သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှည်းကူး Eco Green City စီမံကိန်း ဝေဖန်ခံနေရ


လှည်းကူး Eco Green City စီမံကိန်း
လှည်းကူး Eco Green City စီမံကိန်း

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်မှ ာအကောင်အထည်ဖော်မယ့်Eco Green City စီမံကိန်းဟာ ကာလရှည်ကြာနေပြီဖြစ်သလိုလူထုကို အသိပေးချုပ်ဆိုထားတဲ့ သဘောတူညီချက်မဟုတ်လို့ပွင့်လင်းမြင်သာတဲ့စီမံကိန်းမဟုတ်ဘူးလို့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အရပ်ဘက်အဖွဲ့အစည်းတွေကဝေဖန်နေကြပါတယ်။ အစိုးရနဲ့ကုမ္ပဏီကြား အကျိုးအမြတ်ခွဲဝေတာကလည်းပွင့်လင်းမြင်သာမှု မရှိဘူးလို့ထောက်ပြကြပါတယ်။ ဒီအကြောင်းဗွီအိုအေမြန်မာပိုင်းသတင်းထောက်ကိုဇော်ထက်ရန်ကုန်မြို့ကနေသတင်းပေးပို့ထားပါတယ်။

ရန်ကုန်တိုင်းလှည်းကူးမြို့နယ် ကမြေဧက၁၀၀၀ကျော်ပေါ်မှာဆောက်လုပ်မယ့် Eco Green City မြို့ပြစီမံကိန်းကိုသမ္မတဦးသိန်းစိန်အစိုးရသက်တမ်းကုန်ခါနီးရက်ပိုင်းအလိုမှာအတည်ပြုချပေးသွားတာပါ။ ဒါပေမဲ့စီမံကိန်းကို အခုချိန်ထိအကောင်အထည်ဖော်စတင်တာမရှိသေးသလို အကျိုးအမြတ်ခွဲဝေမှုကိုလည် းရှင်းရှင်းလင်းလင်း မသိရတာကြောင့်ပွင့်လင်းမြင်သာတဲ့စီမံကိန်းမဟုတ်ဘူးလို့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင် ကပြောပါတယ်။

ဒါအပြင်ဒီစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ခွင့်ပြုချက်နဲ့တင်လုပ်လို့မရဘဲလွှတ်တော်ရဲ့အဆုံးအဖြတ်လိုအပ်သလို နှစ်ဘက်သဘောတူထားတဲ့သက်တမ်းကာလကလည်းကျော်နေပြီဖြစ်လို့ဆက်ပြီးလုပ်ခွင့်မရှိတော့ကြောင်းဒေါ်ခင်စန်းလှိုင်ကပြောပါတယ်။

“ဝန်ကြီးဌာနကကုမ္ပဏီကိုပေးလုပ်ခိုင်းမယ်ဆိုရင်လည် းဝန်ကြီးဌာနအနေနဲ့နိုင်ငံတော်ကိုတင်ပြပေးရမယ့်အပိုင်းဖြစ်တယ် ။နောက်တစ်ခုကကုမ္ပဏီ နဲ့ဝန်ကြီးဌာနဲ့လည်းဘယ်လိုအကျိုးတူပူးပေါင်းထားလဲဆိုတဲ့ ကိစ္စမှာသူတို့ကတော့စတင်ချိန်တုန်းကမီဒီယာတွေနဲ့ခေါ်ပြီးတော့ ရှင်းပြပြီးပြီလို့ပြောပေမဲ့ ဒီနေ့အထိ အချိုးကို ကုမ္ပဏီကဘယ်လောက်ရမယ်နိုင်ငံတော်ဘက်က ဘယ်လောကရမယ်ဆိုတဲ့အကျိုးအမြတ်တွေကိုလည်းသေသေချာချာခွဲဝေထားတာမျိုးမရှိသေးသလိုဒီစာချုပ် ကလည်းပြောရမယ်ဆိုရင်ရှေ့နေချုပ်ဆီကိုလည်းရောက်ပြီးမှရှေ့နေချုပ် ကနေခွင့်ပြုပြီးသဘောတူတရားဝင်ချုပ်ဆိုထားတဲ့စာချုပ်မျိုးလည်းမဟုတ်ဘူး။ ကျွန်မတို့ဒီစာချုပ်ဟောင်းချုပ်ပြီး ထားတာကိုကြည့်ရတာ ကိုကပြောရမယ်ဆိုရင်ဒီစာချုပ်ချုပ်ပြီးခြောက်လအတွင်းမှာလုပ်ငန်းကိုအကောင်အထည်ဖော်ရလိမ့်မယ်လို့ပါတယ်။နှစ်နှစ်ခွဲကျော်ကျော်သုံးနှစ်နီးပါးရှိလာတဲ့ အချိန်အထိဒီလုပ်ငန်းတွေကိုအကောင် အထည်အဖော်နိုင်သေးတာ ဆိုတဲ့အခါကျတော့ နဂိုမူလစာချုပ်ကပျက်ပြယ်နေပြီ။ဒုတိယစာချုပ်ကိုလည်း ထပ်ပြီးမချုပ်နိုင်ဘူး ။နောက်ပြည်သူလူထုကိုလည် းပွင့်လင်းမြင်သာချပြထားတာလည်းမရှိဘူ း။နောက်တစ်ခုအဆိုးဆုံးကတော့ ဒီလိုကြီးကျယ်တဲ့စီမံကိန်းတစ်ခုကိုဝန်ကြီးဌာနက လုပ်မယ်ဆိုရင်လည်းလွှတ်တော်က ခွင့်ပြုချက်ရမှလုပ်ရမှာဖြစ်လို့ဆိုလိုတာက ဒါကလေစတင်ကတည်းက လွဲနေတာပေါ့။ အခုအချိန်အထိဆက်တိုက်လွဲလာတဲ့အခါကျတော့ဒါကိုကျွန်မတို့က ပွင့်လင်းမြင်သာဖြစ်စေချင်တယ်။”

နိုင်ငံတော်က ကျပ်ငွေ၄၂.၇၃ဘီလီယံ အကျိုးအမြတ်ရမယ်လို့ပြောတဲ့ ဒီEco Green City စီမံကိန်းကို လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမဘေးက နိုင်ငံပိုင်မြေ၁၄၅၃ဧကပေါ် မှာဆောက်လုပ်ရေးဝန်ကြီးဌာန ၊မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့Alliance Stars ကုမ္ပဏီအုပ်စု တို့ပူးပေါင်းအကောင် အထည်ဖော်ဖို့ သဘောတူထားတာပါ။

ဒီကိစ္စနဲ့ပတ်သတ်ပြီးပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့နိုဝင်ဘာလ၁၃ရက်က လွှတ်တော်ကိုယ်စားလှယ်တွေကနေမေးခွန်း ထုတ်ကြတာ မှာဆောက်လုပ်ရေးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်လင်းက ဆက်လုပ်သွားဖို့အစီအစဉ်ရှိတဲ့အကြောင်းပြန်ဖြေသွားပါတယ်။

မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာက ဒုတိယညွှန်ကြားရေးမှူးချုပ်ကို ဗွီအိုအေကဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်းဖြေဆို ဖို့ငြင်းပါတယ်။

စီမံကိန်းတွေနဲ့ ပတ်သတ်ပြီးရန်ကုန်တိုင်းအစိုးရ ဒါမှမဟုတ်ရင်ပြည်ထောင်စုအစိုးရမှာ လွဲမှားနေတာတချို့ရှိနိုင်ကြောင်း ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ တည်ထောင်သူဒေါက်တာညိုညိုသင်းကပြောပါတယ်။

“အဲဒီစီမံကိန်းက ပွင့်လင်းမြင်သာမှုမရှိတာတော့အမှန်ပဲပေါ့အဲဒါတော့ ကျွန်မတို့အတည်ပြု နိုင်ပါတယ်။နောက်နှစ်စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဒါတွေက ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖြစ်ဖြစ်ပြည်ထောင်စု စာရင်းစစ်ချုပ် အစီရင်ခံစာမှာဖြစ်ဖြစ်ပေါ်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့အနေနဲ့တော့ အဲဒီအချိန်ကျလို့ရှိရင်လည်း လွဲမှားမှုတွေ အားနည်းချက်တွေရှိတယ်ဆိုရင်လည်း အချိန်တန်ရင်ပေါ်လာမှာပဲ လို့သုံးသပ်ပါတယ်။”

ဒီမြို့ပြစီမံကိန်းမှ ာဟိုတယ်တွေ၊ တန်ဖိုးသင့်အိမ်ရာတွေ၊ လုံးချင်းအိမ်ရာနဲ့ကျောင်းတွေ၊ တက္ကသိုလ်တွေ အားကစားနဲ့ဆေးရုံတွေ အပါအဝင်ဈေးရုံတွေနဲ့အစိုးရဌာနဆိုင်ရာ ရုံးခန်းတွေပါ ထည့်သွင်းတည်ဆောက်သွားမယ် လို့ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG