ဒေသတွင်း နိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများမှာ COVID - 19 ကပ်ရောဂါ တကျော့ပြန်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံမှာလည်း ပြည်တွင်းကူးစက်ခံရသူ ရက်ပိုင်းအတွင်းတိုးလာတာကြောင့် သတိထားကြဖို့ ကျန်းမာရေးဝန်ထမ်းတွေ တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။
တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲက ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားသူ အများဆုံးအဖြစ် ၁,၀၃၀ ကျော်ရှိတဲ့ ရှမ်းပြည်နယ်မှာတော့ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် လျှောက်ထားသူတွေကို စိစစ်လက်ခံပြီးဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
ဒေသတွင်းနိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများမှာ COVID- 19 ကပ်ရောဂါ တကျော့ပြန်ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံမှာလည်း ကိုဗစ်ဒုတိယလှိုင်း ပြန်မစနိုင်ဖို့ နောက်ဆုံးတွေ့ရှိထားတဲ့ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေနေပြီး ဓာတ်ခွဲစစ်ဆေးဖို့ ဆောင်ရွက်နေတဲ့အခြေအနေကို ပြောပြေပေးပါမယ်။
ရွေးကောက်ပွဲကျင်းပဖို့ အချိန် ၂ လကျော်သာ လိုတော့ပေမယ့် အခုကာလဟာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို စိစစ်နေဆဲကာလဖြစ်လို့ ဥပဒေအရဆို ဒီအချိန်မှာ ကိုယ်စားလှယ်လောင်းအနေနဲ့ မဲဆွယ်စည်းရုံးခွင့် မရှိသေးပါဘူး။ ဒါပေမဲ့လည်း တချို့နေရာတွေမှာ ပါတီကိုယ်စားပြုအလံ လိုက်လံဝေတာမျိုးတွေ ရှိနေပါတယ်။
တိုင်းနဲ့ ပြည်နယ် ၁၄ ခုက သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူ ၇,၀၀၀ ဝန်းကျင်ကို မကြာခင်ရက်တွေအတွင်း အပြီးသတ်စိစစ်ထုတ်ပြန်ဖို့ ကော်မရှင်တာဝန်ရှိသူတွေ စီစဉ်နေတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပထမအဆင့်အဖြစ် ထုတ်ပြန်ရာမှာ အချက်အလက် လွဲမှားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ လာရောက် ကြည့်ရှုတဲ့သူ နည်းပါးတဲ့နေရာတွေလည်း ရှိနေတာပါ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရဒီနှစ်ဇူလိုင်လအထိ လူမှောင်ခိုမှုစုစုပေါင်း ၇၂ မှု ရှိခဲ့ပြီး ဒါဟာဆိုရင် မနှစ်တုန်းက ဒီလိုအချိန်မှာ ၁၄၆ မှုရှိခဲ့ရာကနေထက်ဝက်လောက် ကျဆင်းသွားခဲ့တာပါ။ ဒီနှစ်ထဲကြုံခဲ့ရတဲ့ လူမှောင်ခိုမှုတွေမှာတော့ အမျိုးသမီးနဲ့ကလေးငယ်တွေ အများစုပါဝင်ပြီး လူပေါင်း ၁၀၀ ကျော်ရှိခဲ့ပါတယ်။
ကပ်ရောဂါကြောင့် ပြည်တွင်းပြည်ပ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားရချိန်မှာ ခရီးသွား လုပ်ငန်းတွေ သိသိသာသာ အထိနာခဲ့သလို နောက်ထပ် ဆက်လက် ကျဆင်းနိုင်သေးတယ်လို့လည်း ခန့်မှန်းနေပါတယ်။
“အရှေ့တောင်အာရှနိုင်ငံတွေမှာ COVID- 19 ကြောင့် သက်ရောက်မှု” လို့အမည်ပေးထားတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကပ်ရောဂါကာလ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ နိမ့်ကျတဲ့အပေါ်စိုးရိမ်ကြောင်း ဖော်ပြထားတာပါ။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရွှေဂဲရေဆိုးထုတ်စက်ရုံအနီးက ဒီလ ၁၉ ရက်နေ့တုန်းက တာရိုးကျိုးပေါက်မှုကြောင့် အနီးအနား ရွာတွေထဲ ဧရာဝတီမြစ်ရေ ဝင်လာရာက ဒေသခံ ၁၄,၀၀၀ လောက် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရတာပါ။
စစ်ကိုင်း၊ ညောင်ဦး၊ ဆိပ်သာနဲ့ ဖောင်းပြင်စခန်းတို့မှာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနဲ့ ဇလဗေဒက သတင်းထုတ်ပြန်ထားပြီး ရေကြီးနိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေရပါတယ်။
ရှားပါးလာနေပြီဖြစ်တဲ့ ဧရာဝတီလင်းပိုင်တွေ သေဆုံးမှု တိုးလာနေတာကြောင့် မျိုးတုန်းပျောက်ကွယ် မသွားအောင် ကာကွယ်ဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားတွေ သတိပေးပါတယ်
မန္တလေးတိုင်းအတွင်း ရေလွှမ်းမိုးမှု ကြုံနေရတာကို ထိန်းသိမ်းနိုင်ပြီ ဖြစ်ပေမဲ့ ဒေသခံ ၁၀,၀၀၀ ကျော်ကိုတော့ ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရတဲ့အကြောင်း ပြောပြပေးပါမယ်။
မြန်မာနိုင်ငံအထက်ပိုင်းမှာရေကြီးနိုင်တဲ့အန္တရာယ်သတိပေးနေချိန်မှာပဲမန္တလေးတိုင်းမှာရေထိန်းတံခါးကျိုးပေါက်ရာကဒေသခံတွေဘေးလွတ်ရာ ပြောင်းရွှေ့နေရတဲ့အကြောင်းပြောပြပါမယ်။
အစိုးရရဲ့ အရေးပေါ် ရိက္ခာဆန် ဝယ်ယူတဲ့အစီအစဉ်မှာ သတ်မှတ်ထားတဲ့ဆန်တန်ချိန် ပမာဏပြည့်သွားပြီဖြစ်လို့ အရန်ဆန်ဝယ်ယူတာ ယာယီရပ်ဆိုင်းလိုက်ပါတယ်။
COVID-19 ကပ်ရောဂါကာလမှာ ပိတ်ထားရတဲ့ ဧရာဝတီတိုင်းက အပမ်းဖြေကမ်းခြေတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။
COVID-19 ကပ်ရောဂါကာလ မြန်မာနိုင်ငံက ပင်လယ်ကူးသင်္ဘောသားတွေ သင်္ဘောအတက်အဆင်း တာဝန်လွှဲပြောင်းဖို့ ယာယီအစီအမံတွေနဲ့ ဆောင်ရွက်နေပေမယ့် အခက်အခဲတွေ ကြုံနေရပါတယ်။
မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွေမှာ မကြာသေးခင်ရက်တွေအတွင်း ဧရာဝတီမြစ်ရေ ဆက်တိုက်မြင့်တက်လာနေတာကြောင့် ရေကြီးနိုင်တဲ့ အန္တရာယ် သတိထားဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသလို၊ ရာနဲ့ချီတဲ့ ဒေသခံတွေကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရပါတယ်။
အင်တာနက်ကနေ ဈေးရောင်းတာတွေ ပိုပြီး တွင်ကျယ်လာရာမှာ စားသောက်ကုန်လုပ်ငန်းတွေလည်း ရှေ့တန်းကနေ ပါဝင်လာပါတယ်။ အရင်က ကုန်ပစ္စည်းတွေကိုသာ အင်တာနက်ကနေ ရောင်းဝယ်တာများပေမဲ့ အခုအခါမှာတော့ အွန်လိုင်းကနေ အစားအသောက်တွေမှာပြီး အိမ်တိုင်ယာရောက် ပို့ဆောင်ပေးတဲ့ စနစ်လည်း မြန်မာနိုင်ငံမှာ ခေတ်စားလာခဲ့တာပါ။
အလုပ်သမားတွေ အနေနဲ့ အထူးသဖြင့် ကပ်ရောဂါကာလမှာ အခက်အခဲ ကြုံရတာမျိုး၊ အခွင့်အရေးတွေ ချိုးဖောက်ခံရတာမျိုးတွေ ရှိခဲ့ရင် ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး စာရင်းစတင်ပြုစုနေတယ်လို့ ထိုင်းနိုင်ငံ ရနောင်းမြို့အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးကျော်စိုးဝေက VOA ကိုပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်