၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေ အဖြေတွေရဲ့ တင်ကြို-ခန့်မှန်းချက်တွေအရ လက်ရှိအာဏာရပါတီ NLD အစိုးရကပဲ နိုင်ငံကို ဆက်လက် အုပ်ချုပ်မယ့် အလားအလာအပေါ် အခုအချိန်အထိ နေရပ်ရင်းကနေ ထွက်ပြေးတိမ်းရှောင်နေကြဆဲ စစ်ပြေးစစ်ရှောင်ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက် ဘယ်လိုရှိပါသလဲဆိုတာ စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါဖြစ်ပွားမှု နေ့စဉ်လို ထောင်နဲ့ချီ ကူးစက်နေချိန်မှာပဲ ရွေးကောက်ပွဲကြီးမှာ လူထောင်သောင်းချီ အုပ်စုလိုက် အပြင်ထွက် မဲပေးခဲ့ကြပြီးတဲ့နောက် နောက်ဆက်တွဲ ကူးစက်မှု အန္တရာယ်တွေကို သတိထားစောင့်ကြည့်ကြဖို့ ဆေးပညာရှင်တွေနဲ့ ဆရာဝန်တွေဘက်က အထူးသတိပေးပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မနက် ၆ နာရီကနေစလို့ ညနေ ၄ နာရီအထိ ပြည်နယ် တိုင်းအသီးသီးမှာ ကျင်းပခဲ့တာမှာတော့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ အများစု စောင့်ကြည့်ခွင့်ရခဲ့ပြီး ကနဦးအစီရင်ခံစာတွေ အသီးသီး ထုတ်ပြန်နိုင်ခဲ့ကြပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာနိုင်ငံမှာ အစိုးရ အုပ်ချုပ်သူ လွှတ်တော် အပြောင်းအလဲအတွက် ဆန္ဒမဲပေးခွင့်ရှိတဲ့ အသက် ၁၈ နှစ်နဲ့အထက် နိုင်ငံသူ နိုင်ငံသားတွေ မိမိတို့ကြိုက်နှစ်သက်တဲ့ ပါတီနဲ့ လွှတ်တော်အသီးသီးက ကိုယ်စားလှယ်လောင်းတွေကို မဲပေးရွေးချယ်ကြမယ့် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာပါ။
၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေအတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ထားတဲ့ ကာလ-ဒီကနေ့နိုဝင်ဘာလ ၇ရက်နေ့က နောက်ဆုံးသတ်မှတ်ရက်ဖြစ်ပါတယ်။
စစ်ရေးနဲ့ နိုင်ငံရေးလေ့လာအကဲခတ်နေတဲ့ ဦးမောင်မောင်စိုးက ဒီအခြေအနေတွေက လက်ရှိ အာဏာရပါတီ NLD နဲ့ တပ်မတော်ကြား အချိန်ယူတည်ဆောက်ခဲ့တဲ့ အမျိုးသားရင်ကြားစေ့ရေး အောင်မြင်မှုမရဘူးဆိုတဲ့ လက္ခဏာကို ပြသရာရောက်တယ်လို့ရှု့မြင်ပါတယ်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ၃ ရက်နေ့ ဒီကနေ့ အင်္ဂါနေ့ ဒေသစံတော်ချိန် မနက် ၇ နာရီ မြန်မာနိုင်ငံ စံတော်ချိန် ညနေ ၆နာရီခွဲကစပြီး အမေရိကန်ပြည်ထောင်စုရဲ့ အမေရိကန်သမ္မတကို အမေရိကန်ပြည်သူတွေ မဲပေး ရွေးချယ်မယ့် ရွေးကောက်ပွဲ ကျင်းပနေပါပြီ။
Bhashan Char ကျွန်းဆီကို ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ဘင်္ဂလားဒေ့ရှ်အစိုးရကနေ သူတို့စီမံဆောင်ရွက်ထားတဲ့ အခြေအနေတွေကို ရိုဟင်ဂျာဒုက္ခသည်စခန်း အသီးသီးက ဘာသာရေးခေါင်းဆောင်တွေ၊ စခန်းတာဝန်ခံ ခေါင်းဆောင်တွေကို “Go and See Visit” ခရီးစဉ်ဆိုပြီးခေါ်ပြီး သွားပြသခဲ့တာပါ။
စေတနာ့ဝန်ထမ်း အထူးကုဆရာဝန်ကြီးတွေ ဆရာဝန်တွေ သူနာပြုတွေ ဦးဆောင်တဲ့ အခမဲ့ COMMUNITY FEVER CLINIC ဆေးခန်းတွေရဲ့ စိန်ခေါ်မှုတွေကြုံနေရပြီး စေတနာ့ဝန်ထမ်း ဆေးပညာရှင် ဆရာဝန်တွေရဲ့ အကူအညီ အရေးပေါ် လိုအပ်လာနေပါတယ်။
COVID-19 ကပ်ရောဂါကာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲလာပေးမယ့် ပြည်သူတွေ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနဘက်က အထူးစီမံဆောင်ရွက်ထားသလို ပြည်သူတွေဘက်ကလည်း လိုက်နာရမယ့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို သတိကြီးကြီးနဲ့ လိုက်နာကြဖို့ ဆေးပညာရှင်တွေနဲ့ ဆရာဝန်တွေက အကြံပေးပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ စပေးနေကြပေမဲ့ မဲဆန္ဒရှင်တွေအတွက် မဲပေးနည်းစနစ် ပညာပေးတာ အားနည်းခဲ့သလို ကြိုတင်မဲပေးတဲ့ချိန်မှာလည်း လျှို့ဝှက်နည်းစနစ်နဲ့ မဲမပေးနိုင်ခဲ့ဘူးလို့ စောင့်ကြည့်လေ့လာခဲ့သူတွေက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ "လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို လုံခြုံမှုပေးမယ်။"ဆိုတဲ့ ရွေးကောက်ပွဲဂတိကဝတ်ပေးဖို့ AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးနဲ့ မြန်မာလူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
ဒီမိုကရေစီဖော်ဆောင်မယ် ဆိုတဲ့ NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်တွင်းက သိန်းချီတဲ့ ရခိုင်ပြည်သူတွေ နိုင်ငံသားအခွင့်အရေးဆုံးရှုံးပြီး မဲပေးခွင့်မရတော့မယ့် အခြေအနေဟာ ပြည်သူတွေအတွက် ကိုယ်စားပြုမှု ဆုံးရှုံးရတော့မယ့် အနေအထားဖြစ်နေတယ်လို့ ဒေသတွင်း အင်အားကြီးတိုင်းရင်းသားပါတီတခုဖြစ်တဲ့ ANP က ပြောဆိုလိုက်ပါတယ်။
အောက်တိုဘာ ၂၅၊ ၂၀၂၀ - မြန်မာနိုင်ငံရွေးကောက်ပွဲ အထူးလေ့လာစောင့်ကြည့်ရေးအဖွဲ့ New Myanmar Foundation (NMF) ရဲ့ အမှုဆောင်ဒါရိုက်တာ မမြနန္ဒာသင်း ကို မစုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
ဒေသတွင်းနယ်မြေလုံခြုံရေးနဲ့ အများပြည်သူ လူထု အသက်အန္တရာယ်ရှိလာနေတဲ့ အနေအထားမို့ အာဏာရပါတီ NLD အပါအဝင် သက်ဆိုင်ရာနိုင်ငံရေးပါတီတွေဘက်က ထိန်းထိန်းသိမ်းသိမ်း ထိထိရောက်ရောက် ကြပ်မတ်ကြဖို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေက စိုးရိမ်တကြီး အကြံပေး လိုက်ကြပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ နယ်မြေဒေသအလိုက် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုံခြုံရေးအမြင် ၃ ဆင့်နဲ့ ခွဲခြားသုံးသပ်ပြီး နယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် တပ်မတော်ဘက်က ဆုံးဖြတ်အကြံပေးခဲ့တာလို့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
ကူးစက်မြန်ကပ်ရောဂါ ကိုဗစ်ရောဂါပိုး စတွေ့ခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က စစ်ရှောင်စခန်းတခုမှာ အသွားအလာတွေ ကန့်သတ်ထားပြီး ပိုးတွေ့လူနာနဲ့ ဆက်စပ်ထိတွေ့သူတွေမှာ ရောဂါပိုးရှိ-မရှိ စတင်စစ်ဆေးနေပါတယ်။
ကူးစက်မြန်ကပ်ရောဂါ စိုးရိမ်ရတဲ့ အရေးပေါ်လူနာတွေ ရာနဲ့ချီ များလာတဲ့အတွက် လူထုအခြေပြု အခမဲ့ဆေးခန်းတွေမှာ စေတနာ့ဝန်ထမ်း ဆေးပညာရှင်တွေ နဲ့ ဆရာဝန်သူနာပြုတွေ အရေးတကြီးလိုအပ်နေပါတယ်။
မကြာခင် ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးမယ့်ပြည်သူတွေနဲ့ မဲရုံဝန်ထမ်းတွေ ကပ်ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်နဲ့ ကျန်းမာရေးဌာနတွေ ဘာတွေကြိုတင်စီမံထားသလဲ ဆိုတာကို ပြောပြပေးပါမယ်။
တိုင်းရင်းသားဒေသ တချို့မှာ ရွေးကောက်ပွဲ ပယ်ဖျက်တာနဲ့ ပတ်သက်လို့ တိတိကျကျရှင်းလင်းပေးဖို့နဲ့၊ ဒီမိုကရေစီစံနှုန်းနဲ့ ညီပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာရေး အချိန်မီအကောင်အထည်ဖော်ပါလို့ မြန်မာအရပ်ဘက် အဖွဲ့အစည်း ၂၀၀ ကျော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်