"ရန်ကုန်မှာက တက္ကဆီတွေက များတယ်၊ ဒါပေမယ့် ဈေးနှုန်းက ပြောချင်တဲ့ ဈေးနှုန်းဖြစ်နေတယ်။ နောက်တချက်က တက္ကဆီတွေကို သေသေချာချာ Register လုပ်ထားတာ မတွေ့ရဘူးခင်ဗျ။"
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြာသပတေးနေ့က ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ခဲ့တဲ့ ဒေသတွေကို သွားတဲ့ခရီးစဉ်ဟာ ကောင်းမွန်တဲ့ ခရီးစဉ်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးဟောင်း Priscilla Clapp က ပြောကြား လိုက်ပါတယ်။ တချိန်ထဲမှာဘဲ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအကြောင်း ဒီခရီးစဉ်အတွင်း ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိတဲ့အပေါ် ဝေဖန် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
“ဒီကနေ့ကစပြီး DV Lottery ဗီဇာကံစမ်းမဲ စံနစ် ဖျက်သိမ်းရေး အစီအစဉ်ကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ချက်ခြင်း ရပ်ဆိုင်းနိုင်မယ့် လုပ်ငန်းစဉ်တွေ စတင်ဖို့ လွှတ်တော်ကို ကျနော် တောင်းဆိုသွားမှာ ဖြစ်ပါတယ်။"
နယူးယောက်မြို့ရဲ့ Lower Manhattan ရပ်ကွက်မှာ အင်္ဂါနေ့က ထရပ်ကားနဲ့ ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပွါးခဲ့တာကြောင့် လူ ၈ ဦး သေဆုံးပြီး တဒါဇင်ထက်မနည်း ထိခိုက် ဒဏ်ရာရသွားတယ်လို့ နယူးယောက် မြို့တော်ဝန် Bill de Blasio က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားပါတယ်။
ရိုဟင်ဂျာ ပဋိပက္ခနဲ့ ပတ်သက်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအကြား ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ် ဆောင်ရွက်နေပေမယ့်လည်း ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ရဲ့ ချဉ်းကပ် ဆောင်ရွက်ပုံကို ကြည့်ခြင်းအားဖြင့် ဒီပြဿနာ ပြေလည်ရေးထက် ပိုမို ရှုပ်ထွေးအောင် လုပ်ဆောင်နေသလားဆိုတာ သံသယဖြစ်မိကြောင်း အောက်တိုဘာလ ၃၀ ရက်နေ့က ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း မြန်မာကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။
"လက်ရှိအချိန်မှာ တိုင်းပြည်အတွင်းမှာရော ပြည်ပမှာပါ နက်ရှိုင်းပြီး ခက်ခဲရှုပ်ထွေးတဲ့ ပြောင်းလဲမှုတွေ ဖြစ်နေပါတယ်။ ကျနော်တို့ တိုင်းပြည် ဖွံ့ဖြိုးရေးဟာလည်း အရေးပါတဲ့ အချိန်ကာလမှာ ရှိနေတုန်းဖြစ်ပါတယ်။"
“ကျနော်တို့ရဲ့ စိတ်ထဲတော့ တအိမ်ထောင်ကို နှစ်စဉ် ၁၀ သိန်း ဝင်မယ်ဆိုရင်တော့ ဆင်းရဲသားတွေ ပပျောက်လာမယ်၊ စိမ်းစိုလာမယ်ပေါ့နော်။”
“လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေ အနေတွေအတွက် ကျမအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။}
ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်လို့ တိုက်ရိုက်ပတ်သက်နေတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အမေရိကန် ပြည်ထောင်စုက နိုင်ငံရေးအရှိန်အဝါသုံးပြီး ကြားဝင် ဆောင်ရွက်ပေးသင့်တယ်လို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က ပြောပါတယ်။
“ကျနော်တို့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းက ဝါးက ဘယ်နားစိုက်စိုက် ပေါက်တယ်ဗျ။ ကျနော်တို့ဆီမှာ အားသာချက်ကလေ။”
ဥရောပကောင်စီက တနင်္လာနေ့မှာ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အရေးပါတဲ့ အခြေခံ ဆုံးဖြတ်ချက်တခုဖြစ်ကြောင်း အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini က ပြောကြား လိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်း လုံခြုံရေး တပ်အင်အား အလွန်အကျွံသုံးစွဲမှုကြောင့် ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံတွေက မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် အကြီးတန်း တာဝန်ရှိသူတွေကို ဖိတ်ကြားမှု ဆိုင်းငံ့ထားမှာ ဖြစ်သလို လက်ရှိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ပြန်လည် သုံးသပ်မယ်လို့ ဥရောပ ကောင်စီက ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။
“မူးယစ်ဆေးဝါးကတော့ ကချင်ပြည်နယ်တင် မကဘဲနဲ့ မြန်မာတနိုင်ငံလုံးကို တန်းတူ၊ တပြေးညီ အများကြီး ထိခိုက်နေတယ်လို့ဘဲ မြင်ရပါတယ်ရှင့်။”
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် တာဝန်အပြင် UN OCHA ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အဖြစ် ဆောင်ရွက်နေတဲ့ Ms. Renata Lok-Dessallien ဟာ အခုလကုန်မှာ လက်ရှိ ရာထူး သက်တမ်း ကုန်ဆုံးပြီး ကုလသမဂ္ဂ ဌာနချုပ်မှာ ပြောင်းရွေ့ တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။
ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ တိုက်ခိုက်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စက်တင်ဘာ ၅ ရက်နေ့ကစပြီး နယ်မြေ ရှင်းလင်းရေး လုပ်ငန်းတွေကို တပ်မတော်ဘက်က လုံး၀ ဆောင်ရွက်ခြင်း မရှိတော့ဘူးလို့ မြန်မာအစိုးရက ထပ်မံ ပြောကြားပါတယ်။
“မြန်မာအစိုးရအပေါ် အခုလို နိုင်ငံရေးအရ ဖိအားပေးမှုတွေ ဆက်လက် ပြုလုပ်နေဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါမှလည်း ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ ချက်ခြင်း ရပ်တန့်သွားမှာ ဖြစ်သလို၊ ချက်ဒုက္ခသည်တွေ နေရပ် ပြန်နိုင်ရေးလည်း အဆင်ပြေမှာ ဖြစ်ပါတယ်။”
“ဒေါ်အောင်ဆန်းစုကြည် လက်ထက်ရောက်တဲ့အခါကျတော့ ကိစ္စအားလုံးကို စိတ်ချလက်ချ ဖြစ်သွားတဲ့အခါမှာ လူမှုရေး၊ စီးပွားရေးနဲ့ တခြား နစ်နာမှုတွေ အများကြီးကို ဒေသခံတွေမှာ ခံစားရတယ်။”
“ကျနော်တို့အနေနဲ့ ဘာကြောင့် ကန့်ကွက်ရသလဲဆိုတော့ သူတို့ ပြန်သွားတဲ့အခါ လုံခြုံမှု မရှိဘူး၊ ညှဉ်းပန်း နှိပ်စက်ခံရနိုင်တယ်လို့ ရိုဟင်ဂျာတွေအနေနဲ့ ယူဆရင် သူတို့ကို အတင်းအကျပ် ပြန်မပို့သင့်ပါဘူး။”
“ကုလသမဂ္ဂရဲ့ အဖွဲ့ဝင် ၁၉၃ နိုင်ငံထဲမှာ အမေရိကန်ပြည်ထောင်စုဟာ အဖွဲ့ဝင် နိုင်ငံတခုသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘတ်ဂျက်ကြီးတခုလုံးရဲ့ ၂၂% ထက်ပိုတဲ့ ငွေကို ကျနော်တို့က ထဲ့ဝင်နေတာပါ။”
ဘင်္ဂလားဒေ့ရှ်ဘက်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အနီးကပ် စောင့်ကြည့်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက သီးသန့်စခန်းတခုဖွင့်လှစ် ထိန်းသိမ်းထားဖို့ စီစဉ်နေပါတယ်။ ဒုက္ခသည်တွေကို သီးသန့်စခန်းဖွင့်လှစ် ထားခြင်းအားဖြင့် အကူအညီတွေ အလျှင်အမြန် ဖြန့်ဖြူးပေးနိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကျနော်တို့ သံအမတ်ကြီး ဟာလည်း အစွမ်းကုန် ကြိုးစား လုပ်ဆောင်နေပြီး ရခိုင်ပြည်နယ်ကို အခု သီတင်းပတ် အတွင်း သွားရောက်ဖို့ စီစဉ်နေပါတယ်။”
နောက်ထပ်ကြည့်ရှုရန်