"ဥပမာ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေ၊ သူတို့ နာမယ်တွေကို ပြောလိုက်တာနဲ့ သူတို့အပေါ် ရာဇဝတ်မှုတခုခုနဲ့ အခြေအမြစ်မရှိ စွပ်စွဲ ထားတာမျိုးတွေက ရှိနေပြီးသားပါ။" (Patrick Phongsathorn-Fortify Rights အဖွဲ့)
ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည် နေရာချထားရေး UNHCR တင်သွင်းလာတဲ့ အမည်စာရင်းကို အမေရိကန်ပြည်ထောင်စုက ထည့်သွင်း စဉ်းစားဆောင်ရွက်ပေးမယ့်အခြေအနေအပေါ် ရိုဟင်ဂျာတွေရဲ့ သဘောထား ရိုဟင်ဂျာဒုက္ခသည်ကိုအောင်မြိုင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
အာဆီယံအနေနဲ့ မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ အရင်လို အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံတခုတည်းက မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ ဆက်ဆံတာ မဟုတ်ဘဲ အလှည့်ကျဥက္ကဋ္ဌနဲ့ နောက်ထပ်နိုင်ငံ ၂ ခု ပါဝင်ပြီး ၃ နိုင်ငံ ပူးတွဲ ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေ အင်္ဂါနေ့ က သဘောတူလိုက်ကြပါတယ်။
ကယားပြည်နယ်ခေါ် ကရင်နီပြည်မှာ သြဂုတ်လ တလတည်းမှာတင် တိုက်ပွဲပေါင်း ၅၀ လောက် ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၄၅ ကြိမ် ရှိခဲ့တဲ့အကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ အတန်းပညာနဲ့အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ ဆက်လက် လေ့လာသင်ယူနိုင်ရေး အမေရိကန်ပြည်ထောင်စုက ပညာသင်ဆုတွေပေးဖို့ပါ ကူညီထောက်ပံ့ ပံ့ပိုးပေးဖို့အစီအစဉ်အပေါ် ရိုဟင်ဂျာလူငယ်တွေဘက်က မျှော်လင့်ချက် ဘာတွေရှိပါသလဲ။ ရိုဟင်ဂျာလူငယ်ကိုအောင်မြိုင်ကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
ကရင်နီဒေသ ဒီမော့ဆိုနဲ့ ဖရူဆိုလမ်းမကြီးအနီး ဒီရက်ပိုင်းတွေမှာ တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ရှိနေပြီး၊ ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မြန်မာပြည်နဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံ၊ တရားမျှတမှုရရှိပြီး အကူအညီ အလုံအလောက်ရရှိရေးစတဲ့ အခွင့်အရေးတွေကို အမေရိကန်က ပိုအလေးအနက်ဆောင်ရွတ်ဖို့ မျှော်လင့်ကြောင်း ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ကို မဆုမွန်က မေးမြန်းထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ အနေနဲ့ မြန်မာ့အရေးကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်း မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိနေချိန်မှာ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကတော့ သူ့လက်ထက်မှာ အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေနဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးပမ်းနေကြောင်း ပြောဆိုထားပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ တသန်းလောက် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတဲ့ ၆ နှစ်ပြည့်မှာတရားမျှတမှုနဲ့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရေး ဆက်လက်ကြိုးစားနေပြီး မျှော်လင့်ချက်တချို့ ရှိလာပြီလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်က ပြောဆိုပါတယ်။ မဆုမွန် မေးမြန်းထားတာတွေထဲက ကောက်နုတ်တင်ပြလိုက်ပါတယ်။
စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့အဖွဲ့တွေ လက်နက်မချမချင်း၊ မတွေ့ဆုံ မဆွေးနွေးနိုင်ဘူးလို့ သြဂုတ်လ ၂၂ ရက် မနေ့က စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုလိုက်ပါတယ်။ ဒီအပေါ်မှာ စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်နေကြတဲ့အဖွဲ့တွေရဲ့ သဘောထား ဘယ်လိုရှိပါလဲ။
ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် လိုအပ်တဲ့ စည်းမျဉ်းတွေနဲ့ ချုပ်ကိုင်သွားမယ့် အကြောင်း စစ်ကောင်စီက ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထပ်မံသတိပေးပြောဆိုလိုက်ပါတယ်။
ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်ပါတီ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီကို သွားရောက်လေ့လာခဲ့တဲ့ ခရီးစဉ်အပေါ် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ မျှော်လင့်ချက်တွေနဲ့ပါတ်သက်ပြီး မဆုမွန် စုစည်းတင်ပြထားပါတယ်။
ဒီလဆန်းပိုင်းတုန်းက ရေဘေးအန္တရာယ် ဆိုးဆိုးရွားရွား ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံ ဒေသ အတော်များများမှာ ခုချိန်ထိ ရေဘေး ပြန်လည်ထူထောင်ရေး အပြည့်အဝ မလုပ်နိုင်သေးဘူးလို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ပြည်တွင်းမှာ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေအပေါ် ကန့်သတ်ခံရမှုတွေ ကြုံနေချိန်မှာပဲ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲ Martin Griffiths ဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး စစ်ကောင်စီ ဥက္ကဌ နဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ ဒီရက်ပိုင်း မိုးအဆက်မပြတ်ရွာပြီး မြစ်ရေတက်နေတာကြောင့် အနိမ့်ပိုင်း ဒေသတချို့မှာ ရေကြီးရေလျှံတာတွေ ဆက်တိုက် ကြုံနေရပါတယ်။ ရေဘေး တိမ်းရှောင်ရသူတွေ အများအပြား ရှိနေပြီး နေထိုင်စားသောက်ရေး အခက်အခဲတွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ စောင့်ကြည့် ဖိနှိပ်မှုတွေနဲ့ လုံခြုံရေးတင်းကျပ်မှုတွေကြားကပဲ ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားတွေ၊ လှုပ်ရှားမှုတွေကို ရန်ကုန် နဲ့ မန္တလေး အပါအ၀င် နေရာဒေသ အတော်များများမှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပုံစံ အမျိုးမျိုးနဲ့ ကျင်းပခဲ့ကြပါတယ်။
"သူတို့ သေတာတော့ ၂ ယောက်ပေါ့နော်။ သေတဲ့ ၂ ယောက်က စည်ပင် AD တယောက်ရယ်။ နောက်ပြီးတော့ နမ္မတူကနေလာတဲ့ လျှပ်စစ်က တယောက်ရယ်။ ကျောက်မဲကို အစည်းအဝေးလာဖို့ ဆိုပြီးတော့ အဲဒီမှာ လက်ဖက်ရည် သောက်ကြတာပေါ့။ ဒဏ်ရာရတာကတော့ ဗုံးစမှန်တာ ၃ ယောက်ပါပဲ။ ... "
အာဆီယံနဲ့ဒေသတွင်းမှာပါ အထူးစိုးရိမ်စရာဖြစ်လာနေတဲ့ လူကုန်ကူးမှုအန္ထရာယ်ကို မလေးရှားအာဏာပိုင်တွေနဲ့ ကုလသမဂ္ဂအနေနဲ့ ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းဖို့ ကမ္ဘာ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ မှာ မလေးရှားနိုင်ငံရောက် လူကုန်ကူးမှုတိုက်ဖျက်ရေးလှုပ်ရှားသူက တောင်းဆိုပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည့်သူလွှတ်တော်အမတ်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒီကနေ့ အင်အားသုံး လာရောက် ချိပ်ပိတ်ခဲ့ပါတယ်။
မွန်ပြည်နယ်မှာ ဒီရက်ပိုင်း မိုး ဆက်တိုက် ရွာနေပြီး ဘီးလင်းမြို့နယ် အနိမ့်ပိုင်း ရပ်ကွက် ကျေးရွာအများစု ရေလွှမ်းနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့နေရတယ်လို့ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်