ကပ်ရောဂါကြောင့် ကမ္ဘာတဝန်း စီးပွားရေး ကျဆင်းနေချိန်မှာပဲ အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာနေတာကြောင့် မြန်မာကျပ်ငွေနဲ့ လဲလှယ်ရာမှာလည်း သိသိသာသာ ရိုက်ခတ်လာနေတာပါ။
ကပ်ရောဂါကြုံရချိန်က စလို့ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတာကြောင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အခက်ကြုံနေရချိန်မှာပဲ အခုနောက်ထပ် မြန်မာနိုင်ငံမှာ ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် နောက်ဆက်တွဲ ပြဿနာတွေနဲ့ပါ ရင်ဆိုင်နေကြရတာပါ။
မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်နေတဲ့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်နဲ့ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ်ဟာ မြန်မာထိပ်တန်းခေါင်းဆောင်တွေနဲ့ ဒီကနေ့ပဲ တွေ့ဆုံခဲ့ပြီး နှစ် နိုင်ငံအရေးဆွေးနွေးခဲ့သလို ကိုဗစ်ကပ်ရောဂါ ကုသဆေးတွေ ပေးအပ်ခဲ့တဲ့အကြောင်း ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားပြီး လုပ်ငန်းတော်တော်များများ ရပ်ဆိုင်းထားရချိန်မှာ ချေးငွေဆပ်ဖို့ အခက်အခဲ မဖြစ်ရအောင် ချေးငွေ အရင်းနဲ့ အတိုးကောက်ယူတာတွေ ယာယီရပ်ဆိုင်းထားဖို့ ဒေသန္တရအစိုးရတွေက ညွှန်ကြားလိုက်တာပါ။
တရုတ်နိုင်ငံထုတ် တရားမဝင် ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေ မြန်မာနိုင်ငံ ဈေးကွက်ထဲ ရောက်မလာအောင် စောင့်ကြည့်စစ်ဆေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်နေတဲ့ အကြောင်း ပြောပြမှာပါ။
ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးတိုးတက်မှု ကျဆင်းခဲ့တဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်း၊ ပြည်ပက အခြေအနေတွေကြောင့် စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သတိပေးလိုက်တဲ့အပေါ် မြန်မာစီးပွားရေး ပညာရှင်တွေက ဘယ်လိုသုံးသပ်နေကြသလဲဆိုတာ ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ဗဟိုအစိုးရ ထောက်ပံ့ရေးအစီအစဉ်မှာ ကူးစက်မှုဒဏ် အဆိုးဆုံး ခံနေရတဲ့ ရန်ကုန်တိုင်း တတိုင်းတည်းမဟုတ်ပဲ စက်ရုံအလုပ်ရုံတွေ ယာယီပိတ်ထားရတဲ့ ကျန် တိုင်းနဲ့ ပြည်နယ် ဒေသတွေမှာလည်း ခံစားခွင့် ပေးဖို့ အလုပ်သမားအများစုမျှော်လင့်နေကြပါတယ်။
အလည်အပတ်လာသူတွေနဲ့ သံတမန်တွေ ပြည်ဝင်ခွင့် အပါအဝင် ဗီဇာအမျိုးအစား ၆ မျိုးနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေသူတွေကို ကပ်ရောဂါအရေးပေါ်ကာလမှာ ဆက်လက်နေထိုင်ခွင့်ပြုထားပေမဲ့ စက်တင်ဘာ ၂၆ရက်နေ့ နောက်ဆုံးထားပြီး ထပ်မံသက်တမ်းတိုးဖို့ ထိုင်းနိုင်ငံက ကြေညာထားတဲ့အတွက် မြန်မာသံရုံးကလည်း ထပ်ဆင့်သတိပေးလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ မတိုင်ခင် အင်တာနက် လူမှုကွန်ရက်တွေမှာ ပြဿနာပေါ်နိုင်မယ့် အမုန်းစကားတွေ လျှော့ချနိုင်အောင် ကြိုးပမ်းနေကြောင်း Facebook လူမှုကွန်ရက်က ကြေညာလိုက်ပေမဲ့ ဘယ်လောက်အထိ ထိရောက်မှု ရှိနိုင်မလဲ ဆိုတဲ့အပေါ်မှာ မေးခွန်းတွေ ထွက်ပေါ်နေတဲ့အကြောင်း ပြောပြပါမယ်။
ရန်ကုန်တိုင်းက စက်ရုံတွေကို မနက်ဖြန်ကစပြီး သီတင်း ၂ ပတ်ကြာ ပိတ်ထားမယ်ဖို့ အစိုးရက စီစဉ်ထားပေမဲ့ လုပ်ငန်းတွေ ရပ်နားထားချိန်မှာ အလုပ်သမားတွေရဲ့ လစာကို ဘယ်လိုပေးမလဲဆိုတဲ့ ညှိနှိုင်းမှုတွေ အဖြေမထွက်သေးတဲ့အကြောင်း ပြောပြမှာပါ။
သီတင်းတပတ်ကြာ အသွားအလာ ကန့်သတ်ထားတဲ့ တရုတ်ရွှေလီမြို့ကို မနေ့က ညပိုင်းက ဖြေလျှော့လိုက်သလို မူဆယ်နယ်စပ် အကောက်ခွန်ဂိတ်ကိုလည်း တရုတ်နိုင်ငံက ဒီနေ့ပဲပြန်ဖွင့်လိုက်တာကြောင့် နှစ် နိုင်ငံက ကုန်ကားတွေ အပြန်အလှန်ဝင်ထွက်နေကြပါပြီ။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ အိမ်ပြင်မထွက်ရ အမိန့်ထုတ်လိုက်သလို စက်မှုဇုန်တွေက လုပ်ငန်းတွေကိုလည်း ယာယီပိတ်ဖို့ စီစဉ်နေတာပါ။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ ရောဂါပိုးစစ်ဆေးမှုတွေ၊ တတ်နိုင်သမျှ အိမ်ပြင်မထွက်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားသလို၊ နယ်စပ်အဝင်အထွက်တွေကိုလည်း ထိန်းချုပ်လိုက်တာကြောင့် ကုန်သွယ်မှုတွေမှာပါ ရိုက်ခတ်လာခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်တွေ တိုးတက်မှုရှိလာတာ မှန်ပေမဲ့ လူကုန်ကူးခံရတဲ့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေကို ဥပဒေအရ အကာအကွယ်ပေးနိုင်တာမှာ အားနည်းနေသေးတယ်လို့ အမေရိကန်သံရုံးက စီစဉ်တဲ့ ဒီကနေ့ အွန်လိုင်း ဆွေးနွေးပွဲမှာ ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ရောက် မြန်မာနိုင်ငံသား နှစ် ယောက်မှာ ကိုဗစ်ရောဂါစစ်ဆေး တွေ့ရှိခဲ့တာကြောင့် ကူးစက်မှုတွေကို ထိန်းချုပ်တဲ့ အနေနဲ့ မြို့အဝင်အထွက်နဲ့ အသွားအလာတွေကို ကန့်သတ်လိုက်တဲ့အကြောင်း ပြောပြပါမယ်။
တရုတ်နိုင်ငံ ရွှေလီမြို့ရောက် မြန်မာနိုင်ငံသား ၂ ယောက်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်း တရုတ်ကျန်းမာရေးဌာနက အတည်ပြုလိုက်ပြီးနောက် မြို့တွင်းမှာ ကျန်းမာရေးစစ်ဆေးမှုတွေ စတင်နေပါတယ်။
စက်ရုံတွေမှာ ကိုဗစ်အတည်ပြုလူနာတွေ ရှိလာလို့ စက်ရုံတွေ ပြန်ပိတ်ရေး ဆွေးနွေးကြတာမှာ အဖြေမထွက်သေးဘဲ သေချာပြန်ဆွေးနွေးပြီးမှ ပိတ်သင့်၊ မပိတ်သင့်ဆိုတာ ဆုံးဖြတ်သွားမယ်လို့ အစိုးရဘက်ကပြောပါတယ်။
မြန်မာပြည်တွင်း COVID-19 အတည်ပြုလူနာ မြန်မြန်ဆန်ဆန်တိုးလာသလို သေဆုံးသူတွေ ထပ်ရှိလာတဲ့အချိန် တရုတ်ဘက်က မြန်မာနဲ့ထိစပ်နေတဲ့ ရွှေလီမြို့ထဲမှာ လုံခြုံရေးတိုးမြှင့်ထားပြီး စစ်ဆေးမှုတွေလည်း ပိုပြီးလုပ်ဆောင်နေတဲ့အကြောင်း ပြောပြပေးပါမယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေ စလုပ်ခွင့်ရတဲ့ ဒီနေ့ စက်တင်ဘာ ၈ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကပ်ရောဂါ ညွှန်ကြားချက်၊ ကန့်သတ်ချက်တွေနဲ့ ပါတီတွေဘယ်လိုမဲဆွယ်ကြပါလဲ၊ သူတို့ပြောပြတဲ့ အခြေအနေကို ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်တဲ့အခါ လိုက်နာရမယ့် စည်းကမ်းတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ COVID ကပ်ရောဂါ ကာကွယ်ရေး ကန့်သတ်ချက်တွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအတွက် တကယ်တမ်းမြေပြင်မှာ စည်းရုံးရေးလုပ်ငန်းတွေဟာ ခက်ခဲကြောင်း ပါတီတချို့က ဝေဖန်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်