သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီငြိမ်းချမ်းရေးဖိတ်ခေါ်ချက် တိုင်းရင်းသားများ တုံ့ပြန်မှု


ရန်ကုန်မြို့မှာကျင်းပတဲ့ ၇၃ ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား စစ်ရေးပြအခမ်းအနား (ဖေဖေါ်ဝါရီ ၁၂၊ ၂၀၂၀) 
ရန်ကုန်မြို့မှာကျင်းပတဲ့ ၇၃ ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား စစ်ရေးပြအခမ်းအနား (ဖေဖေါ်ဝါရီ ၁၂၊ ၂၀၂၀) 

[[Zawgyi/Unicode}}

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲတွေတက်ရောက်ဖို့ စစ်ကောင်စီက ဖိတ်ကြားထားတဲ့အပေါ် NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တဖွဲ့ချင်း ဆုံးဖြတ်တုံ့ပြန်သွားကြမှာဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အများစုကတော့ ဆွေးနွေးပွဲတက်ရေး၊ မတက်ရေးဆိုတာကို အဖွဲ့တွင်း ညှိနှိုင်းနေကြဆဲဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့ အဖွဲ့တွေကလွဲလို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေသာမက မထိုးသေးတဲ့အဖွဲ့တွေပါ ထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲတွေ တက်ရောက်ပါလို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၆ ရက်နေ့က ကြေညာချက်ထုတ် ဖိတ်ခေါ်ထားပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်ကျရောက်မယ့် စိန်ရတု အထိမ်းအမှတ် ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားတဲ့တချိန်တည်းမှာ ထာဝရငြိမ်းချမ်းရေးဆွေးနွေးဖို့ကိုပါ ဖိတ်ခေါ်တာဖြစ်ပါတယ်။ ဒီဖိတ်ခေါ်ချက်ကြောင့် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST က ဒီကနေ့ အရေးပေါ် အစည်းအဝေးခေါ်ယူပြီး စစ်ကောင်စီဖိတ်ခေါ်တဲ့ ထာဝရငြိမ်းချမ်းရေးအကြို ညှိနှိုင်းဆွေးနွေးပွဲတွေ တက် မတက်ကိစ္စဆွေးနွေးခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ ဖိတ်ကြားချက်ကို PPST အဖွဲ့အနေနဲ့ မဆုံးဖြတ်ဘဲ အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ တခုချင်းစီကဆုံးဖြတ်ကြဖို့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ PPST ယာယီအလုပ်အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက VOA ကို ပြောပါတယ်။

“သူတို့ ဖိတ်ပုံဖိတ်နည်းကတော့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းများလို့ ဖိတ်တာပဲ။ ဒါဆိုတော့ အဖွဲ့အစည်း တဖွဲ့ချင်းကိုဖိတ်တဲ့သဘောမျိုးပေါ့ဗျာ။ အဲဒါ ကျနော်တို့က ဒီနေ့ အရေးပေါ် ဦးဆောင်ကော်မတီ အဖွဲ့အစည်းအဝေး ဒီနေ့ ခေါ်တော့။ အဲဒါကို PPST အနေနဲ့ မဆုံးဖြတ်ဘဲနဲ့ တဖွဲချင်း မိမိရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ လုပ်ကြပါလို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အဲဒီလိုပဲ တဖွဲ့ချင်းက သွားမလား၊ မသွားလား ကိုယ့်ဖာကိုယ်ဆုံးဖြတ်ပေါ့ဗျာ။”

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ နာယကလည်းဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ သူတို့အဖွဲ့အနေနဲ့ သွားသင့်တယ်လို့ အကြံပြုထားတယ်လို့ ခုလိုပြောပါတယ်။

“PNLO ကိုတော့ ကျနော်တော့ ဥက္ကဌ ခွန်သူရိန်ကိုတော့ ပြောထားတာပဲ။ သွားဖို့ သင့်ပါတယ်ဆိုပြီးတော့။ ကျနော်တို့ PNLO ကတော့ ဗဟိုက တောင်ကြီး ပတ်ဝန်းကျင်မှာဆိုတော့ သူတို့ ဆုံးဖြတ်တာ ကျနော် မသိသေးဘူးဗျ။”

စစ်ကောင်စီရဲ့ စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားနဲ့ ထာဝရငြိမ်းချမ်းရေးအကြိုဆွေးနွေးပွဲကို တက် မတက်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူး ခမ်းစံက ပြောပါတယ်။

“ကျနော်တို့ စာထွက်တာတော့ တွေ့တယ်ခင်ဗျ။ သွားမလား၊ မသွားဘူးလားဆိုတာတော့ ကျနော်တို့ ဆုံးဖြတ်တာ မရှိသေးဘူးခင်ဗျ။”

မွန်ပြည်သစ်ပါတီ NMSP ကလည်း ဆွေးနွေးနေဆဲပဲလို့ အဖွဲ့ ဒုဥက္ကဌ နိုင်အောင်မငေးက ပြောပါတယ်။

“အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ CEC မှာ ဆွေးနွေးနေတာ မကျသေးဘူး။ အစည်းအဝေးထိုင်နေတုန်းပဲ ဖြစ်တယ်။ တခြားအဖွဲ့အစည်းတွေလည်း အကြံပြုချက်တွေလည်း တောင်းခံနေရင်းနဲ့ တဘက်နဲ့တဘက် ချိတ်ဆက်မှုညီအောင်ပေ့ါနော်။ အပြန်အလှန် ဆွေးနွေးနေကြတာပေါ့နော်။”

ကရင်လက်နက်ကိုင် KNU ကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ UWSA ဝ အဖွဲ့ ပြောခွင့်ရသူကတော့ ဌာနချုပ်က သဘောထားထုတ်ပြန်တာမရှိသေးကြောင်း ပြောပါတယ်။

ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သူတို့ မဟာမိတ်တွေကြား ဆွေးနွေးတာမရှိသေးတဲ့အတွက် မှတ်ချက် မပေးနိုင်သေးကြောင်း ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဆီကို တရားဝင် ဆက်သွယ်လာတာတော့ မရှိသေးဘူးဗျ။ နောက်တချက်ကတော့ ကျနော်တို့ရဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့အစည်းတွေကြားထဲမှာလည်းပဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တိုင်ပင်ဆွေးနွေးတာ မလုပ်ရသေးဘူး။ ဒါကြောင့်မို့လို လောလောဆယ်မှာတော့ ဘာမှ မှတ်ချက် ပေးစရာမရှိသေးဘူး။”

စစ်ကောင်စီတပ်တွေနဲ့ AA အကြားမှာ အခုရက်ပိုင်း ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

NCA ကို လက်မှတ် မရေးထိုးသေးတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်နဲ့ PSLF တအန်း (ပလောင်) အဖွဲ့တွေရဲ့သဘောထားကိုသိနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။ PSLF/ TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA၊ တအာင်းတပ်မတော် TNLA နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ တက်ရောက်မှာ မဟုတ်ဘူးလို့ ရွှေဖီမြေသတင်းဌာနကို ပြောကြားထားတာကို သတင်းမှာ ကိုးကားဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလက နေပြည်တော်မှာကျင်းပခဲ့တဲ့ NCA လက်မှတ်ထိုးမှု ၆ နှစ်ပြည့်အခမ်းအနားတုန်းကတော့ NCA လက်မှတ်ထိုး ၁၀ ဖွဲ့အနက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA –PC ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ တက်ရောက်ပြီး မွန်ပြည်သစ်ပါတီ NMSP၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ကတော့ online ကနေ တက်ရောက်ပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ရှိပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ ဒေသအနှံ့မှာ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တွေဖွဲ့စည်းပြီး စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်တာတွေ ရှိနေခဲ့ပါတယ်။ စစ်ကောင်စီဘက်က PDF အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Zawgyi/Unicode}}






ပအိုဝျးအမြိုးသားလှတျမွောကျရေးအဖှဲ့ခြုပျ PNLO ရဲ့ နာယကလညျးဖွဈတဲ့ ဗိုလျမှူးကွီး ခှနျဥက်ကာကတော့ သူတို့အဖှဲ့အနနေဲ့ သှားသင့ျတယျလို့ အကွံပွုထားတယျလို့ ခုလိုပွောပါတယျ။












===========

XS
SM
MD
LG