နိုဝင်ဘာလ ၁၅ ရက် ဒီကနေ့ တစ်လေးလုံး စစ်ဆင်ရေး ၅ ရက် မြောက်နေ့မှာ လွိုင်ကော်မြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွါးနေပါတယ်။ စစ်ကောင်စီဘက်က စစ်ရေးအရ ကျရှုံးနေပြီး လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုပြီး ဒီကနေ့ တနေ့လုံး တောက်လျှောက် တိုက်ခိုက်နေတာပါ။
ကယားပြည်နယ်မှာ တစ်လေးလုံး စစ်ဆင်ရေး စတင်လိုက်တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ဒီကနေ့ ၄ ရက်မြောက်နေ့အထိ လွိုင်ကော်တက္ကသိုလ် အပါအဝင် နေရာအနှံ့မှာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေပါတယ်။
သိန်းချီတဲ့ ရိုဟင်ဂျာတွေထဲက "တထောင်"စမ်းသပ်ပြန်ပို့မယ့်ရှေ့ပြေးစီမံချက်တောင် အောင်မြင်အောင် အကောင်အထည်မဖော်နိုင်သေးချိန် မိမိတို့နေရပ်ကို အကြောင်းမျိူးစုံနဲ့ ပြန်သွားသူတချို့ကို ခိုးဝင်တံဆိပ်တပ်ပြီး ထောင်ချအရေးယူအပြစ်ပေးနေတာက ထပ်ပြီး လူ့အခွင့်အရေးချိူးဖောက်မှုပါပဲလို့ ရိုဟင်ဂျာတွေက ပြောဆိုလိုက်ပါတယ်
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ပေါ်မှာ စစ်ပွဲတွေဖြစ်လာတာကြောင့် မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်တကြောမှာ တရုတ်က လုံခြုံရေးကို တိုးမြှင့်ချထားလိုက်ပါတယ်။
ချင်းပြည်နယ်၊ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတဲ့ အပေါ် ဒါဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦးဘက်က တုန့်ပြန်ထားပါတယ်။
ပို့ကုန်လုပ်ငန်းရှင်တွေကို အခွန်နဲ့ငွေကြေးပိုင်း သက်သာခံစားနိုင်ခွင့်တွေပေးဖို့ စစ်ကောင်စီက စီစဉ်နေပြီး ပြင်ဆင်မှုတွေလည်း လုပ်နေပြီလို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေသူတွေ အတွက်လည်း ပြည်တွင်းကို ငွေပြန်ပို့ ရာမှာ သက်သာခွင့်ပေးဖို့ပါ ပြင်ဆင်နေတယ်လို့ပြောပါတယ်။
ရုရှားကျုးကျော်စစ် အဆုံးသတ်ရေး ရည်ရွယ်တဲ့ ဒီသီတင်းပတ် မြေထဲပင်လယ် Malta မှာကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တူရကီပါဝင်မယ့်အကြောင်း ယူကရိန်းသမ္မတက ပြောပါတယ်။ ယူကရိန်းနိုင်ငံက စာတိုက်တတိုက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မစ်ဇိုင်းဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရသလို အရပ်သားတချို့ သေဆုံးခဲ့ပါတယ်။
သိန်းချီတဲ့ရိုဟင်ဂျာတွေနေထိုင်ခိုလှုံရာ ဒုက္ခသည်စခန်းတွေထဲ လူဦးရေထူထပ်များပြား လွန်းလှပြီး အမိုးအကာမလုံလောက်တာ ခြင်လုံဇကာနဲ့ စောင်ခြင်ထောင်မလုံလောက်တာ အပါအဝင် တကိုယ်ရေသန့်ရှင်းမှုနဲ့ အများပြည်သူသုံးနေရာတွေမှာ မသန့်ရှင်းတာတွေကြောင့် ခြင်ယင်ပေါက်ဖွားမှုက များပြားနေပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ခင်ဦးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး နယ်မြေရှင်းနေပြီး အောက်တိုဘာ ၁၅ ရက် နေ့ကတော့ ယင်းမာပင်မြို့နယ်က ဒေသခံ ၆ ဦးနဲ့ ခင်ဦးက ဒေသခံ၂ ဦးတို့ သတ်ဖြတ်ခံခဲ့ရ ပါတယ်။
လူဦးရေ အဆမတန်ထူထပ်ပြီး သောက်သုံးရေနဲ့ တကိုယ်ရေသန့်ရှင်းမှုစနစ် အားနည်းနေတဲ့အတွက် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေး ဒုက္ခသည်တွေကြား ကျန်းမာရေးစောင့်ရှောက်မှု ပညာပေးနိုင်ဖို့လည်း အရေးတကြီး လိုအပ်နေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်ကုန် အစ္စရေးနိုင်ငံကို ဟားမတ်စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်အတွင်း မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက အလုပ်သမား ၂၀ အသတ်ခံခဲ့ရပါတယ်။ AP နဲ့ ရိုက်တာ သတင်းတွေကို မဆုမွန်ပြောပြပါလိမ့်မယ်။
အဆိုးရွားဆုံးရေကြီးမှုကြုံနေရတဲ့ ပဲခူးမြို့ရဲ့ နေရာအချို့မှာ ရေပြန်ကျသွားပေမဲ့ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက် လုပ်ဆောင်နေရတုန်းလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေဘေးဒုက္ခသည်တွေဟာလည်း နေရပ်မပြန်နိုင်သေးဘဲ ကယ်ဆယ်ရေး စခန်းတွေမှာ ဆက်လက်ခိုလှုံနေရပါတယ်။
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းက စစ်ရှောင်စခန်း အနည်းဆုံး ၇ ခု မှာ ရာခိုင်နှုန်း ၃၀ လောက်က ဖျားနာနေပြီး ဖယ်ခုံမြို့နယ် အရှေ့ခြမ်းက စစ်ရှောင်တွေရှိရာ နောင်လိုင်ကျေးရွာဘက်မှာလည်း ထောင်နဲ့ချီရှိနေပေမဲ့ ဆေးဝါးမလုံလောက်သလို အများစုက ကျန်းမာရေးကုသမှု မရပဲ ဖြစ်နေပါတယ်။
နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၂၀ မှာ အောက်တိုဘာလ ၁ ရက်နေ ၁၅ ရက်အထိ စမ်းသပ် သန်းခေါင်စာရင်းကောက်ယူဖို့ စစ်ကောင်စီက အောက်တိုဘာ ၁ရက်နေ့မှာ စတင်ပြင်ဆင်လိုက်တာဖြစ်ပါတယ်။ မြို့နယ် ၂၀ ကောက်ယူမှာ ဖြစ်ပြီး ပြည်နယ်နဲ့ တိုင်း ၁၄ ခုက နေရာတချို့မှာ စမ်းသပ်ကောက်ယူမှုတွေ စတင်နေပြီဖြစ်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် ရန်လိုသတ်ဖြတ်နိုင်တဲ့အထိ အမုန်းပွားစေမယ့် မမှန်သတင်းအချက်အလက်ဖြန့်ဝေမှုတွေကို ဖေ့စ်ဘွတ်လူမှုကွန်ရက်ကနေ ကာကွယ်ပေးမှုမရှိဘဲ ထပ်ဆင့်ဖြန့်ဝေပေးခဲ့တဲ့အတွက် Facebook ကုမ္ပဏီ META ကို နစ်နာကြေးပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ကတောင်းဆိုလိုက်ပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့ကြား ဒီကနေ့ မနက်က တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့သလို၊ နေ့ခင်းပိုင်းမှာတော့ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းက ပစ်ခတ် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေထိုင်နေတဲ့ သိန်းချီတဲ့ရိုဟင်ဂျာဒုက္ခသည်အရေး နိုင်ငံတကာက ဝိုင်းဝန်းကူညီဖြေရှင်းပေးကြပါလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသမ္မတက တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။
ဒီလို ထိုင်းနိုင်ငံဘက်မှာ ဆက်လက် ခိုလှုံခွင့်မရတော့လို့ ပြန်လာကြရတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံဘက်ခြမ်းမှာလည်း ကိုယ့်အိမ်ကိုယ့်ယာ ပြန်နိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ သူတို့ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသေးတာကြောင့် နယ်စပ်တလျှောက် ယာယီ ဒုက္ခသည်စခန်းတွေမှာပဲ ရှိနေကြတာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ညှင်းပမ်းနှိပ်စက်မှုတွေကြောင့် သေဆုံးရသူ အမျိုးသမီး ၆၀၀ ကျော် ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
ကရင်နီဒေသမှာ မကြာသေးခင်က တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဖက် တိမ်းရှောင်ခဲ့ရသူတွေကို အခုအခါ မြန်မာနိုင်ငံဖက် ပြန်လာနေရပေမဲ့ လုံခြုံရေး စိုးရိမ်ရတာကြောင့် နေရပ်မပြန်နိုင်ကြသေးဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်