အာဆီယံနဲ့မြန်မာကြား သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက အကောင်အထည်မဖော်သရွေ့ အာဆီဆံနဲ့သက်ဆိုင်တဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာပါဝင်နိုင်မယ့် အလားအလာ မရှိနိုင်ဘူးလို့ လေ့လာသူတချို့က သုံးသပ်ပါတယ်။
"သူတို့သင်တန်းသား အသစ်တွေနဲ့ တူပါတယ်။ နယ်ကနေလာကြတော့ သူတို့ swab ယူလိုက်တာ positive ၁၉ ယောက် ထွက်တယ်။ သူတို့အခြေအနေကတော့ အကုန်ကျန်းကျန်းမာမာပါပဲ။"ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ)
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးပူပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေတာ ဒီနေ့ နိုဝင်ဘာ ၄ ရက်မှာ ၃ ရက်ဆက်တိုက်ရှိနေပြီး တိုက်ပွဲဖြစ်တဲ့အနီးအနားက ရွာ လေးရွာထက်မနည်း ရွာလုံးကျွတ် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
မြန်မာနိုင်ငံမှာ ကျောင်းတွေ ပြန်ဖွင့်နေချိန် ကျောင်းတချို့နားမှာ အသေးစား ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) နာယက ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်အောင်လုပ်မှု ပုဒ်မ ၁၂၄ - က နဲ့ နေပြည်တော်တရားရုံးတခုမှာ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါပြီ။
ကယားပြည်နယ် မိုးဗြဲမြို့ပေါ် မနေ့ အောက်တိုဘာ ၂၄ ရက်မှာ စစ်ယာဉ်တန်းတခုအပေါ် ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် စည်ကား (၁) ရပ်ကွက်အတွင်း လက်နက်ကြီးကျည်ကျခဲ့လို့ အမျိုးသမီးတဦးသေဆုံးပြီး ကလေးငယ် ၂ ယောက်အပါအဝင် ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ကယားပြည်နယ် ဘောလခဲ၊ ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ အောက်တိုဘာ ၂၁ ရက် ညနေက KA၊ KNDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ကြောင်း KNDF က ပြောသလို တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ဒေသခံတွေအနက် အစာရေစာပြတ်မှုကြောင့် သေဆုံးသူ ၄ ဦး ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အနည်းဆုံး သိန်း ၂၀၀ အောက်ဆို ရှောရှောလျှူလျှူ ထုတ်ပေးဖို့ဆိုလား... စီမံချက်ညွှန်ကြားတာတွေ ထွက်လာတာလည်း မြင်ခဲ့တာပဲ။ ဒါပေမယ့် တကယ်လက်တွေ့မှာကျတော့ တပတ် ၅ သိန်းကို အခုထက်ထိ ဘဏ်မန်နေဂျာနဲ့ တွေ့ပြီးတော့ အရမ်းကျေးဇူးပြုခိုင်းပြီးတော့ လိုက်ထုတ်နေရတဲ့ အနေအထားဖြစ်နေသေးတာပေါ့နော်။” (ဟိုတယ်လ်လုပ်ငန်းရှင်)
‘တော်လှန်သီတင်းကျွတ် မီးတောက်တွေနဲ့ အာဏာရှင်ကို လောင်ကျွမ်းစေ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မန္တလေးက ချီတက် ဆန္ဒပြပွဲကို စစ်ကောင်စီတပ်တွေက ကားနဲ့ဝင်တိုက်ပြီး လူငယ် ၇ ယောက်ထက်မနည်း ဒီနေ့ ဖမ်းဆီးသွားခဲ့ပါတယ်ရ။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းထဲမှာအသတ်ခံလိုက်ရတဲ့ ရိုဟင်ဂျာခေါင်းဆောင်ရဲ့ဈာပနကို ကြာသပတေးနေ့ညနေပိုင်းမှာ ကျင်းပပြီး စခန်းအသီးသီးက ရိုဟင်ဂျာဒုက္ခသည် သိန်းချီ တက်ရောက်ခဲ့ကြပြီး စစ်တပ်၊ ရဲတပ်နဲ့စခန်းလုံခြုံရေးအင်အားလည်း တိုးပြီးချထားပါတယ်။
"ဒီနေ့က ၂,၂၃၀ နဲ့ ဝယ်ပြီး ၂,၂၉၀ နဲ့ ပြန်ရောင်းပေးပါတယ်။ အခုချိန်မှာ ဈေးတက်တော့ လာမရောင်းဘဲနဲ့ အဝယ်တွေပဲများတာပေါ့။ ဈေးတအားတက်တော့ ပြန်ရောင်းပေးဖို့လည်း မရှိဘူးပေါ့နော်... ကျမယ်ဆိုရင်လည်း အရမ်းကျမှာဆိုတော့လေ နည်းနည်းအန္တရာယ်များတယ်ပေါ့။"(ရန်ကုန် ငွေလဲကောင်တာ တခုမှ အရောင်းစာရေး)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတချို့က နေအိမ်တွေကို စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူ ၇ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံ မျက်မြင်သက်သေတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်တပ်က အဲ့ဒီဒေသတစ်ဝိုက်မှာ တစ်ရွာဝင်တစ်ရွာထွက် ဝင်ရောက်မွှေနှောက်နေ
စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ပြည်သူလူထုရဲ့ တော်လှန်ရေး စတင်ပြီလို့ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဒီနေ့ စက်တင်ဘာလ ၇ ရက်မှာ ကြေညာလိုက်ပြီး မကြာခင်မှာပဲ နိုင်ငံအနှံ့က မြို့ ရွာတွေမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးကို တိုးမြှင့်လုပ်နေပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရွာတွေကို ပြီးခဲ့တဲ့ သီတင်းပါတ်ကုန်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် ရွာပေါင်း ၁၃ ရွာလောက်က ရွာသူ ရွာသား ထောင်နဲ့ချီ အိုးအိမ်စွန့်ထွက်ပြေးနေကြရပါတယ်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကျေးတချို့ရွာတွေကို စစ်တပ်က ဝင်ရောက်နယ်မြေရှင်းလင်းရေးလုပ်နေတာမှာ ရွာသားတချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်တွေ ဝင်လာလို့ ထွက်ပြေးနေကြရတဲ့ ရွာသားတွေဟာလည်း နေရပ် မပြန်ရဲကြသေးဘဲ ဒုက္ခရောက်နေကြပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC က နိုင်ငံရေးပါတီတွေကို ငွေကြေးနဲ့ပိုင်ဆိုင်မှုပစ္စည်းတွေနဲ့ ပါတီအင်အား တွေနဲ့ပတ်သတ် လို့ စစ်ဆေးမှု တွေစတင်ပြုလုပ်နေရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP တို့အပါအဝင် နိုင်ငံရေးပါတီတချို့ စစ်ဆေးခံနေရ
ဒေါ်အောင်ဆန်းစုကြည်ကို အမှုကိစ္စတွေ တိုင်ပင်နိုင်ဖို့တွေ့ဆုံခွင့်ရနိုင်ဖို့ကို တင်ပြထားတယ်လို့ ရှေ့နေအဖွဲ့ကပြောလိုက်ပါတယ်။လက်ရှိမှာ ကိုဗစ်ထိန်းချုပ်ဖို့ဆိုပြီး ပိတ်တဲ့ရုံးပိတ်ရက်တွေကြောင့် ရုံးချိန်းတွေရပ်ထားရပြီး ရှေ့နေအဖွဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ခွင့် မရတာ ၁လခွဲကျော် ရှိပြီလို့ဆိုပါတယ်။
ရခိုင်မြောက်ပိုင်းမှာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားခံခဲ့ရတဲ့ လေးနှစ်မြောက်နှစ်ပတ်လည်နေ့ မှာ အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ လက်ရှိစစ်အာဏာရှင်လက်အောက်က ဒုက္ခတွေ့နေရတဲ့ မြန်မာပြည်သူတွေအတွက် တရားမျှတမှုရဖို့ ကော့်ဇ်ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်တွေ ဝတ်ပြု ဆုတောင်း
“ဖြစ်ပျက်နေတဲ့အခြေအနေတွေကို ထောက်ပြရေးသားဖို့ဆိုတာ သတင်းသမားတွေရဲ့ အဓိကတာဝန်ပဲဖြစ်ပါတယ်။ အဲ့ဒီ့လို မှန်မှန်ကန်ကန်ထောက်ပြရေးသားနေတဲ့ သတင်းသမားတွေကတဆင့် ပြည်သူတွေကြားကအသံကို သိအောင်နားထောင်ဖို့ လိုအပ်လိမ့်မယ်"လို့ပဲ ကျနော် အာဏာပိုင်တွေကိုပြောချင်ပါတယ်။” (ဦးသန်းလွင်ထွန်း၊ ဗွီအိုအေဌာနမှူး)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်က ကျေးရွာတွေမှာ လက်နက်လုပ်တဲ့အစိတ်အပိုင်းတွေလုပ်ပေးနေတယ်ဆိုတဲ့သတင်းကြောင်း စစ်ကောင်စီတပ်ဘက်က လက်နက်အင်အားအပြည့်နဲ့ဝင်ရောက် ရှာဖွေ ဖမ်းဆီးတာတွေရှိနေပြီး ရွာပေါင်း ၁၅ ရွာထက်မနည်းက လူငယ်လူလတ်ပိုင်းတွေ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်