“ဗဟိုဘဏ်မှာ အရံငွေဘယ်လောက်ရှိလဲဆိုတော့ သန်း ၆,၀၀၀ ပေါ့နော်။ ဒါပေမယ့် ဗဟိုဘဏ်ကထုတ်ရောင်းတဲ့ ပိုက်ဆံရော၊ ဘာရောညာရောဆို အခုလောက်ဆို ၃,၀၀၀ လောက်ပဲကျန်တော့မလား။ ဗဟိုဘဏ်မှာတကယ်တော့ ၆ လစာလောက်ထားရမှာ IMF တို့ ဘာတို့ရဲ့ စည်းမျဉ်းစဉ်းကမ်းနဲ့ဆိုရင် အရံငွေက အဲလောက်ရှိတာမဟုတ်ဘူး။” (ပြည်သူ့ရေးရာမူဝါဒ လေ့လာသူ)
"သီရိလင်္ကာနိုင်ငံ လက်ရှိကြုံတွေ့နေရတဲ့ ဒီစီးပွားရေးကြပ်တည်းမှုအပေါ် လူသားချင်းစာနာတဲ့အနေနဲ့ နိုင်ငံတော်အကြီးအကဲကနေ လှူမယ်လို့ဆုံးဖြတ်တဲ့အပေါ်မှာ ကျနော်တို့က နိုင်ငံတော်ဘဏ္ဍာကနေ ဆန်တန်ချိန် ၁,၀၀၀ ပေါ့လေ။ MRF နဲ့ ညှိနှိုင်းပြီးတော့ ဝယ်ယူပြီးတော့ လှူဒါန်းသွားမှာပါ။” (ဦးမြင့်ချို-စီးပွါးကူးသန်း ညွှန်ချုပ်)
မြန်မာပြည်တွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့နေရာတွေမှာ ကလေးငယ်တော်တော်များများဟာ အခွင့်အရေးချိုးဖောက်ခံရတဲ့အပြင် ဆိုးဆိုးဝါးဝါးပြုမူဆက်ဆံတာတွေ ရှိနေတယ်လို့ ကလေးသူငယ်အခွင့်အရေး လှုပ်ရှားသူ ရှေ့နေတဦးက VOA ကိုပြောပါတယ်။
“ဖြစ်တာက ဒီ ဝါးရှောင်နဲ့ကတော့ သိပ်မဝေးတော့ဘူး။ နန်ဇော်ယန်ရွာဆိုတာရှိတယ်။ အဲဒီမှာ KIA Post တခု ရှိတယ်။ အဲဒီမှာ ဖြစ်တာဟုတ်တယ်။ မနေ့ကလည်း ၅ နာရီခွဲလောက်မှာ အဲဒီမှာ ဖြစ်တာဟုတ်တယ်။ မနက် ၁၀နာရီ ကျော်ကျော်လောက်ကနေ ၁၂ နာရီ အဲဒီဝန်းကျင်ပေါ့။ ရပ်သွားပြီ။ ၉ ချက်လောက် ပစ်တယ်။” (ဒေသခံ)
တရုတ်နဲ့မြန်မာအစိုးရဖက်စပ်ထုတ်လုပ်ပြီး တရုတ်နိုင်ငံနဲ့ မြန်မာပြည်တွင်း တရုတ်ကုမ္ပဏီကို အများဆုံးဖြန့်ဖြူးနေတဲ့ ရွှေလီ (၁) ရေအားလျှပ်စစ်က ဓာတ်အားရနေတဲ့ နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာမှာ ကျူးကျော်ဝင်လာတဲ့တရုတ်နိုင်ငံသားတွေနဲ့ နယ်မြေအငြင်းပွားပြီးနောက် မီးဖြတ်ခံထားရတာ တနှစ်နီးပါး ရှိနေပါပြီ။
အမေရိကန်ပြည်ထောင်စုမှာ အာရှနွယ်ဖွားတွေအပေါ် အမုန်းတရား အခြေခံ တိုက်ခိုက်မှုတွေ တိုးလာတဲ့ သတင်းတွေကြောင့် မြန်မာနိုင်ငံသားတချို့ စိုးရိမ်ပြီး မလုံခြုံတော့သလို ခံစားရတဲ့အကြောင်း VOA ကို ပြောပါတယ်။ ကိုစံကျော်ထွန်း ပြောပြပါလိမ့်မယ်။