အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မြန်မာအစိုးရကသတ်မှတ်ထားတဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့အတွက် ရန်ပုံငွေစုဆောင်းတယ်၊ စည်းရုံးလှုပ်ရှားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံသားအချို့ကို စင်္ကာပူနိုင်ငံက အရေးယူဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ UNESCO ကမ္ဘာ့အမွေအနှစ်အဖြစ် ဇူလိုင် ၆ ရက်မှာ သတ်မှတ်ခံရပြီး အဲဒီနောက်မှာ တွေ့ရမယ့် စိန်ခေါ်မှုတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့လိုကြောင်း ခရီးသွားလုပ်ငန်းမှာ ပါဝင် ပတ်သက်သူတွေက ပြောလိုက်ပါတယ်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ဆက်စပ်စီမံကိန်းတွေရဲ့ အကျိုးဆက်တွေကို အစိုးရက သေချာပြန်လေ့လာဖို့နဲ့ တရုတ်ကုမ္ပဏီရဲ့ အကြီးစားရင်းနှီး မြှုပ်နှံတာတွေကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ မမျှော်လင့်ကြောင်း ရခိုင် အရပ်ဘက်အဖွဲ့တွေက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းစွန်း ပူတာအိုခရိုင်ထဲမှာ ဓာတ်သတ္ထုစမ်းသပ်ပြီး တူးဖော်ထုတ်လုပ်ဖို့ ကုမ္ပဏီကြီး ၂ခုက ပြည်ထောင်စုအစိုးရဆီကို မကြာသေးခင်ကလျှောက်ထားလာတဲ့အတွက် ဒေသခံတွေရဲ့စိုးရိမ်မှုရှိနေပါတယ်။
ရခိုင်ပြည်နယ်တွင်း စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်နေပြီး၊ တချို့နေရာတွေ အရေးပေါ် ပြောင်းရွှေ့ရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ဒီအတွက် ခရီးလမ်းပမ်း အလှမ်းဝေးတဲ့ ဒုက္ခသည်စခန်းတွေအဖို့ ပိုပြိး စိုးရိမ်စရာတွေရှိနေတယ်လို့ ဒေသခံ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲက ပယင်းလုပ်ကွက် ဧက ၇၀၀၀ လောက်မှာ ဒေသခံတွေ တနိုင်တပိုင်တူးဖော်ဖို့ ပြည်နယ်အစိုးရခွင့်ပြုချက်နဲ့ လုပ်ခွင့် ချပေးတော့မှာပါ။
သန့်ရှင်းမှုမရှိလို့ ခရီးသွားတွေဝေဖန်ခဲ့တဲ့ ချောင်းသားကမ်းခြေကို အရပ်ဘက် အဖွဲ့အစည်းနဲ့ တိုင်းအစိုးရပူးပေါင်းဆောင်နေပြီး အိမ်နီးချင်းနိုင်ငံတွေက ကမ်းခြေတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ရေရှည်ထိန်းသိမ်းမှုအပိုင်းမှာ အားနည်းနေသေးတယ်လို့ ပြောပါတယ်။ ကိုဇော်ထက်က ပြောပြပေးမှာပါ။
ဒီနေ့ကျရောက်တဲ့ ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ကို ရန်ကုန်နဲ့ မြို့ကြီးတချို့မှာကျင်းပခဲ့ပြီး သိမ်းမိတဲ့ မူးယစ်ဆေးမျိုးစုံကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ရန်ကုန်မှာ လုပ်တဲ့ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲက ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်ကို လူထုဆန္ဒမပါဘဲ ဆောက်ခဲ့တဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးကို နိုင်ငံရေးရာဇဝတ်ကောင်တွေ၊ အမျိုးသား သစ္စာဖောက်တွေလို့ ရေးသား ကြေညာချက်ထုတ်ခဲ့လို့ တရားစွဲခံထားရတဲ့ ကရင်နီလူငယ်တွေဟာ ဒီနေ့ ဇွန်လ ၂၁ရက်မှာ ကိုယ်တိုင်သွားရောက် အဖမ်းခံလိုက်ပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ ကမ္ဘာရွှေဈေးရုတ်တရက် တက်သွားလို့ ကမ္ဘာ့ရွှေဈေးနဲ့ချိတ်ဆက်ထားတဲ့ ပြည်တွင်းဈေးကွက်မှာလည်း ရွှေတကျပ်သားကို ကျပ် ၁၁သိန်းဖြစ်သွားပါတယ်။ ဒါဟာ မြန်မာ့ဈေးကွက်မှာ ပထမဦးဆုံး အမြင့်ဆုံးစံချိန်ဖြစ်တယ်လို့ ပြည်တွင်းရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
ကမ္ဘာ့ဘဏ် အစီရင်ခံစာ ထုတ်ပြန်တဲ့ အခန်းအနားမှာပဲ လုပ်ငန်းရှင်တွေနဲ့ ကျွမ်းကျင်သူတွေကလည်း မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှုတွေကို သတိပေးခဲ့ကြတာပါ။
စီမံကိန်းအတွက် လျာထားတဲ့ မြေယာ ပြဿနာတွေမှာလည်း မြေဝယ်ထားတဲ့သူရော လျှော်ကြေးပေးပြီး ဖယ်ရှားခံရတဲ့ ဒေသခံတွေရော နှစ်ဘက်နစ်နာမှု မရှိအောင် ဥပဒေအတိုင်း ဆောင်ရွက်သွားသင့်တယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တဦးက ပြောပါတယ်။
မြို့ပြဖြစ်ထွန်းမှုတိုးတက်လာတဲ့ မြန်မာနိုင်ငံမှာ မြို့ပြတွေကို စနစ်တကျချဲ့ထွင်မှု မလုပ်နိုင်ရင် သဘာ၀ ညစ်ညမ်းမှုတွေ လူဦးရေ ထူထပ်မှုတွေနဲ့ အတူ လူတန်းစား ကွာဟမှုတွေနဲ့ ဖွံ့ ဖြိုးမှုကိုပါ ထိခိုက်လာနိုင်တယ် လို့ ကမ္ဘာ့ဘဏ်က သတိပေးလိုက်သလို၊ မြို့ပြပညာရှင်တွေကလည်း ဒီအချက်ကို ထောက်ပြနေပါတယ်။
ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေ ပါတီတခုတည်းအဖြစ်ပေါင်းစည်းတာ၊ ပြည်နယ်ကိုယ်စားပြုပါတီဖြစ်ဖို့ ကြိုးပမ်းလာ တာတွေဟာ လက်ရှိနိုင်ငံရေးအခြေအနေအရ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဖြစ်တယ်လို့ တိုင်းရင်းသားပါတီတချို့က ပြောပါတယ်။
အခုလာမယ့်အောက်တိုဘာ ၁ရက်ကစပြီး ဥရောပခြောက်နိုင်ငံကလာမယ့် ခရီးသွားတွေအတွက် ဆိုက်ရောက်ဗီဇာထုတ်ပေးတော့မှာဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အရာရှိတဦးကပြောလိုက်ပါတယ်။
တရုတ်ယူနန်ပြည်နယ်အစိုးရနောက်ခံ ကုမ္ပဏီတခုဖြစ်တဲ့ ရွှေချိုက်ကုမ္ပဏီက မူဆယ်ကုန်စည်ဒိုင် အများပိုင်ကုမ္ပဏီဆီကနေ ဆန်တန်ချိန် ၁၀,၀၀၀ စပြီးဝယ်ယူဖို့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံကို လာရောက်နေကြတဲ့ တရုတ်နိုင်ငံသား ခရီးသွားတွေဟာ ပြည်တွင်းမှာ တရားဝင် ခွင့်ပြုမထားတဲ့ WeChat Pay လို့ခေါ်တဲ့ အွန်လိုင်းငွေပေးချေစနစ်ကို အသုံးပြုနေတာကြောင့် ခရီးသွားလုပ်ငန်းမှာ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံရမှာကို ပြည်တွင်းက လုပ်ငန်းရှင်တွေ စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့နှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရန်ကုန်တိုင်းဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟာ ဥပဒေနဲ့မညီတဲ့ မဲဆွယ်စည်းရုံးမှုတွေလုပ်ခဲ့တယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပြန်ရုပ်သိမ်းလိုက်ပါတယ်။
အစိုးရတာဝန်ရှိသူတွေ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းရှင်တွေ ပါဝင်တဲ့ ကျောက်မျက်ကဏ္ဍ မူဝါဒအထောက်အကူပြုကော်မတီဟာ ကျောက်မျက်မူဝါဒ ပေါ်ထွက်လာဖို့ အမေရိကန်အစိုးရရဲ့ကူညီထောက်ပံ့ပေးမှုနဲ့ မြစ်ကြီးနား၊ မုံရွာ၊ မန္တလေး၊ မိုးကုတ် စတဲ့ မြို့တွေမှာ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။
လူမျိုးသာသာပေါင်းစုံပါဝင်တဲ့ Social Alliance ခေါ် လူထုမဟာမိတ်အဖွဲ့ က ဦးဆောင်ပြီး၊ အစ္စလာမ်ဘာသာဝင်တို့ရဲ့ Ramadan ဝါရှောင်ကာလမှာ၊ စုပေါင်းဝါဖြေ စတုဒီသာလှူဒါန်းပွဲတရပ်ကို ရန်ကုန် မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ စတုဒီသာလှူဒါန်းပွဲကို သွားရောက်သတင်းယူခဲ့တဲ့ ကိုဇော်ထက်က တင်ပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်