ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကို စုံစမ်းဖော်ထုတ်ရင်း ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို Pen/Barbey Freedom to Write Award ဆုချီးမြင့်ပွဲ အခမ်းအနားကို အင်္ဂါနေ့ညက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
တရုတ်မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြား ပိတ်မိနေခဲ့တဲ့ ဒုက္ခသည်တွေ ဘေးလွတ်ရာသွားလာနိုင်ပြီဆိုပေမယ့် စိုးရိမ်နေရဆဲဖြစ်တဲ့အကြောင်း ကချင်တိုင်းရင်းသားများပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ အတွင်းရေးမှူး ဂွမ်ရှာအောင်က ပြောပါတယ်။ ကိုဇော်ဝင်းလှိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေသေးတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာက အကူအညီတွေ ဆက်ပြီး ပေးသင့် မပေးသင့် ဆိုတာနဲ့ ပေးမယ်ဆိုရင် ဘယ်လိုပုံစံနဲ့ ပေးသင့်သလဲ ဆိုတာတွေကို အင်္ဂါည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
အမေရိကန်လူမျိုးတွေနဲ့ တခြားနိုင်ငံသားတွေ မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာနိုင်ငံအကြောင်း ပိုမို သိရှိစေရေးအတွက် ရည်ရွယ်ပြီး အာရှနွယ်ဖွား အမေရိကန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုအခမ်းအနားမှာ မြန်မာတွေလည်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဆင်နွဲခဲ့ကြပါတယ်။
“နိုင့်ထက်စီးနင်းနဲ့ လာပြီးတော့၊ လျော်ကြေး မညှိနှိုင်းဘဲနဲ့ လယ်မြေတွေ လာသိမ်းပိုက်ထားပြီးတော့ ခြံစည်းရိုးခတ်ထားတယ်။”
မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ရှေ့လ တွေ့ဖို့ စီစဉ်ထားတာ တကယ် ဖြစ်မဖြစ် စောင့်ကြည့်ရဦးမယ်လို့ Trump ပြောပါတယ်။ နိုင်ငံခြားရေးကျွမ်းကျင်သူတွေနဲ့ Greta Van Susteren က Plugged In အစီအစဉ်မှာ မေးမြန်းထားတာကို VOA သတင်းထောက် Robert Raffaele သတင်းပေးပို့ထားပါတယ်။ ကိုဇော်ဝင်းလှိုင်က ဆက်လက် တင်ပြပေးပါမယ်။
တနင်္လာနေ့က အစ္စရေးမှာရှိတဲ့ အမေရိကန်သံရုံးကို Tel Aviv ကနေ ဂျေရုဆလင်မြို့ကို ပြောင်းရွှေ့တဲ့အပေါ် ကန့်ကွက်သူ ပါလက်စတိုင်း အနည်းဆုံး ၅၈ ယောက် သေဆုံးပြီး ၂၇၀၀ ကျော် ဒဏ်ရာရခဲ့ပြီး နောက်တနေ့မှာ ဆက်ပြီး ဆန္ဒပြနေကြတာပါ။ Heather Murdock ဂါဇာကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
လက်နက်ကိုင်အဖွဲ့အစည်းအကြား မဆင်မချင် အင်အားသုံး လုပ်ဆောင်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရှုံးကြရသလို အိုးအိမ်မဲ့ ဖြစ်ရသူတွေလည်း အများအပြား ရှိနေတာပါ။ ပြီးခဲ့တဲ့ စနေနေ့က မူဆယ်မြို့မှာ ဖြစ်သွားခဲ့ ပစ်ခတ် တိုက်မှုဟာ အဲဒီလို မဆင်မချင် လုပ်ဆောင်မှုတွေရဲ့ သာဓကဖြစ်ပါတယ်။
“အကျိုးခံစားခွင့်ကတော့ ဘာမှသိပ်ရှိမှာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ နောက်တခုက ဒီစီမံကိန်းက မြေရောင်းစားတဲ့ပွဲကြီး ဖြစ်နေတယ်။”
လက်ရှိကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဒုက္ခသည်တွေ ဘေးကင်းရာကယ်ထုတ်ရေးအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးပါလဲ။ ဒုက္ခသည်တွေကို ကယ်ထုတ်ရေး ကချင်ပြည်နယ် အစိုးရက စေလွတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာလဲ အစောပိုင်းက တားမြစ်ခံရပြီးတဲ့နောက် ပြည်ထောင်စု ဝန်ကြီးက ကြားဝင်ဆောင်ရွက်ပေးမှ အဆင်ပြေသွားခဲ့ပါတယ်။ #VOAWOMEN
အာဖဂန်မှာ ဧပြီလ ၃၀ ရက်နေ့က အသေခံဗုံးခွဲမှုကြောင့် သတင်းထောက်တွေ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကို ကြည့်ခြင်းဖြင့် ကမ္ဘာ့သတင်းထောက်တွေအတွက် ဘယ်လောက် အန္တရာယ်ရှိတယ်ဆိုတာကို ပြသလိုက်တာပါ။ Greta Van Susteren က Plugged In အစီအစဉ်မှာ ဆွေးနွေးထားတာကို Jesuseman Oni က ရေးသားထားပြီး ကိုဇော်ဝင်းလှိုင်က တင်ဆက်ထားပါတယ်။
နာဂစ်ဒဏ် ခံခဲ့ရသူတွေအပါအဝင် မုန်တိုင်းတိုက်ခတ်ခဲ့တဲ့ ဒေသခံတွေအတွက် အစိုးရက ရင်းနှီး မတည်ငွေ ထုတ်ပေးမယ့် မြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်းလည်း ဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောပါတယ်။
လက်ရှိ ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်အမတ်တွေဟာ မိမိတို့ ကိုယ်စားပြုတဲ့ မဲဆန္ဒရှင် ပြည်သူတွေကို အမှန်တကယ် ကိုယ်စားပြုပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လုပ်ဆောင်ပေးနေကြတယ်လို့ ထင်ပါသလား။
မြန်မာနိုင်ငံမှာ အစိုးရသက်သေတွေကို အကာအကွယ်ပေးတဲ့ ဥပဒေ မရှိသေးတာကြောင့် ဒီ ဥပဒေ ပြဌာန်းသင့်၊ မသင့်ဆိုတာကို ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးထားပါတယ်။
ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံထဲက ပဋိပက္ခတွေကို ကိုယ်တိုင် လေ့လာပြီး၊ ဝိုင်းကူ ဖြေရှင်းပေးဖို့ မြန်မာနိုင်ငံကို ဧပြီလ ၂ ရက်နေ့က ရောက်လာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ဟာ ဒီကနေ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီးတချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ေ
ဒီကနေ့ ကတိသစ္စာပြုခဲ့တဲ့ နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်ရဲ့ မိန့်ခွန်းအပေါ် သူ့ရဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်၊ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ အမြင် သဘောထားတွေကိုလည်း တင်ပြထားပါတယ်။
ဒီနေ့ ကတိသစ္စာပြုခဲ့တဲ့ နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်ရဲ့ မိန့်ခွန်းအပေါ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်၊ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ အမြင် သဘောထားတွေကိုလည်း တင်ပြပေးထားပါတယ်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြောက်ခံထားရတဲ့ ဦးဝင်းမြင့်ဟာ သမ္မတသစ်အဖြစ် ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့မှာ ကတိသစ္စာပြု လိုက်ပါပြီ။ သမ္မတအဖြစ် ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းထဲမှာတော့ နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးစတဲ့ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်ချက်တွေကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့်ကို သမ္မတသစ်အဖြစ် လွှတ်တော်ကိုယ်စားလှယ် တွေက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲ ရွေးချယ်လိုက်ကြပါတယ်။ ရာထူးက အနားယူသွားတဲ့ သမ္မတ ဦးထင်ကျော် လက်ထက်အတွင်း ပြောင်းလဲမှူ တွေကို ထိရောက်စွာ ဖော်ဆောင်နိုင်ခဲ့ခြင်း မရှိတဲ့အပေါ် အားမလို အားမရဖြစ်နေချိန် အာဏာရ NLD ပါတီက ကိုယ်စားလှယ် ဦးဝင်းမြင့်ကို သမ္မတသစ်အဖြစ် ရွေးချယ်လိုက်တာလည်း ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်