စက်ရုံတွေမှာ ကိုဗစ်အတည်ပြုလူနာတွေ ရှိလာပေမယ့်လို့ အဲဒီစက်ရုံတွေကို မပိတ်သိမ်းဘဲ ရောဂါအတည်ပြုလူနာနဲ့ ၆ ပေ ပတ်လည်မှာ ရှိသူတွေနဲ့ အနီးနားထိတွေ့မှုရှိသူတွေကိုသာ လုပ်ငန်းခွင်လာရောက်ခြင်း မပြုဖို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အကြောင်း ပြောပြပေးပါမယ်။
နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ ကိုဗစ်ရောဂါ ကူးစက်သူတဦး စစ်ဆေးတွေ့ရှိထားပေမဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကတော့ ကောင်းမွန်ကြောင်း အစိုးရပြောခွင့်ရသူက ဒီကနေ့ပဲ အတည်ပြုလိုက်တဲ့အကြောင်း ပြောပြပါမယ်။
ရောဂါကူးစက်မှုအတွက် သံသယရှိတာကြောင့် ဆေးစစ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုတိယဝန်ကြီး ဦးခင်မောင်တင်မှာ ပိုးမတွေ့ရပေမဲ့ သူ့ရဲ့ကိုယ်ရေးအရာရှိမှာ ရောဂါပိုးကူးစက်နေတာ တွေ့ရကြောင်းလည်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက Facebook လူမှုကွန်ရက်ကနေ သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။
စက်တင်ဘာ ၁၃၊ ၂၀၂၀ - မြန်မာနိုင်ငံမှာ ကိုရိုနာပိုးကူးစက်ပျံ့ပွားမှု အများကြီး မြင့်တက်လာတာကြောင့် လူထုအနေနဲ့ အချိန်တိုင်း သတိထားနေထိုင်ပြီး ရောဂါမပျံ့ပွားရေး သတိထားလုပ်ဆောင်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ တိုက်တွန်းနေတာပါ။ ဗဟိုကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနက ဒေါက်တာဒေါ်ခင်ခင်ကြီး ကို VOA ရန်ကုန်သတင်းထောက် စ
မြန်မာနိုင်ငံကိုရိုနာပိုးကူးစက်ပျံ့ပွားမှု အများကြီး မြင့်တက်လာတာကြောင့် လူထုအနေနဲ့ အချိန်တိုင်းသတိထားနေထိုင်ပြီး ရောဂါမပျံ့ပွားရေး သတိထားလုပ်ဆောင်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ တိုက်တွန်းနေတာပါ။ ဗဟိုကူးစက်ရောဂါထိန်းချုပ်ရေးဌာနက ဒေါက်တာဒေါ်ခင်ခင်ကြီးကို စုစု အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
COVID - 19 ကပ်ရောဂါကာလတွင်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေမှာ ကျန်းမာရေးညွှန်ကြားချက် လိုက်နာမှု အားနည်းနေတာကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒါတွေအပေါ်တာဝန်ယူဖြေရှင်းနိုင်ဖို့ နိုင်ငံရေးပါတီတချို့နဲ့ စောင့်ကြည့်သူတွေက ထောက်ပြနေတဲ့အကြောင်း ပြောပြပေးပါမယ်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွယ်စည်းရုံးရေးကာလ ပထမဦးဆုံးနေ့မှာ ကပ်ရောဂါကာကွယ်ရေး စည်းမျဉ်းတွေကို လိုက်နာရာမှာ အားနည်းနေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေက ထောက်ပြပြောဆိုထားပါတယ်။
COVID- 19 အတည်ပြုလူနာ ဆေးရုံဆင်းခွင့်နဲ့ အသွားအလာကန့်သတ်ခံထားရသူတွေအပေါ် ချမှတ်ထားတဲ့ သတ်မှတ်ချက်တွေကို ပြောင်းလဲလိုက်ပြီးတော့ မဲဆွယ်စည်းရုံးရေးကာလမှာ ပြည်သူတွေရောဂါကာကွယ်ရေး စည်းမျဉ်းတွေဆက်ပြီး လိုက်နာဖို့ ကျန်းမာရေးဌာန တာဝန်ရှိသူက သတိပေးထားတဲ့အကြောင်း ပြောပြပါမယ်။
ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတဦး ရန်ကုန်မြို့မှာ ဆေးကုသခံယူရင်း သေဆုံးသွားခဲ့သလို နောက်ထပ်လည်း အတည်ပြုလူနာတွေ စစ်ဆေးတွေ့ရှိနေတာကြောင့် ကူးစက်မှုအန္တရာယ်ကို ပညာရှင်တွေ သတိပေးနေကြတာပါ။
COVID- 19 ရောဂါကူးစက်ခံရသူ တိုးလာတာနဲ့အမျှ ချမှတ်ထားတဲ့ ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး စည်းမျဉ်း ချိုးဖောက်သူတွေကိုလည်း နေရာတော်တော်များများမှာ အရေးယူတာတွေ တိုးလာနေတဲ့ အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။
COVID- 19 ရောဂါကူးစက်ခံရသူ တိုးလာတာနဲ့အမျှ ချမှတ်ထားတဲ့ ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး စည်းမျဉ်းချိုးဖောက်သူတွေကိုလည်း နေရာတော်တော်များများမှာ အရေးယူတာတွေ တိုးလာနေတဲ့အကြောင်း ပြောပြပါမယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာ ကာကွယ်ထိန်းချုပ်ရေးအတွက် ချမှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာသူတွေအပေါ် ထိထိရောက်ရောက်အရေးယူဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီကနေ့ပဲ ပြောဆိုလိုက်တဲ့အကြောင်း ပြောပြပါမယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့အထဲ ဒုတိယအများဆုံးဖြစ်လာနေတဲ့ ရန်ကုန်တိုင်းအတွင်း ကူးစက်မှုအန္တရာယ်ကို ကာကွယ်ထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ စိန်ခေါ်မှုတွေလည်း ရှိနေတဲ့အကြောင်း ပြောပြပါမယ်။
ကမ္ဘာတဝန်း နိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေကို သုံးသပ်ပြီးကုလသမဂ္ဂကို ပုံမှန်တင်သွင်းလေ့ရှိတဲ့ UPR အစီရင်ခံစာအတွက် ဒီနှစ်မှာ မြန်မာအရပ်ဘက် အဖွဲ့အစည်းတွေက ဘာတွေကို ဦးစားပေး ထည့်သွင်းထားသလဲဆိုတာ ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ရုတ်တရက်တိုးလာနေတဲ့ ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးအပ်သွားမယ့်အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကတိပြုလိုက်တာကို ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် ရခိုင်ပြည်နယ်တခုလုံး တတ်နိုင်သမျှ အိမ်ပြင်မထွက်ကြဖို့ ညွှန်ကြားလိုက်သလို ညမထွက်ရအမိန့်ကိုပါ ဆက်လက်ထုတ်ပြန်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။
ရခိုင်ပြည်နယ် တခုတည်းမှာတင် သီတင်းပတ်အနည်းငယ်အတွင်း ကူးစက်သူ ၂၀၀ လောက် ရှိလာတာကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းအစဖြစ်နေပြီလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကူးစက်မှုတွေ လျော့ကျလာနေချိန်မှာပဲ သီတင်းတပတ်ကျော်အတွင်း ရခိုင်ပြည်နယ်မှာ အတည်ပြုလူနာ ၇၀ ကျော် ရှိလာတဲ့အတွက် ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်တွေ နိုင်ငံနေရာ တော်တော်များများမှာ တိုးမြှင့်လာနေတာပါ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ထုတ်ပြန်ချက်ထဲမှာ စစ်တွေမြို့မှာ အသွားအလာကန့်သတ်ထားသူတွေထဲက လူနာသစ် ၁၀ ဦး တိုးလာပါတယ်။ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ဒီလူနာသစ်တွေဟာ ဓာတ်ခွဲအတည်ပြုလူနာနဲ့ တိုက်ရိုက်ထိတွေ့ခဲ့တာမဟုတ်ပေမဲ့ တဆင့်ခံကူးစက်ခံရသူတွေ ဖြစ်နေတာပါ။
မြန်မာနိုင်ငံမှာ ဧပြီလနှောင်းပိုင်းကစလို့ မော်လီကျူးနည်းပညာနဲ့ ဓာတ်ခွဲစစ်ဆေးရာမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲ ၅ ခုထဲက အနည်းဆုံး ၃ ခုကို မြန်မာနိုင်ငံမှာ တွေ့ရှိထားကြောင်း ဆေးသုတေသနဦးစီးဌာနက သုတေသီတွေက ဒီကနေ့ ရန်ကုန်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ကြတာပါ။
နောက်ထပ်ကြည့်ရှုရန်