ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး စမ်းသပ်အစီအစဉ်တွေ စတင်ဖို့ ပြင်ဆင်နေပေမဲ့ ဒုက္ခသည်တွေ ကြားမှာတော့ စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ နှစ်ဘက် အာဏာပိုင်တွေက နေရပ်ပြန်ရေး စီစဉ်နေပေမဲ့ လက်တွေ့ အကောင်အထည် ဖော်နိုင်ပါ့မလား ဆိုတာကိုလည်း အကဲခတ်တွေ သံသယရှိနေကြတာပါ။
ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်တပ်တပ်စွဲထားတဲ့ နေရာကို ချင်းကာကွယ်ရေး တပ်ဖွဲ့တွေ မနေ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် အကျအဆုံး များတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းဒဏ် ခံခဲ့ရတာ ၃ လကျော်ကြာတဲ့အထိ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေ လွတ်လွတ်လပ်လပ် သွားလာ ထောက်ပံ့ခွင့် မရသေးဘူးလို့ ဒေသခံ ကူညီသူတွေက ပြောဆိုကြပါတယ်။
မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အချိန်နဲ့ တပြေးညီ ဆောင်ရွက်ပေးခဲ့သလို ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကိုလည်း ၉၅ ရာခိုင်နှုန်းအထိ လုပ်ဆောင်ပြီးပြီလို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရက ပြောဆိုသွားပါတယ်။
နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပအဖွဲ့တွေက ဒုက္ခသည်တွေကို ကူညီထောက်ပံ့ထားတဲ့ ပစ္စည်းတွေကို ဒုက္ခသည်အများဆုံးရှိတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စျေးကွက်တွေမှာ အတွေ့များလာတယ်လို့ ဒေသခံတွေနဲ့ ဒုက္ခသည်ကူညီသူတွေက ပြောပါတယ်။
အမေရိကန်ဒေါ်လာစျေး ထိန်းချုပ်မရမှာကို မစိုးရိမ်ဖို့ စစ်ကောင်စီက ပြောနေပေမဲ့ စျေးကွက်ထဲမှာ အမေရိကန် ဒေါ်လာဟာ လည်ပတ်မှု မရှိတော့ဘဲ ရပ်ဆိုင်းလုနီးပါး ဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံက ကုန်ပစ္စည်း တင်ပို့မှုတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကန့်သတ်ထားတာကြောင့် အခက်ကြုံနေရတဲ့ ရခိုင်နယ်စပ် ကုန်သွယ်ရေး ဒီလဆန်းပိုင်းမှာ အနည်းငယ် ပြန် တက်လာပေမဲ့ ကုန်သွယ်မှု ပမာဏ နည်းပါးနေဆဲပဲလို့ ကုန်သည်အသင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မိုခါမုန်တိုင်းအလွန် ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ မလုံလောက်တာကြောင့် ကလေးသူငယ်တွေ အစာအာဟာရ ချို့တဲ့ပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ကြုံနေတယ်လို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။
မုန်တိုင်းကြောင့် လယ်ယာစိုက်ပျိုးရေးနဲ့ တပိုင်တနိုင် စီးပွားရေး လုပ်ငန်းတွေ ထိခိုက် ပျက်စီးခဲ့ရသလို၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမို ရှားပါး လာနေတာကြောင့် အထူးသဖြင့် လူငယ်တွေကြားမှာ ပြည်ပထွက် အလုပ် လုပ်ကိုင်သူတွေ ပိုများလာနေတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
သူတို့ကို မဏိပူရ အစိုးရက ပြန်လည် မောင်းထုတ်ဖို့ ပြင်ဆင်နေတာကြောင့် အိန္ဒိယရောက် မြန်မာဒုက္ခသည်ရေးရာ ကော်မတီကတော့ လူသားချင်းစာနာ ထောက်ထားပြီး ပြန်မမောင်းထုတ်ဖို့ တိုက်တွန်းနေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ၇၆ နှစ်ပြည့်တဲ့ အထိမ်းအမှတ် အာဇာနည်နေ့ အခမ်းအနားတွေကို ဒီကနေ့ ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံအနှံ့ နေရာဒေသ အတော်များများမှာ ကျင်းပကြပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ ချင်းပြည်နယ် ကန်ပက်လက် နဲ့ မကွေးတိုင်း ဆောမြို့နယ်အစပ် ဒေသဘက်မှာ ဒီလ ၁၂ ရက်နေ့လောက်က စတင်ပြီး ဝင်ရောက်လာတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က ကျောက်ဖြူမြို့နယ်မှာဆိုရင် တရုတ်စီမံကိန်းတွေ အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီးတော့တောင် အင်တိုက်အားတိုက် လုပ်ဆောင်လာနေတာ ရှိတယ်လို့ တရုတ်စီမံကိန်း စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။
မုန်တိုင်းအလွန် ဘင်္ဂလားဒေရှ့် နိုင်ငံအတွင်းက ကော့ဘဇားခရိုင် မွတ်ဆလင် ဒုက္ခသည်စခန်းတွေမှာရော၊ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေမှာရော အရေပြား၊ ရာသီတုတ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျောတွေအဖြစ် များနေပြီး သေဆုံးသူ အများအပြားရှိနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
မိုခါမုန်တိုင်းအလွန် ရခိုင်ဒေသက စစ်ဘေးဒုက္ခသည် စခန်းတွေနဲ့ နေရာအတော်များများမှာ ဒီရက်ပိုင်း ရာသီတုတ်ကွေး အဖြစ်များလာတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အကြားနှစ်ဘက် စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် နမ့်ဆန်ယန်ကျေးရွာမှာ ကျန်ရှိနေတဲ့ ပြည်သူတွေ ဒီကနေ့ဘေးလွတ်ရာအရပ်တွေကို ပြောင်းရွှေ့ကုန်ကြပြီ ဖြစ်ပါတယ်။ ဒီလိုပြောင်းရွှေ့သွားသူတွေမှာ ရွှေလာတူးဖော်နေတဲ့ အခြားဒေသက လူတွေလည်း ပါပါတယ်။
ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်းမှာစစ်ကောင်စီနဲ့ KIA အကြား စစ်ရေးတင်းမာမှု အရှိန်မြင့်နေပြီးဌာနချုပ် လိုင်ဇာအနီးမှာ မနေ့အင်္ဂါနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ပြည်သူတွေ အသွားအလာ သတိရှိဖို့ လိုင်ဇာခရိုင် အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ကျပ်ငွေ တန်ဖိုးကျဆင်းပြီး အထွေထွေ ကုန်ဈေးနှုန်းတွေ တက်လာနေတဲ့ မြန်မာနိုင်ငံမှာ အရင်က တပိဿာကို ၆,၀၀၀ ကျပ် ဝန်းကျင်ရှိတဲ့ စားအုန်းဆီဈေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တပိဿာကို ကျပ် ၁၀,၀၀၀ ကျော်အထိ ဖြစ်လာပါတယ်။
ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဌာနချုပ် လိုင်ဇာအဝင် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ရွာအနီးမှာ ဒီကနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံရွာသားတွေ ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်နေကြပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ရခိုင်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ပြီးခဲ့တဲ့လက ပြင်းထန်တဲ့ မိုခါ ဆိုက်ကလုံး မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပြီး အကူအညီလိုအပ်သူတွေက ပို များလာသလို၊ ကူညီထောက်ပံ့မှုတွေ အားနည်းနေသေးတယ်လို့ ကုလကပြောထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်