမာရေးဝန်ကြီးဌာနက ဦးစားပေးအဆင့်အလိုက် ထိုးတာ၊ ပုဂ္ဂလိကအစုအဖွဲ့တွေ ကိုယ့်အစီအစဉ်နဲ့ ထိုးတာတွေ ရှိပါတယ်။ သတင်းထောက်မှတ်စု အစီအစဉ်မှာ ကိုဇော်ဝင်းလှိုင် တင်ဆက်ထားပါတယ်။
အာဏာသိမ်းကာလ ၆ လကျော် မြန်မာနိုင်ငံရဲ့အခြေအနေတွေကို နိုင်ငံတကာက ထောက်ပြပြီး လူထုရဲ့လုံခြုံရေး ကာကွယ်ဆောင်ရွက်ဖို့ တိုက်တွန်းနေကြတာပါ။ ဒါပေမဲ့ နိုင်ငံရေး အခြေအနေတွေကတော့ လူထုအတွက် အထူးစိုးရိမ်ရဆဲအနေအထား ရှိပါတယ်။ နောက်ဆုံးအခြေအနေတွေကို သတင်းထောက်မှတ်စု အစီအစဉ်မှာ ကိုဇော်ဝင်းလှိုင်က တင်ဆက်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်