မြန်မာနိုင်ငံမှာ လွှတ်တော်ဟာ အစိုးရကိုညှာနေရတဲ့ပုံစံဖြစ်နေတယ်လို့ ဖွံ့ဖြိုးတိုးတက်မှုကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်ပြောပါတယ်။ ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအပါအဝင် အစိုးရရဲ့ လွှတ်တော်တွင်း ဆောင်ရွက်မှုတွေနဲ့ပါတ်သက်လို့ မစုမြတ်မွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
ကုန်ဆုံးတော့မယ့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ထူးထူးခြားခြားဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ၂၀၁၈ ခုနှစ်ထဲမှာ ဖြစ်လာနိုင်တဲ့ အလားအလာတွေကို နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဇေယျသူ၊ နိုင်ငံရေးသုတေသီ ကိုအမရသီဟ၊ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းက ကိုမြတ်သူတို့နဲ့ သုံးသပ်ဆွေးနွေးထားပါတယ်။
ရန်ကုန်မြို့မှာ ၁၉၉၆ နှစ်ကုန်ကတည်းကပိတ်ထားတဲ့ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)ရဲ့ကျောင်းဆောင်တချို့ကို အခု ၂၀၁၇ ဒီဇင်ဘာလမှာ ပြန်ဖွင့်လိုက်လို့ အနှစ် ၂၀ ကျော် ပိတ်ထားတဲ့ စာသင်ခန်းတွေမှာ ကျောင်းသားကျောင်းသူတွေနဲ့ ပြန်ပြီး အသက်ဝင်လာပါတယ်။ မစုမြတ်မွန်က ရိုက်ကူးသူကိုစည်သူနဲ့ အထူးအစီအစဉ် တင်ဆက်ထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စကြောင့် မြန်မာနိုင်ငံအပေါ်ကျရောက်နေတဲ့ နိုင်ငံတကာဖိအားတွေလျော့ကျသွားနိုင်ဖို့ နိုင်ငံတကာကျွမ်းကျင်သူတွေပါဝင်တဲ့ ဘက်မလိုက်စုံစမ်းရေးကော်မရှင်ဖွဲ့ စုံစမ်းသင့်တယ်လို့ US Campaign for Burma ရဲ့အမှုဆောင်ဒါရိုက်တာဟောင်းဖြစ်တဲ့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးအောင်ဒင်က ပြောပါတယ်။
မြန်မာနိုင်ငံကို ၄ ရက်ခရီးနဲ့လာရောက်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး Francis ဒီကနေ့ ဘင်္ဂလားဒေရှ့်နိုင်ငံကို ခရီးဆက်သွားပါပြီ။ သူ့ခရီးစဉ်နောက်ဆုံးနေ့မှာ ပုပ်ရဟန်းမင်းကြီးဟာ ကက်သလစ်ဘာသာဝင်လူငယ်တွေနဲ့ St. Mary’s Cathedral မှာ ဝတ်ပြုဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ ရန်ကုန်မြို့ကနေ မစုမြတ်မွန်က သတင်းပေးပို့ထားပါတယ်။
အကြမ်းဖက်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဒဏ်ရာတွေ ခံစားနေကြရသူ အများအပြားရှိတဲ့ မြန်မာနိုင်ငံမှာ ခွင့်လွှတ်သည်းခံခြင်းနဲ့သာ ဒဏ်ရာတွေ ပျောက်ကင်းအောင်လုပ်နိုင်လိမ့်မယ်လို့ ပုပ်ရဟန်းမင်းကြီး Francis ကပြောကြားခဲ့ပါတယ်။
ချစ်ချင်းမေတ္တာနဲ့ ငြိမ်းချမ်းခြင်းဆိုတဲ့သတင်းစကားနဲ့အတူ ပုပ်ရဟန်းမင်းကြီး Francis ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပါပြီ။ ရန်ကုန်လေဆိပ်ကနေ ပုပ်ရဟန်းမင်းကြီးတည်းခိုတဲ့ နေရာအထိ ရန်ကုန်မြို့လမ်းတလျှောက်မှာ အနယ်နယ် အရပ်ရပ်ကရောက်နေကြတဲ့ ကက်သလစ်ဘာသာဝင် အမြောက်အများ စောင့်ကြိုနှုတ်ဆက်ခဲ့ကြပါတယ်။
၂၀၁၇ နိုဝင်ဘာမှာ ပုပ်ရဟန်းမင်းကြီး Francis မြန်မာနိုင်ငံပထမဦးဆုံးခရီးအဖြစ် ရောက်မလာခင် မြန်မာနိုင်ငံ Catholic ဆရာတော်ကြီးများ အဖွဲ့ချုပ် CBCM ကနေ ဘယ်လို ပြင်ဆင်မှုတွေ လုပ်ထားပါလဲ။ မစုမြတ်မွန်က ကိုယ်တိုင်သွားရောက်လေ့လာပြီး သတင်းထောက်မှတ်စု အစီအစဉ်မှာ တင်ပြထားပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ရောက်နေကြသူတွေ ပြန်လက်ခံနိုင်ရေးနဲ့ပတ်သက်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ညှိနှိုင်းဆွေးနွေးမှုတွေ အဆင့်ဆင့် ဆောင်ရွက်နေတဲ့အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးနိုင်မယ့် အချိန်အတိအကျ မပြောနိုင်သေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မစုမြတ်မွန်က တင်ပြထားပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ရောက်နေကြသူတွေ ပြန်လက်ခံနိုင်ရေးနဲ့ပတ်သက်လို့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကြားမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးမှုတွေ အဆင့်ဆင့်ဆောင်ရွက်နေတဲ့အတွက် နားလည်မှုစာချွန်လွှာလက်မှတ်ထိုးနိုင်မယ့် အချိန်အတိအကျ မပြောနိုင်သေးဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ASEM အာရှ ဥရောပနိုင်ငံခြားရေးဝန်ကြီးများအဆင့်ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပဖို့ရက်ပိုင်းပဲလိုတော့ချိန်မှာ အာရှဥရောပဖောင်ဒေးရှင်းက စီစဉ်တဲ့ သတင်းထောက်များဆွေးနွေးပွဲကို စနေနေ့က စတင်ပြုလုပ်ပါတယ်။ မြန်မာနိုင်ငံက သတင်းထောက် ၁၃ ယောက်နဲ့ ဥရောပနိုင်ငံစုံက သတင်းထောက်တွေ အမြင်ဖလှယ်ဆွေးနွေးနေကြပါတယ်။
ရခိုင်ပြည်နယ်အခြေအနေတွေကို အမေရိကန်အစိုးရအနေနဲ့ အထူးစိုးရိမ်ကြောင်း မြန်မာနိုင်ငံကို ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောဆိုလိုက်ပေမဲ့ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ သိမ်းကျုံးအရေးယူဖို့အစီအစဉ်မရှိကြောင်းနေပြည်တော်ကသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မစုမြတ်မွန်က သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သွားရောက်ပြီးတော့ အခြေအနေတွေကို လေ့လာသတင်းယူခဲ့တဲ့ မစုမြတ်မွန်က နယ်မြေလုံခြုံရေးတာဝန်ယူထားတဲ့ အမှတ် ၄ နယ်ခြားစောင့်တပ်ဖွဲ့ တပ်ခွဲမှူး ဒုရဲမှူးကြီး ဦးမြင့်ကျော် ကို တွေ့ဆုံမေးမြန်းထားပါတယ်။
ရခိုင်မြောက်ပိုင်းအခြေအနေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အရေးယူကိုင်တွယ်တဲ့နေရာမှာ အရင်လို တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးယူဒဏ်ခတ်တာမျိုးအစား၊ ဒီဖြစ်ရပ်မှာ တာဝန်ရှိသူတွေကို ပစ်မှတ်ထားအရေးယူဖို့ သတိကြီးကြီးထား သုံးသပ်သွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောလိုက်ပါတယ်။
ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းဒေသမှာ မွတ်ဆလင်ဒုက္ခသည်တွေဟာ စားဝတ်နေရေးအခက်အခဲတွေကြောင့် တဖက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ခွာနေကြဆဲ ရှိနေပါတယ်။ ဒီအခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းက သတင်းထောက် မစုမြတ်မွန် ကိုယ်တိုင် မျက်မြင်တွေ့ဆုံပြီး မေမြန်းခွင့်ရခဲ့ပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ ရက်စက်တဲ့လုပ်ရပ်တွေမှာ တာဝန်ရှိတယ်လို့ဆိုပြီး စစ်တပ်နဲ့ စစ်တပ်အရာရှိတွေအပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူမှုတွေကို စတင်လုပ်ဆောင်နေပါပြီ။ တပ်မတော်နဲ့ အမေရိကန်ကြား အရင်ထဲက ရှိနေတဲ့ အကန့်အသတ်ထား ဆက်ဆံရေးနဲ့ ပိတ်ဆို့မှုတွေအပြင် စီးပွားရေးအရ ပစ်မှတ်ထား အရေးယူမှုတွေချမှတ်ဖို့လည်း စဉ်းစားသုံးသပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၂၃ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံတောင်ပိုင်းမှာက ကိုယ်ပိုင် ရေမွှေးနံ့တွေကို ဖန်တီးနိုင်တဲ့ရေမွှေးဆိုင်တွေရှိသလို၊ ရေမွှေးပညာသင်ကျောင်းတွေလည်း ရှိပါတယ်။ Grasse မြို့က Grasse Institute of Perfumery ဆိုတဲ့ နာမည်ကျော်ရေမွှေးပညာသင်ကျောင်းကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
မြန်မာနိုင်ငံအုပ်ချုပ်ရေးစနစ်ဟာ ၂ ခုတွဲအုပ်ချုပ်ရေးစနစ်ဖြစ်နေတဲ့အတွက် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်တဲ့အပိုင်းမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အခက်အခဲရှိတယ်လို့ ရခိုင်ပြည်ဆိုင်ရာအကြံပြုချက်တွေကို ဦးဆောင်ရေးသားခဲ့တဲ့ Dr. Kofi Annan ကပြောကြားခဲ့ပါတယ်။
Vietnam နိုင်ငံက Phu Quoc ကျွန်းလေးဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတိုးတက်လာနေပေမဲ့ ဒီလုပ်ငန်းကြောင့် သဘာဝပါတ်ဝန်းကျင်ထိခိုက်တဲ့ ဆိုးကျိူးတွေရှိနေပါတယ်။ ဘယ်လိုဆိုးကျိူးတွေပါလဲ။ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
ရုပ်ရှင်၊ TV စီရီးပေါင်းများစွာကို ဖန်တီးထားတဲ့ Warner Bros. ရုပ်ရှင် Studio မှာက ရုပ်ရှင်တကား အတွက် မင်းသား မင်းသမီးဘယ်လို ရွေးသလဲ၊ ရိုက်ညွှန်းတွေကို ဘယ်လိုခွဲသလဲကအစ ရုပ်ရှင်မှာ ကွန်ပြူတာအထူးပြုချက်တွေ ဘယ်လိုထည့်သလဲဆိုတာကို လေ့လာနိုင်ပါတယ်။ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ဆက်ပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်