မြန်မာစစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အိမ်နီးချင်း အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခိုလုံခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေထဲက အယောက် ၅၀ ကျော် မဏိပူရပြည်နယ်ထဲမှာ ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်လို့ လူသားချင်း စာနာထောက်ထားပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ ဒုက္ခသည်ရေးရာ ကော်မတီ က တောင်းဆိုလိုက်ပါတယ်။
ဒီကုမ္ပဏီပိုင် Zara တံဆိပ် အဝတ်အထည်တွေကို လက်ခံချုပ်လုပ်ပေးနေတဲ့ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီက အလုပ်သမားတချို့ကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ဆက်မလုပ်ဖို့ နိုင်ငံတကာ အလုပ်သမား သမဂ္ဂတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ဖိအားပေး တိုက်တွန်းနေတာပါ။
အလုပ်သမားအခွင့်အရေး တောင်းဆိုမှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ အထည်ချုပ်စက်ရုံတခုက အလုပ်သမားတချို့ကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတဝန်းက ပြည်သူတွေနဲ့ သပိတ်အဖွဲ့တွေ၊ တော်လှန်ရေး အဖွဲ့တွေက မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်တွေ ပြုလုပ်ခဲ့ကြသလို သပိတ်အဖွဲ့တွေက နိုင်ငံရေးနဲ့ပတ်သက်ပြီး သပိတ်တရား ဟောတာတွေနဲ့ ခွန်အားဖြည့်မိငယ် သီချင်းကိုလည်း သီဆိုခဲ့ကြပါတယ်။
အရှိန်မြင့်နေတဲ့ နွေဦးတော်လှန်ရေး ရေချိန်ကို ပြည်သူတွေအနေနဲ့ ဆက်ထိန်းထားပြီး အာဏာရှင်စနစ်ကိုအမြစ်ပြတ်တွန်းလှန်ကြဖို့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ မယ်ရီလန်းပြည်နယ်မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ်မွေးနေ့ပွဲမှာ ပြေကြားတာပါ။ ကိုစံကျော်ပြောပြပါမယ်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းအရေးလုပ်ဆောင်နေတဲ့ ကွန်ရက်တချို့နဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာအများစု နိုင်ရထားတဲ့ပါတီတို့တွေ့ဆုံပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကိစ္စကို ဆွေးနွေးဖို့ရှိပါတယ်။ ထိုင်းအစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံသားတွေအပေါ် ထားရှိမယ့်မူဝါဒ၊ ဆွေးနွေးကြမှာပါ။ ကိုစံကျော်က ပြောပြမှာပါ။
ထိုင်းအစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံသားတွေအပေါ် ထားရှိမဲ့မူဝါဒ၊ မြန်မာ ဒုက္ခသည်အခြေအနေ စတာတွေကို အဓိကထားပြီး ဆွေးနွေးကြမှာပါ။
မုန်တိုင်းဒဏ်သင့် ရခိုင်မြောက်ပိုင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ ကူညီ ကယ်ဆယ်ရေးတွေ မရှိတာကြောင့် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောဆိုကြပါတယ်။
ကယား ခေါ် ကရင်နီပြည်နယ်က နိုင်ငံရေးအင်အားစုတွေက ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ဖွဲ့စည်းလိုက်တဲ့အပေါ် တိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေက ကြိုဆိုခဲ့သလို ဒါဟာ နိုင်ငံရေးအရ ခြေလှမ်းတဆင့်တိုးလာမှုအဖြစ် ရှုမြင်ကြပါတယ်။
ရခိုင်မြောက်ပိုင်းမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ခွင့်ပြုမိန့်ရရှိတဲ့ အဖွဲ့အစည်းတွေသာ တရားဝင် သွားလာကူညီခွင့်ရှိတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
တရုတ် ဝမ်တိန်နယ်စပ် ဂိုထောင်တွေထဲက မြန်မာကုန်သည်တွေရဲ့ အမေရိကန်ဒေါ်လာ ဆယ်သန်းလောက် တန်ကြေးရှိတဲ့ ကုန်စည်တွေကို အခွန်မဆောင်ဘူးဆိုပြီး တရုတ်ယူနန် အာဏာပိုင်တွေက သိမ်းဆည်းလိုက်ပါတယ်။
မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်မြောက်ပိုင်းမှာ ဇွန်လ (၁) ရက်နေ့ကတည်းက ကျောင်းတွေပြန် ဖွင့်ထားပေမယ့် တချို့ဒေသတွေမှာ ဒီကနေ့အထိ ကျောင်းမတက်ရသေးဘူးလို့ ပညာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ မုန်တိုင်းကြောင့် ပျက်သွားတဲ့ ကျောင်းတွေကို ပြန်ပြင်နေတာတွေ ရှိတယ်လို့လည်း ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ တရုတ်ယွမ်ငွေကိုသုံးဖို့နဲ့ ယွမ်ငွေစာရင်းဖွင့်မှ ကုန်သွယ်လိုင်စင် ထုတ်ပေးမယ်ဆိုတဲ့ မြန်မာဗဟိုဘဏ်ရဲ့ မူဝါဒ အပြောင်းအလဲတချို့ကြောင့် နယ်စပ်မှာ ကုန်သွယ်ရေးတန်ဖိုး ကျဆင်းသွားတယ်လို့ မြန်မာကုန်သည်တွေက ပြောပါတယ်။
ဒီကနေ့ မနက်အစောပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အမှတ်၂ ရဲစခန်းနဲ့ စစ်ကောင်စီ တပ်စခန်းနေရာတွေကို MNDAA ခေါ် ကိုးကန့် တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း နဲ့ တနင်္ဂနွေနေ့ ညပိုင်းက သိန္နီမြို့ အဝင် တံတားမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ သီတင်း ၁ ပတ်ကျော် ကြာလာတဲ့အထိ အကူအညီတွေ ထိထိရောက်ရောက် မရသေးတဲ့အပေါ် ဒေသခံ အကူအညီပေးရေး အဖွဲ့တွေ စိုးရိမ်နေကြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ ခုဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF တို့ မဟာမိတ်အဖြစ် ဆက်လက် ရပ်တည်ဖို့ သဘောတူလိုက်တဲ့အပေါ် ဒေသခံတွေက ကြိုဆိုလိုက်ကြပါတယ်။
မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ဒေသတွေမှာ ကူညီကယ်ဆယ်ရေးတွေ အားနည်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ စာနာမှု အကူအညီပေးရေး အဖွဲ့တွေက အရေးပေါ်အကူအညီတွေ အချိန်မီ မရမှာ စိုးရိမ်နေချိန်မှာပဲ ဒေသခံတွေကလည်း အကူအညီတွေ မရပဲ အခက်ကြုံနေရတာပါ။
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲမှာဒီမိုကရေစီ လိုလားတဲ့အတိုက်အခံပါတီတွေကတဖက်၊စစ်တပ် ဗိုလ်ချုပ်ကြီးတွေနဲ့ လက်တွဲဘက်ပါတီေ တွက တဘက်ဖြစ်လာပါတယ်။စစ်တမ်းတွေအရ လူကြိုက်များလာတဲ့Move Forwardပါတီကတော့ထိုင်းနိုင်ငံရဲ့နိုင်ငံရေးနဲ့ စီးပွားရေးကို အဓိက အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေပါတယ်။ကိုစံကျော် ပြောပြပါလိမ့်မယ်။
မေလ ၁၄ ရက်နေ့ ထိုင်းနိုင်ငံမှာကျင်းပမယ့်ရွေးကောက်ပွဲဟာ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံပါတီတွေကတဘက်၊ တိုင်းပြည်ကို ဆယ်စုနှစ်ချီ လွှမ်းမိုးချုပ်ကိုင်ခဲ့တဲ့ ကွန်ဆာဗေးတစ် စစ်တပ်ဗိုလ်ချုပ်ကြီးတွေနဲ့ လက်တွဲဖက်တွေကတဘက်၊ ယေဘုယျ အားပြိုင်ကြတဲ့ပွဲ ဖြစ်လာပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအန္တရာယ်ကိုစိုးရိမ်တာကြောင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။ အာဏာပိုင်တွေကလည်း ရေကြောင်းခရီးသွားလာမှုတွေကို တားမြစ်လိုက်ပြီး၊ အရေးပေါ် အခြေအနေအတွက် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်