မြန်မာနိုင်ငံတွင်း ရာနဲ့ချီတဲ့ ရဟန်းသံဃာတော်တွေမှာ COVID-19 ရောဂါပိုး တွေ့ရှိလာနေတဲ့အတွက် သံဃာတော်တွေ သီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်တွေမှာ ဒီကူးစက်မြန်ကပ်ရောဂါ ဆက်မပြန့်ပွားရအောင် သာသနာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။
ကိုဗစ် ၁၉ ကာလ စင်ကာပူရဲ့ ကျန်းမာရေးစည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ထောင်ချီတဲ့ စင်ကာပူရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးနိုင်ရေး ပြင်ဆင်နေကြတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။
ကပ်ရောဂါကာလ ပြည်သူတွေနေအိမ်တွေထဲမှာပဲနေဖို့ ထုတ်ပြန်တဲ့ အမိန့်ကြေညာချက်ထဲ ပြည်သူကြား သတင်းစီးဆင်းမှုမြန်ဆန်နိုင်ရေး အရေးပါတဲ့အခန်းကဏ္ဍကပါဝင်တဲ့ သတင်းမီဒီယာလုပ်ငန်းတွေကို အပြင်ထွက်အလု ပ်လုပ်ကိုင်ခွင့် တရားဝင်ထည့်သွင်းပေးဖို့ အတိုင်ပင်ခံ နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို သတင်းမီဒီယာကောင်စီ က တောင်းဆိုပါတယ်။
ကပ်ရောဂါကာလ ပြည်သူတွေ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ အခမဲ့ ဖျားနာကုဆေးခန်းတွေမှာစေတနာ့ဝန်ထမ်းဆရာဝန် အင်အားထပ်ဖြည့်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းနေကြပါတယ်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်သူ ၅,၀၀၀ ကျော်အထိ ရှိလာနေတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးပညာရှင်တွေပါ ပိုးကူးစက်မခံရအောင် ဆောင်ရွက်နေရသလို ပိုးတွေ့ရှိသူတွေ အပါအဝင် ဆက်စပ်ထိတွေ့သူတွေကို နေရာသစ်တွေ တိုးချဲ့ပြီး သီးခြားကန့်သတ်ထားရှိ ကုသပေးနေရပါတယ်။
မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်သူတွေကို ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာပါ ကုသမှုပေးရေး မကြာခင် အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက်မဲဆန္ဒရှင်တွေ ကြိုတင်မဲ ဆန္ဒမဲပေးရမယ့် ရက်တွေကို ပြည်ပနိုင်ငံ အခြေစိုက်မြန်မာသံရုံးတွေက စတင်ကြေညာနေပြီဖြစ်လို့ ပြည်ပမဲဆန္ဒရှင်တွေ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်နေကြပါတယ်။
မြန်မာနိုင်ငံမှာ COVID 19 ရောဂါပိုး လူရာနဲ့ချီ တွေ့ရှိလာချိန် ကူးစက်မှုကာကွယ်နိုင်ရေး အသွားအလာကန့်သတ်မှု အမိန့်စည်းမျဉ်းတွေကြား နေ့စဉ်လူနေမှု ဘဝစားဝတ်နေရေး အခက်တွေ့လာကြတဲ့ တိုင်းရင်းဒေသက လူထုရဲ့အခက်အခဲနဲ့ လူမှုအဖွဲ့တွေ လိုက်လံကူညီပေးနေကြတဲ့ အကြောင်း စုစည်းတင်ပြပေးပါမယ်။
ရိုဟင်ဂျာဒုက္ခသည်တွေထဲ အခုရက်ပိုင်း ကမ့်တွေထဲမှာ နာမကျန်းဖျားနာသူတွေ များလာနေတာကြောင့် ဒုက္ခသည်တွေ အတော်လေး စိုးရိမ်နေကြတယ်လို့ ကုတုပလောင်ဒုက္ခသည်စခန်းက စေတနာ့ဝန်ထမ်း ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်တဲ့ ဦးအောင်မြိုင်ကပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာပြီး ကူးစက်သူဦးရေ ၃,၀၀၀ နီးပါး ရှိလာချိန်မှာ ပြည်သူလူထုအနေနဲ့ ပိုးကူးစက်ခြင်း မခံရအောင် အထူးသတိထား နေထိုင်ကြဖို့နဲ့ ပိုးကူးစက်ခံရသူနဲ့ မိသားစုတွေအပေါ်မှာလည်း ဝိုင်းဝန်းပြီးတော့ စိတ်ခွန်အားပေးကြဖို့ ဆေးပညာရှင်တွေက မေတ္တာရပ်ခံလိုက်ပါတယ်။
ရခိုင်မှာ လက်နက်ကြီးကျည်ကျလို့ လူမမည်ကလေးငယ်တွေပါ အသက်အန္တရာယ် စိုးရိမ်နေရတဲ့အတွက် တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကူညီကယ်ဆယ်ပေးနေသူတွေက တောင်းဆိုနေကြပါတယ်။
အမေရိကန်အနောက်ခြမ်းဘက်က တောမီးလောင်ကျွမ်းမှုတွေကြောင့် အမေရိကန်မြန်မာတချို့ တောမီးဘေးဒဏ် ရင်ဆိုင်နေရတဲ့အခြေအနေနဲ့ မီးဘေးအန္တရာယ်ကြိုပြင်ဆင်နေကြပါတယ်။
ရန်ကုန်တိုင်းတွင်းမှာ ကိုဗစ် ၁၉ ကူးစက်မှုနှုန်း မြင့်တက်လာတာနဲ့အမျှ ရောဂါပိုးကူးစက်ပျံ့နှံ့မှု ကာကွယ်ဖို့ဆိုပြီး ရပ်ကွက်တွေအတွင်းက လမ်းတွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် အသွားအလာ ကန့်သတ်ပိတ်ဆို့ ကာရံတာတွေ လုပ်နေကြတာကြောင့် ကြုံရတဲ့အခက်အခဲ အမြင်သဘောထားတွေကို တင်ပြပေးပါမယ်။
ကိုဗစ်ရောဂါပိုး ပြည်တွင်းကူးစက်မှုနှုန်း မြင့်တက်လာနေတဲ့ ရန်ကုန်တိုင်းတွင်းက မြို့နယ်အတော်များများမှာ ရောဂါပိုးတွေ့ထားသူတွေနဲ့ ထိစပ်မှုရှိမရှိ ခြေရာကောက် စစ်ဆေးမှုတွေနဲ့ ကျန်းမာရေးဆေးစစ်မှုတွေ ဒီကနေ့လိုက်လံ လုပ်ဆောင်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bhashan Char ကျွန်းပေါ် ရောက်နှင့်ပြီးသား ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ နေထိုင်ရေး အခက်အခဲရှိပြီး ကျွန်းပေါ်မှာ မနေလိုကြဘူးလို့ အဲဒီကျွန်းကို ကိုယ်တိုင်သွားရောက်လေ့လာခွင့်ရခဲ့တဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေက ဗွီအိုအေကို ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို ပြောင်းရွှေ့ပို့ဖို့ ဘင်္ဂလားဒေ့ရ်ှအစိုးရက စီစဉ်ထားတဲ့ Bhashan Char ကျွန်းဆီကို ရိုဟင်ဂျာခေါင်းဆောင်တွေ သွားရောက်လေ့လာကြပါတယ်။
ကပ်ရောဂါ COVID-19 ပြည်တွင်းကူးစက်မှု တိုင်းနဲ့ပြည်နယ် တော်တော်များများမှာပါ ကူးစက်ပျံ့နှံ့တာတွေ ပိုများလာတဲ့အတွက် ပြည်သူလူထုအနေနဲ့ အထူးသတိထား ကြိုတင်ကာကွယ်ကြဖို့ ဆေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်လာတော့မယ့် သဘာဝဘေးအန္တရာယ်ကနေ ကာကွယ်နိုင်ရေး ဂျပန်ရောက်မြန်မာတွေ ကြိုတင်ပြင်ဆင်နေကြတဲ့အကြောင်း တင်ပြပေးချင်ပါတယ်။
ရခိုင်ပြည်နယ်က တိမ်းရှောင်လာတဲ့ ဒုက္ခသည်သိန်းချီ ခိုလှုံနေထိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၀ ကျော်မှာ တယ်လီဖုန်းလိုင်းနဲ့ ဆက်သွယ်အသုံးပြုနိုင်တဲ့ အင်တာနက် 3G 4G ဆက်သွယ်မှုကို ပြီးခဲ့တဲ့နှစ် ၂၀၁၉ ခုနှစ် သြဂုတ်လကုန်ပိုင်း ကနေစလို့ ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။
ကပ်ရောဂါ ကိုဗစ် ၁၉ ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှုဖြစ်ပွားနေချိန် အချိန်နဲ့တပြေးညီ သတင်း အချက်အလက်တွေ နားစွင့်နိုင်ဖို့ ရေဒီယိုအသံဖမ်းစက်တွေ- ဒုက္ခသည်စခန်းတွေဆီ ရခိုင်ကူညီရေးအဖွဲ့တွေက အရောက်ပေးပို့နေကြတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်