ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း နိုဝင်ဘာ ၂၆ ရက်က မြေမြှုပ်မိုင်းထိပြီး သေဆုံးခဲ့တဲ့ ဂျာမနီနိုင်ငံသားအတွက် ဝမ်းနည်းကြောင်း ဂျာမနီသံရုံးက ထုတ်ပြန်သလို ဂျာမနီသံအမတ်ကြီး ကိုယ်တိုင်လည်း သေဆုံးသူကို သင်္ဂြိုဟ်ဖို့ ရှမ်းပြည်နယ်ကို ရောက်ရှိနေပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါအတွက် ဆေးကုသမှုခံယူနေရတာကြောင့် အစိုးရတာဝန်တွေနဲ့ ပါတီလုပ်ငန်းတွေကို ခေတ္တရပ်နားထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ တာဝန်ရှိသူက ပြောလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မတော်နဲ့ တအောန်းလက်နက်ကိုင် TNLA တို့ ထိတွေ့တိုက်ခိုက်မှုတွေရှိနေတဲ့ ကျောက်မဲမြို့နယ်တဝိုက်က ကျေးရွာဒေသခံ ၁,၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီနေ့ မိုင်းငေါ့ကျေးရွာ အုပ်စုနားက ခုံငင်းကျေးရွာထဲကို လက်နက်ကြီးကျည်ဆံတွေကျရောက် ပေါက်ကွဲခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ စစ်ရှောင်တွေကိစ္စ အပါအဝင် ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးသွားတဲ့သူတွေ အရေးကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Burgener ကပြောကြားလိုက်တာပါ။
ဒီမိုကရေစီအရေးအတွက် အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းကျနေစဉ်ကာလမှာ စစ်အစိုးရရဲ့ ညှဉ်ပန်း၊ နှိပ်စက်မှုတွေ ခံခဲ့ရသလို ဒီနေ့အချိန်အထိလည်း အကျဉ်းထောင်တွေမှာ ဆက်ပြီး ဖြစ်ပွားနေတယ်လို့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အတွေ့အကြုံတွေကို ပြုစုခဲ့တဲ့ သုတေသနစစ်တမ်းမှာဖော်ပြထားပါတယ်။
အမေရိကန်သံရုံးနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး အားကစားအခြေပြု မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေး အစီအစဉ်ဖြစ်တဲ့ Community Champion ဘောလုံးလေ့ကျင့်ရေး အစီအစဉ် တခုကို ဒီနေ့စတင်လိုက်ပြီဖြစ်ပါတယ်။
အမေရိကန်သံရုံးနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး အားကစားအခြေပြု မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေးတဲ့ Community Champion ဘောလုံးလေ့ကျင့်ရေး အစီအစဉ်တခုကို ဒီကနေ့စတင်လိုက်ပါတယ်။ ရန်ကုန်မြို့ အမျိုးသားဘောလုံးအကယ်ဒမီမှာလုပ်တဲ့ အစီအစဉ်မိတ်ဆက်ပွဲအကြောင်း ကိုဇော်ထက်က တင်ပြထားပါတယ်။
အများပြည်သူနဲ့ ထိတွေ့ဆက်ဆံမှုများတဲ့ အစိုးရဌာန ၂၉ ကျော်မှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့တွေဖွဲ့ပြီး လုပ်ဆောင်နေပေမယ့်လည်း ထိထိရောက်ရောက် အရေးယူမှုတွေ လိုအပ်နေဆဲဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်နဲ့ ကျောက်မဲအနားတဝိုက်မှာ တပ်မတော်နဲ့ တအောန်းလက်နက်ကိုင်အဖွဲ့ TNLA တပ်တွေ ဒီနေ့တနေ့လုံးနီးပါး နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာမကြာသေးခင်က စိုက်ထူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ရွှေ့ပြောင်းပေးဖို့ ဦးဆောင်ပါဝင်ခဲ့ပြီး အစိုးရကိုလည်း ဝေဖန်ထောက်ပြခဲ့တဲ့ ကရင်နီလူငယ်ခေါင်းဆောင် ၆ယောက်ကို မြို့နယ် တရားရုံးက ဒီနေ့ နိုဝင်ဘာလ ၇ရက်မှာ အလုပ်နဲ့ ထောင်ဒဏ် ၆လ ချမှတ်လိုက်ပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဆက်စပ်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID က ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အကြံပေးချက်တွေရယူပြီး စီမံကိန်းရေးဆွဲဖို့ ပြင်ဆင်နေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် အထိနာခဲ့တဲ့ မူဆယ်နယ်စပ် ကုန်သွယ်ရေးဟာ ပုံမှန်ပြန်ဖြစ်လာပေမဲ့ တရုတ်နိုင်ငံက မြန်မာသွင်းကုန်တွေကို ကန့်သတ်လာတာ၊ ဈေးကစားတာတွေကြောင့် ကုန်သွယ်ရေး မညီမျှမှုတွေဖြစ်နေကြောင်း မူဆည်ကုန်သည်တွေက ပြောပါတယ်။
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်က တီကျစ် ကျောက်မီးသွေးစက်ရုံကို ပြည်နယ်အစိုးရက မကြာသေးခင်က သုံးနှစ်သက်တမ်း ထပ်တိုးပေးလိုက်လို့ ဒေသခံအင်အား ၁၀၀၀ ကျော်က ဒီနေ့ ဆန္ဒထုတ်ဖော် ကန့်ကွက်လိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင် အာရှနိုင်ငံများအသင်း ASEAN ရဲ့ ၃၅ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတက်ဖို့ မနက်ဖြန်မှာ ထွက်ခွာတော့မှာပါ။
ချင်းပြည်နယ်အတွက် အခြေခံကျောင်းဆရာ၊ ဆရာမ စုစုပေါင်း ၄၀၀၀ လောက် လိုအပ်ချက် ရှိနေပါတယ်။ လက်ရှိမှာ ပြည်နယ်အစိုးရက ဒါကိုဖြည့်ဆည်းနိုင်ဖို့ နေ့စားလပေး ကျောင်းဆရာနဲ့ လုပ်အားပေးကျောင်းဆရာတွေ ခေါ်ယူဖြည့်တင်းနေရကြောင်း ချင်းပြည်နယ် အစိုးရနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကပြောလိုက်ပါတယ်။
စာရေးဆရာ ဗန်းမော်တင်အောင်ဟာ စာဖတ်ပရိတ်သတ်တွေနဲ့ လူငယ်တွေအကြား မျိုးချစ်စိတ် ရှင်သန်ကြီးထွားလာအောင် စာပေတွေကတဆင့် ကြိုးစားဆောင်ရွက်ခဲ့တယ်လို့ သူ့ကိုချစ်ခင်လေးစားတဲ့ စာပေအသိုင်းအဝိုင်းက ပြောပါတယ်။ ဒီနေ့ကျင်းပတဲ့ ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၄၁ နှစ်ပြည့် အခမ်းအနားအကြောင်း ကိုဇော်ထက်က တင်ပြထားပါတယ်။
မွန်ပြည်သစ်ပါတီ NMSP နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ ကြား နယ်မြေအငြင်းပွားမှုကြောင့် ဒီနေ့ မွန်ပြည်နယ် တပ်မဟာ (၅) ရှိတဲ့ နေရာမှာ နှစ်ဘက် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။
အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ USAID ရဲ့ ကူညီပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံဟာ ASEAN Single Window အာဆီယံနိုင်ငံတွေအချင်းချင်း ကုန်သွယ်ရေးကြားခံစနစ်မှာ ပါဝင်လာပါတော့မယ်။ ကုန်သွယ်ရေးကိစ္စတွေ ပိုမိုမြန်ဆန်ချောမွေ့အောင် ဆောင်ရွက်တဲ့စနစ်ဖြစ်ပါတယ်။ ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။
USAID ရဲ့ ကူညီ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေ အချင်းချင်း ကုန်သွယ်ရေးကြားခံစနစ် ASEAN Single Window လို့ခေါ်တဲ့ အီလက်ထရောနစ် ကွန်ရက်စနစ်ကိုသုံးပြီး ကုန်သွယ်ရေးဆိုင်ရာ စာရွက်စာတမ်း၊ အချက်အလက်တွေကို အပေးအယူလုပ်တဲ့စနစ်ထဲ ပါဝင်လာတော့မှာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေတဲ့ ဒုက္ခသည်တွေထဲက မြန်မာနိုင်ငံကိုပြန်ပို့မယ့် အရေအတွက် ငါးသောင်းပါတဲ့ စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာအစိုးရကို မနေ့က ပေးပို့ထားပြီး ဒါက တတိယအကြိမ်မြောက် ပေးပို့တာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်