ကချင်ပြည်နယ်တွင်းက ကျေးရွာအုပ်စု တော်တော်များများမှာ ရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့် မဲပေးပိုင်ခွင့်ဆိုတဲ့ နိုင်ငံသား အခွင့်အရေးတရပ်ကို ချိုးဖောက်တာသက်သက် ဖြစ်တယ်လို့ ကချင်အရေး လှုပ်ရှားသူတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်တွင်း ၉ မြို့နယ်နဲ့ အခြားမြို့နယ်က ကျေးရွာအုပ်စု အတော်များများမှာ ရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိသလို မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလို ဖြစ်သွားတယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို စုစည်းတင်ပြထားပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့ စစ်ရှောင်စခန်းတွေထဲက ဒုက္ခသည်တချို့မှာ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်သူတွေ စပြီးတွေ့လာတဲ့အတွက် သိန်းချီတဲ့ ဒုက္ခသည်တွေကြား ကိုဗစ်ရောဂါ ပျံ့နှံ့ကူးစက်လာမယ့်အရေး ပိုပြီး စိုးရိမ်လာနေတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။
ကပ်ရောဂါကိုဗစ်ကူးစက်မှုတွေ ထောင်ချီထပ်တိုးလာနေချိန်မှာပဲ အကန့်အသတ်တွေနဲ့ ယာယီပိတ်ထားတဲ့စက်ရုံတွေ ပြန်လည် လုပ်ကိုင်ခွင့်ပြုချိန် လုပ်ငန်းခွင်ပြန်ဝင်မယ့် စက်ရုံလုပ်သားတွေကိုကုမ္ပဏီတွေရဲ့ကျခံမှုနဲ့COVID စစ်ပေးဖို့ အစိုးရကို စီးပွားရေးလုပ်ငန်းရှင်တွေ တောင်းဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်တွင်း တိုက်ပွဲတွေ ပြင်းထန်ပြီး ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရတဲ့ အခြေအနေပေါ်ပြည်သူတွေ ဘေးကင်းလုံခြုံရေးတိုက်ပွဲတွေအမြန်ဆုံးရပ်ပေးဖို့ တောင်းဆိုတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
ဒုက္ခသည်စခန်းတွေထဲ ဗလီဝတ်ပြုဆုတောင်းမှု လူဦးရေကန့်သတ်တာ အပါအဝင် လူစုလူဝေးလုပ်တာတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ထားသလို ဘာသာရေးစာသင်ကျောင်းတွေနဲ့ သင်ကြားရေးစင်တာတွေကိုလည်း ခေတ္တပိတ်ထားပြီး ဒုက္ခသည်တွေအားလုံး နေအိမ်တွေထဲမှာပဲ နေကြဖို့ အမိန့်ထုတ်ပြန်ထားတာ လနဲ့ချီ -လာပြီဖြစ်ပါတယ်။
COVID-19 ကပ်ရောဂါ ကူးစက်မှုအန္တရာယ်သာမက စစ်ဘေးအန္တရာယ်ကိုပါ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်သူတွေအနေနဲ့ သွားလာရေး၊ ကျန်းမာရေးနဲ့ နေ့စဉ်လူမှုဘဝ အခက်ကြုံနေရတာတွေကို စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ တနေ့ကို သံသယရှိသူ လူတသောင်းခွဲဝန်းကျင်အထိ ဓာတ်ခွဲနမူနာယူ စမ်းသပ်နေပြီး COVID-19 ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူက တနေ့ကို တထောင်ကျော်အထိ တိုးလာနေပါတယ်။ ဒီအတွက်လည်း ရန်ကုန်မြို့က ဆေးရုံတချို့ကို ကိုဗစ်ကုသရေးဌာနတွေအဖြစ် ပြောင်းလဲ ဖွင့်လှစ်နေပါတယ်။
COVID-19 ကူးစက်သူ နေ့စဉ်လိုထောင်ချီတွေ့လာချိန် Fever Clinic ဆေးခန်းတွေမှာ တခါတည်း Swab Test ယူပြီး ပိုးစစ်ဆေး ရှာဖွေမှုတွေမှာနေ့စဉ်လိုလို လူနာထက်ဝက်ကျော်လောက်မှာ ပိုးတွေ့ရှိနေတဲ့အခြေအနေနဲ့အရေးပေါ်ဆေးကုသမှု လိုအပ်ချက်အရ အခမဲ့ ဖျားနာကုဆေးခန်းတွေ ထပ် -တိုးချဲ့ဖွင့်လှစ်နိုင်ရေး ကြိုးစားနေကြပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရေမဆေးကျောက်တူးသမား ရွှေ့ပြောင်းလုပ်သား သိန်းနဲ့ချီ မဲပေးခွင့်ဆံုံးရှုံးရနိုင်တဲ့ အခြေအနေဖြစ်နေလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ နယ်မြေခံတွေရဲ့ စိုးရိမ်ချက် စုစည်းတင်ပြပေးချင်ပါတယ်။
သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ရင်သွေးငယ် ကလေးတွေ ပညာဆက်လက်သင်ကြားခွင့်နဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ၊ လေ့လာခွင့်တွေ ဆုံးရှုံးပြီး သူတို့ရဲ့ ဘဝအနာဂတ်မျှော်လင့်ချက်တွေ မှေးမှိန်နေကြတဲ့ အကြောင်းနဲ့ သူတို့ဖြစ်စေချင်တဲ့ ဆန္ဒတောင်းဆိုချက်တွေကို စုစည်းတင်ပြပေးထားပါတယ်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်နေတဲ့အချိန်မှာ ကျင်းပတဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံတော်တော်များများမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲတွေ စပေးနေကြတဲ့ အခြေအနေအပေါ် ရွေးကောက်ပွဲ စောင့်ကြည့်သူနဲ့ ကိုယ်တိုင်မဲပေးခဲ့သူရဲ့ သုံးသပ် အကြံပြုချက်တွေကို စုစည်းတင်ပြပေးထားပါတယ်။
ဂျပန်နိုင်ငံမှာ COVID-19 စည်းကမ်းချက်တွေနဲ့အညီ ဂျပန်ရောက် မြန်မာနိုင်ငံသား ၁,၀၀၀ ကျော် ကြိုတင်မဲ စပေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံတွင်း ကိုဗစ်လူနာတွေကို ကုသမှုပေးမယ့် ဆေးရုံတွေ ထပ်ပြီးတိုးထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုလိုက်ချိန်မှာပဲ အရေးပေါ်လူနာတွေ ဆေးရုံပို့ဖို့ အခက်အခဲ ဖြစ်နေရတယ်လို့ ဖျားနာကုဆေးခန်းတာဝန်ခံ ဆရာဝန်တဦးက ပြောလိုက်ပါတယ်။
ပြည်ပရောက်မြန်မာနိုင်ငံသား ထောင်သောင်းချီပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးအတွက် ကြိုတင်မဲတွေကို နိုင်ငံအသီးသီးက ကြိုတင်မဲရုံတွေမှာ သက်ဆိုင်ရာ နိုင်ငံအာဏာပိုင်တွေရဲ့ COVID စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စတင်မဲပေးနေကြတဲ့ အကြောင်း စုစည်းတင်ပြချင်ပါတယ်။
မြန်မာနိုင်ငံတဝန်းလုံး ကူးစက်မြန် COVID 19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုပေါင်းက စက်တင်ဘာ၂၈ ရက်နေ့ ည နောက်ဆုံး ထုတ်ပြန်ထားချက်အရ နောက်ထပ် ကိုးရာနီးပါး ပိုးတွေရှိတဲ့ လူနာအသစ်တွေ တိုးလာလို့ အခုဆိုရင် စုစုပေါင်း ပိုးတွေ့ရှိသူက ၁၁,၆၀၀ ကျော်သွားပြီဖြစ်ပြီး COVID ကြောင့်သေဆုံးမှုက ၂၅၀ ကျော် ရှိနေပြီဖြစ်ပါတယ်။
ကိုဗစ်၁၉ ကပ်ရောဂါကာလ အစိုးရထုတ်ပြန် ကန့်သတ်ချက်တွေထဲ သတင်းသမားတွေ သတင်းရယူခွင့် ကင်းလွတ်ခွင့်ပေးဖို့ သတင်းမီဒီယာလွတ်လပ်ခွင့် လှုပ်ရှားဆောင်ရွက်နေတဲ့ မြန်မာသတင်းသမားတွေတောင်းဆိုလိုက်ပါတယ်။
ဒီရက်ပိုင်းအတွင်းကို အခမဲ့ဖျားနာကုဆေးခန်းတွေကို လာပြသူတွေထဲ အနံ့ပျောက်သူတွေ အရမ်းများလာပြီး ဒီအထဲကမှ ပိုးတွေ့ရှိသူတွေလည်း များပြားလာတဲ့အတွက် Isolation Center တွေထားပြီး စောင့်ရှောက်စစ်ဆေးမှုတွေ လုပ်လာရတာလို့ အခမဲ့ဖျားနာကုဆေးခန်း တာဝန်ခံဒေါက်တာကျော်မင်းထွန်းက လက်ရှိအခြေအနေပြောပြပါတယ်။
လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဝိုင်းဝန်းအဖြေရှာပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့အပေါ် ဒုက္ခသည်တွေက ကြိုဆိုပြီး သူတို့နေရပ်ရင်းကို ဘေးကင်းလုံခြုံစွာ အမြန်ဆုံးပြန်နိုင်ရေး မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးအတွင်း အလုပ်ပြုတ်ကုန်ကြသူတွေ တောင်လိုပုံလာနေတဲ့အရေးကို ဖြေရှင်းတဲ့အနေနဲ့ အစိုးရက ဒီအလုပ်အကိုင်ပြပွဲကနေ လူ ၁ သန်းကျော်ကို အလုပ်ပေးနိုင်မယ်လို့ ပြောထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်