အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ဒေသတချို့မှာ ကုန်ပစ္စည်း ရှားပါးမှုတွေနဲ့ ကြုံနေရပါတယ်။ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ကြုံနေရချိန်မှာ ကုန်သည်တွေ ဈေးတင်မရောင်းကြဖို့လည်း ကူညီကယ်ဆယ်ရေး အဖွဲ့တွေ တိုက်တွန်းနေပါတယ်။
မြန်မာနိုင်ငံတွင်း မုန်တိုင်းအန္တရာယ် ကျော်လွန်ပြီးချိန် ဖြစ်ပေမယ့် မုန်တိုင်းရဲ့အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်း ကျရောက်ပြီး၊ လှိုင်းကြီးနိုင်လို့ ပင်လယ်ပြင်ခရီး မထွက်ကြဖို့ကို မိုးလေဝသနဲ့ ဇလဗေဒဌာနက ပြောပါတယ်။
"မုန်တိုင်းလမ်းကြောင်း ဆက်လက် တည်ရှိနေတဲ့အကြွင်းအကျန်...မုန်တိုင်းအရှိန်တွေက ဆက်လက် သွားအုံးမှာဖြစ်တဲ့အတွက်ကြောင့် အဲဒီနေရာတွေမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ မုန်တိုင်းဖြတ်ပြီးသွားလို့ရှိရင် မုန်တိုင်းရဲ့အရှိန်တွေက ဆက်လက် ရှိနေအုံးမှာဖြစ်တဲ့အတွက် ဒါလေးသတိပြုဖို့ လိုအပ်ပါတယ်။" (ဦးလှထွန်း-မိုးဇလ ညွှန်မှူး)
စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေလည်း နေရပ်စွန့် တိမ်းရှောင်နေကြရတာပါ။
ရိုဟင်ဂျာတို့အိမ်ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ကြား အပြန်အလှန်စီစဉ်နေပေမဲ့ အခုချိန်အထိ မသေချာမရေရာသေးတဲ့အခြေအနေအထားတွေအပေါ် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ သဘောထား စိုးရိမ်ချက်တွေနဲ့ပတ်သက်လို့ ဒုက္ခသည်စခန်းက ကိုအောင်မြိုင်ကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ ICJ မှာ ဂမ်ဘီယာက တရားစွဲထားတာကို စစ်ကောင်စီဘက်က ခုခံချေပရမယ့်ရက် တိုးတောင်းတာဟာ သပ်သပ်အချိန်ဆွဲတာ ဖြစ်တယ်လို့ မြန်မာ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုက ပြောသွားပါတယ်။ မဆုမွန် ဆက်သွယ် မေးမြန်းထားပါတယ်။
ခံဝန်လက်မှတ်နဲ့ လွှတ်ပေးတာဖြစ်ပြီး အများစုဟာ ထောင်ထဲမှာ လွတ်ရက်နီးသူတွေဖြစ်တယ်လို့ ပြန်လွတ်လာသူတွေနဲ့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်သူတွေက ပြောပါတယ်။
ပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားကူးစက်မှု ဧပြီလဆန်းကစပြီး မြင့်တက်လာတာကနေ သင်္ကြန်ပြီးနောက်ပိုင်း အတည်ပြုလူနာဦးရေဟာ တစထက်တစ တိုးလာနေတာပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုဟာ နေ့စဥ်နီးပါး ၁၀၀ ဝန်းကျင်အထိ ရှိလာပါတယ်။
ရိုဟင်ဂျာတွေအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းဘက်က လူသားချင်းစာနာမှု အကူအညီပေးရေး ဆောင်ရွက်မှုတွေ ပိုတိုး လုပ်ဆောင်ပေးပါလို့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုက တောင်းဆိုလိုက်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က မဝေဝေနု ကိုဆက်သွယ်မေးမြန်းထားပါတယ်။
ယူကရိန်းကို ရုရှားကျူး ကျော်စစ်စခဲ့တဲ့ အချိန်တုန်းက Lviv မြို့ ဆေးတက္ကသိုလ်မှာ တက်နေကြတဲ့ အိန္ဒိယက ကျောင်းသားတွေ ရှိပါတယ်။ ရွေးချယ်စရာအခြေအနေ နည်းပါးတဲ့ သူတို့အတွက် အခု စစ်ပွဲတနှစ်ကျော်လာတဲ့ အချိန်မှာ ဆေးပညာဆက်သင်ဖို့ ယူကရိန်းကို ပြန်လာကြတဲ့ အကြောင်း အေပီသတင်းကို အခြေခံပြီး မဆုမွန် ပြောပြပေးပါမယ်။
ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတော်တော်များများဟာ လုံခြုံရေးစိုးရိမ်မှုကြောင့် အခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။ တိုက်ခိုက်မှုတွေနဲ့ မိုင်းအန္တရာယ်တွေ ရှိနေတာကြောင့် နေရပ်မပြန်နိုင်ပဲ လနဲ့ချီ တိမ်းရှောင်နေရတာကြောင့် စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲတွေလည်း ပိုများလာနေပါတယ်။
ရှမ်းပြည်နယ်မှာ လေကြောင်းအပါအဝင် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေအတွင်း အရပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မိုးဗြဲနဲ့ ဖယ်ခုံမြိုနယ်မှာ ဒီရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ဆက်လက် တိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ အများအပြား သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို ဒီနေ့လည်း နောက်ထပ် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံကာကွယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။
ကလေးမြို့တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ ထိတွေ့ တိုက်ပွဲဖြစ်နေတာကြောင့် နီးစပ်ရာ ကျေးရွာ ၂ ရွာက ဒေသခံ ၃,၀၀၀ ဝန်းကျင်လောက် တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတာကြောင့် ရိက္ခာနဲ့ မိုးကာတဲတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ တွဲဖက်တာဝန်ခံ က ပြောပြပါတယ်။
စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ရှမ်း-ကယားဘက်က အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ စားရေးသောက်ရေးနဲ့ သောက်သုံးရေ အခက်အခဲဖြစ်နေကြတယ်လို့ စစ်ရှောင်တွေက ပြောဆိုကြပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲ ရိုဟင်ဂျာတွေ ဖမ်းဆီး၊ သတ်ဖြတ်ခံရနေရတာကြောင့် ကုလနဲ့ နိုင်ငံတကာက လုံခြုံရေးအထူးအစီအမံတွေနဲ့ ကာကွယ်စောင့်ရှောက်ပေးပါလို့ ဒုက္ခသည်တွေ မေတ္တာရပ်ခံတောင်းဆိုနေပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတို့ စိုးရိမ်ချက်တွေကို စုစည်းပြီး မဆုမွန် တင်ပြပေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲ လုံခြုံမှုကင်းမဲ့ လာနေတာနဲ့ လူကုန်ကူးပွဲစားတွေ တိုးလာနေတဲ့အပေါ် ရိုဟင်ဂျာတို့ စိုးရိမ်ချက်တွေကို စုစည်းပြီး မဆုမွန် တင်ပြပေးထားပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဒေသခံကာကွယ်ရေး စခန်းတစ်ခုကို စစ်တပ်က လေကြောင်းကနေ ရုတ်တရက် ဝင်ရောက် ပစ်ခတ်ပြီး စီးနင်းခဲ့သလို ဒေသခံတွေလည်း ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ချင်းပြည်နယ်မှာလည်း စစ်တပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်နေပါတယ်။
မတ်လအတွင်း ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ် လွှိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖားဆောင်း စတဲ့ မြို့နယ်တွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းထဲက ပင်လောင်း၊ ဖယ်ခုံမြို့နယ်တွေမှာ စစ်ကောင်စီက စစ်မျက်နှာ ၅ ခုဖွင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က မနေ့က ထုတ်ပြန်ထားပါတယ်
အာဏာသိမ်းစစ်ကောင်စီနဲ့ လက်တွဲ အလုပ်လုပ်တာဟာ မြန်မာပြည်သူတွေကို သတ်ဖြတ်တာနဲ့ အတူတူပဲမို့ စစ်ကောင်စီကို နိုင်ငံတကာက စီးပွားရေးအရ ဒဏ်ခတ်အရေးယူလာအောင် အီတလီရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ကြိုးပမ်းနေတယ်လို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုနိုင်လင်းအောင်က ပြောပါတယ်။ မဆုမွန်က ဆက်သွယ် မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်