ဦးဝင်းမြင့်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်
ဒီမိုကရေစီစံနှူန်းအရ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေ ရှိပေမယ့်တပ်မတော်ပြိုကွဲအောင်၊ ဂုဏ်သိက္ခာကျအောင်အခြေအမြစ်မရှိပြောဆိုရေးသားမှူတွေကို သတိတရားနဲ့ တုန့်ပြန်သွားမယ်လို့ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိူင်က တပ်မတော်နေ့ အခမ်းအနားမှာပြောကြားလိုက်ပါတယ်။ ကိုဇော်ဝင်းလှိူင်ကတင်ပြပေးပါမယ်။
တနင်္သာရီတိုင်းအတွင်းဆီအုန်းစိုက်ပျိုးခွင့်ရထားတဲ့ မြန်မာအော်တိုကော်ပိုရေးရှင်း(MAC)ဟာသူတို့ရဲ့ လုပ်ကွက်အတွင်းကသစ်ပင်တွေကိုတရားမဝင်ခုတ်ပြီး ပြည်ပကိုတင်ပို့ရောင်းချခဲ့တယ်လို့ လေ့လာစောင့်ကြည့်ရေးနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။ကိုဇော်ဝင်းလှိူင်က တင်ပြပေးပါမယ်။
တနင်္သာရီတိုင်းအတွင်း ဆီအုန်းစိုက်ပျိုးဖို့ မြေနေရာ လျှောက်ထားခဲ့တဲ့ မြန်မာအော်တိုကော်ပိုရေးရှင်း (MAC) ဟာ သူတို့အတွက် လုပ်ကွက်ချပေးလိုက်တဲ့ လုပ်ကွက်အတွင်းက သစ်ပင်တွေကို တရားမဝင်ခုတ်ပြီး ပြည်ပ နိုင်ငံတွေကို တင်ပို့ ရောင်းချခဲ့တယ်လို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
မတ်လ ၁၃ ရက်နေ့ဟာ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် ကိုဖုန်းမော် အဲဒီလို ကျဆုံးသွားခဲ့ခြင်းဟာ မြန်မာနိုင်ငံကို ၂၆ ကြာ အုပ်ချုပ်ခဲ့တဲ့ တပါတီ အာဏာရှင်စံနစ် ပြုတ်ကျသွားစေခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကို စတင်မွေးလိုက်တဲ့ သမိုင်း မှတ်တိုင် တခုဖြစ်တာကြောင့် နောင်မျိုးဆက်တွေ သိရှိနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရန်ကုန်နည်းပညာ တက္ကသိုလ်မှာ နှစ်ပတ်လည် အောက်မေ့ဘွယ် အခမ်းအနား ကျင်းပခဲ့ကြပါတယ်။
မြန်မာနိုင်ငံက ထူးချွန်တဲ့ လူငယ်တွေကို အမေရိကန်ပြည်ထောင်စုမှာ မဟာဘွဲ့နဲ့ Ph. D. ဒေါက်တာဘွဲ့တွေအတွက် သွားရောက် ပညာသင်ကြားနိုင်မယ့် MoU နားလည်မှု စာချွန်လွှာကို သောကြာနေ့က ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခမ်းမမှာ ကျင်းပခဲ့ပါတယ်။
ဒါဟာ အခွင့်အလန်းကောင်းတခုလို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ အားလုံးကလည်း ပညာရေး၊ ပညာရေးနဲ့ဆိုင်တဲ့ အခွင့်အလန်းတွေ ဖန်တီးပေးရေးအတွက် စိတ်ဝင်တစား ရှိကြပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံနောက် စစ်တပ်ကအာဏာသိမ်းပြီးတဲ့အခါ ထိုင်း၊မြန်မာ နယ်စပ်ကို တောခိုသွားသူ ငြိမ်းချမ်းရေးတေးသံရှင်လို့လည်း နာမည်တွင်တဲ့ ကိုမွန်းအောင်ဟာ အခု အမိမြေကို ပြန်လည်ရောက်ရှိနေပြီး သူချစ်မြတ်နိုးတဲ့ ဂီတ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံက ထူးချွန်တဲ့ လူငယ်တွေကို အမေရိကန်ပြည်ထောင်စုမှာ မဟာဘွဲ့နဲ့ Ph. D. ဒေါက်တာဘွဲ့တွေအတွက် သွားရောက် ပညာသင်ကြားနိုင်မယ့် MoU နားလည်မှု စာချွန်လွှာကို ဒီကနေ့ ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခမ်းမမှာ ကျင်းပခဲ့ပါတယ်။
မဇ္ဈိမရုပ်သံလိုင်း၊ Mizzima TV Channel တရားဝင် မိတ်ဆက်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၇ ရက်၊ အင်္ဂါနေ့က ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မဇ္ဈိမရုပ်သံလိုင်း၊ Mizzima TV Channel တရားဝင် မိတ်ဆက်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၇ ရက်၊ အင်္ဂါနေ့က ကျင်းပခဲ့ပါတယ်။ မြန်မာ့ရုပ်မြင်သံကြား MRTV ကတဆင့် အခမဲ့ ထုတ်လွှင့်ပေးမယ့် ဒီ ရုပ်သံလိုင်းအသစ် ၅ ခု အနေနဲ့ ဈေးကွက်ဈေးကွက်ထဲကို နောက်ကျပြီးမှ ဝင်လာတာဖြစ်တဲ့အတွက် ထိုးဖောက်ဖို့ အခက်အခဲတွေ ရှိနိုင်တယ်ဆိုတဲ့ သုံးသပ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ ဝန်ကြီးနေရာ ၂ နေရာအတွက် အစားထိုး ခန့်အပ်ဖို့ အဆိုပြုထားတဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးရဲ့ အမည်စာရင်းကို ဝန်ကြီးချုပ်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေး အစိုးရရဲ့ လုပ်ငန်းစဉ်တွေဟာ ပွင့်လင်းမြင်သာမှု မရှိသလို ဒေသခံတွေနဲ့ ညှိနှိုင်း တိုင်ပင်တာ မရှိတဲ့အတွက် စိတ်ပျက်မိကြောင်း ဘူးသီးတောင် မဲဆန္ဒနယ် ကိုယ်စားပြု ရခိုင်အမျိုးသားပါတီ လွှတ်တော်အမတ်က ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အဆင့်မြင့်ပညာ သွားရောက်သင်ကြားလိုတဲ့ မြန်မာကျောင်းသားတွေအတွက် အမေရိကန်က တက္ကသိုလ်၊ ကောလိပ်တွေရဲ့ ပညာရေးပြပွဲ ကျင်းပပေးတာဟာ အခွင့်လန်းကောင်းတခုဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောပါတယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ညီညွတ်ရေးကို ပျက်ပြားစေမယ့် ပါတီတွင်း အုပ်စုဖွဲ့တာတွေ မလုပ်ကြဖို့ ပါတီရဲ့ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေ တိကျစွာ သိရှိနိုင်ရေးအတွက် သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မီတီ ဖွဲ့စည်း စုံစမ်းဖို့နဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ပြင်ဆင်ဖို့ လိုအပ်ကြောင်း အီးယူ ဥရောပပါလီမန်က လွှတ်တော်အမတ်တွေက နေပြည်တော်မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ပင်လုံစာချုပ် ချုပ်ဆိုပြီးခဲ့တာ ၇၁ နှစ် ပြည့်သွားပေမယ့် တိုင်းရင်းသား ပြည်သူတွေနဲ့ မြေပြန့်နေ ပြည်သူတွေအကြားကွာဟချက်တွေကြီးမားစွာရှိနေဆဲလို့ တက်ကြွလှုပ်ရှားသူ တက်သစ်စတိုင်းရင်းသား လူငယ်ခေါင်းဆောင်တွေက ပြောပါတယ်။ပြည်ထောင်စုနေ့အပေါ် တိုင်းရင်းသားတွေရဲ့အမြင်ကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။
မြန်မာနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြားက ယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်အရ အမေရိကန်အခြေစိုက် Next Level - Hip Hop အဖွဲ့ဟာ တနင်္လာနေ့ညက အမေရိကန်သံအမတ်ကြီး နေအိမ်မှာ မြန်မာပရိတ်သတ်တွေကို ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။ ကိုယ်တိုင်သွားရောက်သတင်းယူထားတဲ့ ကိုဇော်ဝင်းလှိုင်ပြောပြပေးမှာပါ။
မြန်မာနိုင်ငံအတွင်း အစိုးရတာဝန်ရှိသူတွေက ဦးဆောင်ပြီး ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပဲစားပွဲတွေ ကျင်းပခဲ့ကြတာကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းက ဒီဇင်ဘာလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဂတိလိုက်စားမှုတွေကို ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ရေတို၊ ရေရှည် စီမံကိန်းချပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။ ဇန်နဝါရီလ ၂၂ ရက်ကနေ ၂၃ ရက်နေ့အထိ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ UNODC တို့ ပူးတွဲကျင်းပတဲ့ ၂ ရက်ကြာ စာတမ်းဖတ်ပွဲ နောက်ဆုံးနေ့မှာ အဲဒီလို ပြောကြားလိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်