စစ်အာဏာသိမ်းမှု ဆန့်ကျင် ကန့်ကွက်တဲ ဆန္ဒပြပွဲတွေ ဒီနေ့မှာလည်း ဆက်ရှိနေတာမှာ ရန်ကုန်မြို့မှာ ဆန္ဒပြသူ ရာနဲ့ချီပါဝင်တဲ့ ဆန္ဒပြ စစ်ကြောင်းတွေ လမ်းပေါ် ပြန်ထွက်လာကြပါတယ်။ ရန်ကုန်မြို့အပြင် တခြားနယ်မြို့တွေက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မဆုမွန်က ပြောပြပါမယ်။
စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြမှုတွေကို ရန်ကုန်မြို့ အပါအဝင် နယ်မြို့တော်တော်များများမှာ ဒီနေ့လည်း ဆက်လုပ်ခဲ့ကြပါတယ်။ လုံခြုံရေးအခြေအနေကြောင့် အချိန်တိုအတွင်း အကျဉ်းရုံးဆန္ဒပြကြတဲ့ ပုံစံမျိုးတွေ ဖြစ်လာပါတယ်။ ဒီနေ့အခြေအနေတွေနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန် က ပြောပြပါမယ်။
ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကြပ်ထားလို့ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြမှုတွေ မလုပ်နိုင်ခဲ့တဲ့ ဆန္ဒပြစစ်ကြောင်း တချို့ ဒီနေ့တော့ ပြန်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ရက်ပေါင်း ၁၀၀ ကျော် စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်နေကြပြီး ဒီကနေ့မှာလည်း သပိတ်ပုံစံအမျိုးမျိုး ဆက်ရှိနေသလို ဆန္ဒပြဖို့ လူစုနေချိန်မှာ စစ်ကောင်စီတပ်က လာရောက်ဖြိုခွဲပြီး အဖမ်းခံရသူတွေလည်း ရှိနေပါတယ်။
ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှာ ဒီနေ့ အစောပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ခဲ့သလို အုပ်ချုပ်ရေးမှူးတယောက် လမ်းပေါ်မှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ အဲဒီနောက် မြို့ထဲမှာ လုံခြုံရေးတင်းကြပ်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို လုံခြုံရေးတင်းကြပ်တဲ့ အခြေအနေကြားကပဲ မြို့တော်တော်များများမှာ ဆက်လုပ်နေကြပါတယ်။ ထားဝယ်မြို့က ဆန္ဒပြပွဲတွေကို စစ်တပ်က ဖြိုခွဲမှုအတွင်း ၅ ယောက်ထက်မနည်း အဖမ်းခံရပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ရန်ကုန်မြို့မှာ ဒီနေ့ မြို့နယ် နှစ်ခုလောက်မှာသာ လုပ်နိုင်ခဲ့ကြပါတယ်။ ပြည်သူတွေဘက်က ပူးပေါင်းပါဝင်မှု နည်းလာတဲ့အတွက် အရင်လို သပိတ်စစ်ကြောင်းတွေထွက်ဖို့ အခက်အခဲဖြစ်လာတယ်လို့ ဆန္ဒပြကြသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာရယူထားပြီး ရက်ပေါင်း ၁၀၀ ကျော်လာတဲ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ နိုင်ငံတစ်ဝှမ်းနေရာအနှံ့ ဆက်ရှိနေသလို စစ်ကောင်စီတပ်တွေကလည်း အကြမ်းဖက်ဖြိုခွဲဖမ်းဆီးတာတွေ ဆက်လုပ်နေပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေကြား လူတန်းစားအလွှာစုံအသီးသီး အခက်ကြုံနေရချိန်မှာ အာဏာသိမ်းကာလ ရက်ပေါင်း ၁၀၀ ရှိလာချိန်မှာတော့ အလယ်လတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေမှာ ပိုပြီးအထိနာလာပါတယ်။
စစ်တပ်က အာဏာသိမ်းထားတာ ရက်ပေါင်း ၁၀၀ ပြည့်တဲ့ဒီနေ့မှာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ အရင်ရက်တွေကထက် ပိုတိုးလာပါတယ်။ ရန်ကုန်မြို့က ဆန္ဒပြပွဲမှာ ပါဝင်သူတွေ အရင်ရက်တွေကနည်း ပိုများခဲ့ပေမဲ့ အဖမ်းအဆီး မရှိခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေထဲက တချို့နေရာတွေမှာ ဒီနေ့ လူအင်အားဟာ အရင်ရက်တွေထက် နည်းနည်း ပိုလာတာတေ့ွရပါတယ်။ ဖားကန့်မြို့မှာ မှော်ပေါင်းစုံသပိတ်၊ ထားဝယ်မြို့မှာ အဖြူရောင်အကျီ ၤဝတ်ဆင်လှုပ်ရှားမှု၊ မုံရွာမြို့မှာ ထီးသပိတ်စသဖြင့် လှုပ်ရှားကြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ စိုးရိမ်ကြတဲ့ ပြည်သူတွေဟာ အစိုးရဘဏ်တွေရော ပုဂ္ဂလိက ဘဏ်တွေမှာပါ အပ်နှံထားတဲ့ ငွေတွေကို ထုတ်ယူနေကြပါတယ်
မနေ့ညက ဗဟန်းမြို့နယ်ထဲမှာ ပေါက်ကွဲမှုတခုကတော့ လက်လုပ်မိုင်းစမ်းသပ်စဉ် ပေါက်ကွဲတာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး အဲဒီပေါက်ကွဲမှုကြောင့် MMA သိုင်းပေါင်းစုံကစားသမား ဖိုးသော်နဲ့ လူငယ် ၃ ယောက်ကို ဖမ်းဆီးထားပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ စစ်တပ်အာဏာသိမ်းပြီး သုံးလကျော်ကြာတဲ့အထိ စစ်ကောင်စီတပ်တွေက ပြည်သူအပေါ် ဖိနှိပ်အုပ်ချုပ်ဖို့ ကြိုးစားနေပေမဲ့ စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုတွေကတော့ ရပ်မသွားသေးပါဘူး။
စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းအလုပ်လက်မဲ့ဦးရေ ပေါများတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရချိန် အခြေခံစားကုန် ကုန်ပစ္စည်းတချို့ဈေးနှုန်းတက်လာတာမို့ စားဝတ်နေရေးကျပ်တည်းတဲ့ ပြဿနာတွေနဲ့ပါ ပြည်သူအများစု ရင်ဆိုင်နေကြရပါတယ်။
စစ်အာဏာသိမ်း အုပ်ချုပ်မှုကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ကြောင်း ရတဲ့နည်းနဲ့ ရှိတဲ့အင်အားသုံးပြီး လူငယ်တွေ ဒီနေ့လည်း ဆန္ဒပြကြပါတယ်။ ရန်ကုန်မြို့ စမ်းချောင်းနဲ့ ကြည့်မြင်တိုင်မြို့နယ်က လူငယ်တွေ စုပေါင်းပြီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဒီကနေ့ မနက်ပိုင်းမှာ ဗဟိုလမ်းမပေါ်စုဝေးပြီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်အာဏာသိမ်းအုပ်ချုပ်နေတာ ၃ လကျော်ပြီဖြစ်ပေမဲ့ ပြည်သူတွေဟာ စစ်အာဏာရှင်တွေအပေါ် ဇွဲမလျော့ ဆက်လက် ဆန့်ကျင်နေကြပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန် တင်ပြပါမယ်။
စစ်အာဏာသိမ်းတာ ရက်ပေါင်း ၈၀ ကျော် ကြာလာချိန်အထိ အကြမ်းဖက်ဖိနှိပ်ခံရမှုတွေ အမျိုးမျိုးကြား ပြည်သူတွေဟာ အာဏာရှင်စနစ်ကို ရရာနည်းနဲ့ ဆန့်ကျင်နေကြတုန်းပါ။
စစ်တပ်အာဏာသိမ်း အုပ်ချုပ်မှုကို ဆန့်ကျင်ကြတဲ့ လ ျှပ်တပြက် ဆန္ဒပြမှုတွေ ဒီနေ့လည်း ရန်ကုန်မှာ ပြုလုပ်ခဲ့ကြပါတယ်။ အလားတူ မန္တလေး၊ ကလေးစတဲ့ တခြားမြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။ ကယားပြည်နယ် ဒီမောဆိုမြို့မှာတော့ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ပါတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံ အာဆီယံခေါင်းဆောင်တွေ တေ့ွဆုံဆွေးနွေးပြီး ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဟာ ပြည်တွင်းက ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေတယ်လို့ ဆန္ဒပြသူတွေက ပြောလိုက်ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်သူတွေရဲ့ သဘောထားအမြင်နဲ့ပါတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန် ကတင်ပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်