ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေအတွင်းက စစ်ရှောင်စခန်းတခုမှာ မိုးအပြင်းအထန်ရွာပြီး မြေပြိုတဲ့အတွက် လူသေဆုံးမှုရှိခဲ့ပါတယ်။ မိုးကုတ်မှာလည်း မြေပြိုမှုကြောင့် ကလေးငယ်တဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပါတယ်။
ဒီကနေ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့နောက် စစ်ကောင်စီတပ်တွေ ရောက်လာပြီး လမ်းတွေပိတ်ဆိုပြီး လမ်းသွားလမ်းလာတွေကို ခေါ်ယူစစ်ဆေးတာတွေ ရပ်ကွက်တွေထဲထိဝင်ရောက် ရှာဖွေ စစ်ဆေးနေပြီး ဒီကနေ့တနေ့လုံး ရန်ကုန်မြို့ထဲ လမ်းတွေပေါ်မှာလည်း လုံခြုံရေးတွေတင်းကြပ်ထားပါတယ်။
မနေ့က ၈ လေးလုံး ၃၃ နှစ်ပြည့်အထိမ်းအမှတ် ဆန္ဒပြပွဲတွေရှိခဲ့သလို ဒီနေ့လည်း ရန်ကုန်မှာ စစ်အာဏာရှင်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ GSC ကဦးဆောင်ပြီးမပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး တို့အတူရုန်း’ ဆိုတဲ့ ခေါင်းစည်းစာတန်းနဲ့ အချိန်တိုဆန္ဒပြပွဲမှာ အလုပ်သမားတွေနဲ့ ကျောင်းသားတွေလည်း ပါဝင်ခဲ့ကြပါတယ်။
စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ပျက်ပြယ်ကြောင်း ကြေညာချက်ဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ကို နောက်ပြန်ဆုတ်စေတဲ့လုပ်ရပ်ဖြစ်ကြောင်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာနေတာဟာ အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ရုတ်ခြည်း ပြန်လည် ဆုတ်ခွာနေတာကြောင့် ဖြစ်တယ်လို့ အာဖဂန်သမ္မတ Ashraf Ghani က တနင်္လာနေ့က ပြောဆိုလိုက်ပါတယ်။ VOA သတင်းထောက် Sayed Hasib Maududi ပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးပါမယ်။
အာဏာသိမ်းပြီး ၆ လအကြာမှာ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုကော်မတီကို အိမ်စောင့် အစိုးရအဖြစ် နာမည်ပြောင်းလဲလိုက်ပါတယ်။ အိမ်စောင့်အစိုးရအနေနဲ့ အခုလိုအမည်ပြောင်းလဲပေမယ့် နိုင်ငံရေးမှာ သိပ်ပြီးထူးထူးခြားခြားပြောင်းလဲလာစရာမမြင်ဘူးလို့ တိုင်းရင်းသားအဖွဲ့အစည်းအတော်မျာများက ယူဆပါတယ်။
သဘာဝဘေးဒဏ်ရော ကိုဗစ်ရောဂါကပ်ဘေးဒဏ်နဲ့ပါရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် သူတို့ခိုလှုံနေထိုင်တဲ့တဲကလေးတွေ ခိုင်မာအောင်ဆောက်လုပ်ပေးဖို့နဲ့ ကိုဗစ်ကာကွယ်ဆေး အားလုံးထိုးပေးနိုင်အောင် စီစဉ်ပေးပါလို့လည်း တောင်းဆိုကြပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နားမှာ ဗဟိုပြုပြီး ပြင်းအား ၆.၃ အဆင့်ရှိတဲ့ မြေငလျင်တခု ဒီကနေ့မွန်းလွဲ ၃ နာရီဝန်းကျင်လောက်က လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ငယ်လေးတွေ လှုပ်နိုင်တာကြောင့် အဲဒီဒေသပတ်ဝန်းကျင်က လူထုအနေနဲ့ သတိထားဖို့ မိုးလေဝသနဲ့ ဇလဗေဒ ဗွီအိုအေကို ပြော
မြန်မာနိုင်ငံမှာ အခုရက်ပိုင်းတွေအတွင်း တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ရေဘေးသင့် ပြည်သူတွေ ထောင်နဲ့ချီရှိတယ်လို့ ပရဟိတအကူအညီပေးတွေက ပြောပါတယ်။
ရန်ကုန်တိုင်းထဲက ရေဝေး၊ ထိန်ပင်၊ ကျီစုနဲ့ ကျူချောင် သုသာန်တွေမှာ မြို့နယ်အလိုက် အလောင်းတွေကိုသဂြိုၤလ်ဖို့ စည်ပင်သာယာကော်မတီက မေတ္တာရပ်ခံထားပါတယ်။ မီးသဂြိုၤလ်ဖို့ရောက်လာတဲ့ အလောင်းတွေကို ညအချိန်ထိ သဂြိုၤလ်နေရတဲ့ အခြေအနေကြောင့် အခုလို ခွဲပြီးသတ်မှတ်လိုက်တာပါ။
မြန်မာနိုင်ငံအတွင်း ဒီကနေ့ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူတချို့ သတ်ခံရတာတွေရှိသလို ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေလည်း ဖြစ်နေပါတယ်။ တဘက်မှာလည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေလည်း နေရာဒေသ အတော်များများမှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။
ကပ်ရောဂါတတိယလှိုင်းဒဏ်ကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ နေမကောင်းသူတော်တော်များများ ခန္ဓာကိုယ်ထဲမှာ အောက်စီဂျင်ပမာဏကျလို့ အောက်စီဂျင် အလွန်အမင်းလိုအပ်နေကြပါတယ်။
ကိုဗစ်အတည်ပြုလူနာနဲ့ သံသယလူနာတွေအတွက် အောက်စီဂျင်အလုံအလောက်မရှိတဲ့ ပြဿနာမြန်မာနိုင်ငံမှာ တော်တော်လေး ကြီးမားနေပါတယ်။ ဆေးရုံ၊ ဆေးခန်းနဲ့ ပရဟိတ အသင်းအဖွဲ့တွေ အများဆုံးရှိတဲ့ ရန်ကုန်မြို့မှာတောင် အောက်ဆီဂျင်ဗူးတွေ လိုသလောက်မရနိုင်တော့တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။
မြန်မာနိုင်ငံတွင်း ကိုဗစ်တတိယလှိုင်းမှာ အတည်ပြုလူနာနဲ့ သေဆုံးသူဦးရေဟာ အချိန်တိုအတွင်းမှာပဲ တိုးလာနေတယ်လို့ ကိုဗစ်တိုက်ဖျက်ရာမှာ ပါဝင်သူတွေက ပြောပါတယ်။ စစ်အာဏာသိမ်းပြီး နိုင်ငံတွင်းအခြေအနေတွေကြောင့် ကပ်ရောဂါထိန်းချုပ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာလည်း အရင်လှိုင်းဒဏ်တွေတုန်းကထက် ပိုခက်ခဲနေ
ဒီကနေ့မှာ နိုင်ငံတစ်ဝန်းက မြို့တွေမှာ သမိုင်းဝင် 7 ဇူလိုင်နေ့ အထိမ်းအမှတ် လျပ်တပြတ် ချီတက်ဆန္ဒပြပွဲတွေ လုပ်ကြပါတယ်။့ လက်ရှိ အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ကျောင်းသား လူငယ်တွေဦးဆောင်ပြီး ချီတက်ဆန္ဒပြမှုတွေ ရန်ကုန်အပါအဝင် မြို့နယ်အတော်များများမှာ ပြုလုပ်
အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရသူတွေရဲ့ အမှုတွေကို ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင်းက အထူးတရားရုံးတွေမှာ စစ်ဆေးနေတာ ကိုဗစ်ကြောင့် ယာယီရပ်ဆိုင်းထားတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို မလျော်ကန်တဲ့လုပ်ထုံးလုပ်နည်းတွေနဲ့တရားစွဲထားတယ်လို့ ယူဆကြောင်း "Undue Process" လို့ သုံးနှုန်း သုံးသပ်ခဲ့ပြီး ဥပဒေပညာရှင်တွေအနေနဲ့ဒါကို ရအောင်ဖော်ဖို့လိုအပ်ကြောင်း” ပြောခဲ့တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။
ရန်ကုန်အပါအဝင် မြို့နယ်တစ်ချို့မှာ ဒီကနေ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ရန်ကုန် မြေနီကုန်း ဂုံးတံတားအောက်က ယာဉ်ထိန်း ကင်းရုံမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုမှာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တပ်မတော်ဆေးရုံမှာ ကုသပေးနေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကချင်ဗန်းမော်ခရိုင်နဲ့ ချင်းပြည်နယ်ထဲက တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တချို့ သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးရောဂါတွေ ဖြစ်နေကြပါတယ်။ လူတွေပြွတ်သိပ်နေကြရတဲ့ ဗန်းမော်မြို့က ဒုက္ခသည်စခန်းထဲက ကလေးငယ်တွေ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်နေ
ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အမှု ၂ ခုအတွက် သူ့ရဲ့ရှေ့နေတွေဘက်က သက်သေကိုပြန်လှန်မေးတဲ့ မေးခွန်းတွေအပေါ် တဘက်က ကန့်ကွက်တာကြောင့် အထက်တရားရုံးကို တင်ပြသွားဖို့ရှိတယ်လို့ ရှေ့နေတွေကပြောပါ တယ်။ ဒီကနေ့ အမှုစစ်ဆေး မှု အခြေအနေတွေနဲ့ပတ်သတ်လို့ ရန်ကုန်ကပေးပို့တဲ့သတင်းကို မဆုမွန် ပြောပြ ပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်