ဒီဇင်ဘာလ ၂၅ ရက်နေ့ရောက်တိုင်း ကျင်းပလေ့ရှိတဲ့ ခရစ္စမတ်ပွဲတော်ကိုတော့ ခရစ်ယာန်ဘာသာဝင်တွေသာမက တခြားဘာသာဝင်တွေပါ ပျော်ပျော်ပါးပါး ဆင်နွှဲလေ့ ရှိကြပါတယ်။ ဒါပေမဲ့လည်း ဒီနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် လူစုလူဝေးရှောင်ဖို့ လိုတာကြောင့် ခရစ္စမတ် အခါသမယကို အများစုကတော့ အိမ်မှာနေရင်း ဖြတ်သန်းနေကြတာပါ။
ကိုဗစ်ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ဒီနှစ်မှာတော့ ဓလေ့ ထုံးတမ်းတွေကို ရပ်နားထားပြီး ကိုယ့်ရဲ့နေအိမ်မှာပဲ ခရစ္စမတ် ပွဲတော်ရက်ကို ဖြတ်သန်းဖို့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အများစု ပြင်ဆင် နေကြပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစု သတင်း ပေးပို့ထားပါတယ်။
လူကုန်ကူးခံရသူတွေအပါအဝင် တရုတ်နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို မြန်မာအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန် ရောဂါကာကွယ်ရေး ကန့်သတ်ချက်တွေကို လိုက်နာကြဖို့ လိုအပ်နေပြီး အရေးကြီးဆုံးအချက်ဖြစ်တဲ့ ပါးစပ်နဲ့နှာခေါင်းစည်း အကာအကွယ်တွေကို မဖြစ်မနေ တပ်ဆင်ကြဖို့နဲ့ လိုအပ်ဘဲအပြင်မထွက်ဖို့၊ လူစုလူဝေးရှောင်ကြဉ်ဖို့ကိုလည်း ထပ်ပြီးသတိပေးနေတာပါ။
ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ယာယီရပ်နားထားတဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ဗုဒ္ဓဟူးနေ့က ပြန်လည် စတင်လိုက်ပါပြီ။ ခရီးစဉ်မှာ လိုက်ပါကြမယ့် သူတွေအနေနဲ့ ရောဂါပိုး ရှိမရှိ ကြိုတင်စစ်ဆေးမှု ခံယူရာမှာတော့ အခက်အခဲတချို့လည်း ရှိနေတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် စုစုက သတင်းပေးပို့ထားပါတယ်။
လေကြောင်းခရီးသွားမယ့် သူတွေအနေနဲ့ ခရီးစဉ်မတိုင်ခင် ရောဂါပိုးရှိ၊ မရှိသိနိုင်ဖို့ ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့နေရာတွေမှာ လေယာဉ်လက်မှတ်အထောက်အထားပြပြီး စစ်ဆေးမှုခံယူဖို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။
ပြည်တွင်းလေယာဉ်ခရီးစဉ်တွေနဲ့ လိုက်ပါကြမယ့် ခရီးသည်တွေ အနေနဲ့ ကိုဗစ်ရောဂါပိုးရှိ၊ မရှိ ကျန်းမာရေး စစ်ဆေးချက်အပါအဝင်၊ ခရီးစဉ်တလျှောက် လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ပြည်တွင်းလေကြောင်းလိုင်းတွေ ပြန်စတင်ဖို့ ရက်ပိုင်းလောက်သာ လိုတော့ပေမဲ့ အဲဒီခရီးစဉ်တွေမှာ လိုက်ပါကြမယ့် ခရီးသွားတွေအတွက် ကပ်ရောဂါကာလ ကျန်းမာရေး စံသတ်မှတ်ချက်တွေကိုတော့ တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။
မကြာသေးခင်လတွေကစလို့ မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ တိုးလာရာက အိမ်နီးချင်းတရုတ်နိုင်ငံက နယ်စပ်ဒေသမှာ သွားလာဝင်ထွက်မှုတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားသလို၊ တရုတ်နိုင်ငံ နယ်စပ်မြို့တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း တင်းတင်းကြပ်ကြပ် စောင့်ကြည့် စစ်ဆေးနေပါတယ်။
ကချင်ပြည်နယ်မှာ ကျောက်စိမ်းလုပ်ငန်းတွေကြောင့် ထင်ရှားတဲ့ ဖားကန့်ဒေသ အပါအဝင် နေရာတချို့မှာ ကပ်ရောဂါကူးစက်မှုတွေ တိုးလာတာကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားပြီး စောင့်ကြည့်စစ်ဆေးမှုတွေကိုလည်း တိုးမြှင့်နေပါတယ်။
ကပ်ရောဂါကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံအဝန်း ရောဂါအန္တရာယ်ကို သတိထားကြဖို့နဲ့ ရောဂါထိန်းချုပ်ရေး စည်းကမ်းတွေကို လိုက်နာကြဖို့ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။
ကပ်ရောဂါကူးစက်သူ အတည်ပြူလူနာ နေ့စဉ် ၈၀၀ ကျော်လောက်နဲ့ အများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းမှာ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားပေမဲ့ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ လူအများအပြားနဲ့ စည်ကားနေတာကြောင့် ထိန်းချုပ်ဖို့ ကြိုးပမ်းနေပါတယ်။
ကမာ့္ဘတဝန်း ကပ်ရောဂါ ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေရာမှာ ဒီနေ့မွန်းလွဲပိုင်းအထိ တရားဝင်ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ တရုတ်နိုင်ငံမှာ ကူးစက်သူအရေအတွက် ၈၆,၀၀၀ ကျော်ရှိနေပြီး၊ မြန်မာနိုင်ငံမှာတော့ ၉၃,၀၀၀ ကျော်ရှိနေတာကြောင့် ရောဂါစဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံထက်တောင် ပိုများနေတာပါ။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ ရောဂါကာကွယ် ထိန်းချုပ်နိုင်ဖို့ရည်ရွယ်ပြီး ကန့်သတ်ချက်တွေကို နောက်ထပ် သီတင်း ၂ ပတ် တိုးလိုက်တဲ့အပေါ် သဘောထားအမြင်တွေကို ပြောပြပါမယ်။
ကပ်ရောဂါကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်း အပါအဝင် နေ့စဉ် အတည်ပြုလူနာ ၁,၅၀၀ လောက် ရှိနေတဲ့အထဲ ကျန်းမာရေး ဝန်ထမ်းတွေလည်း ပါဝင်လာနေပါတယ်။ အခုဆိုရင် ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော်ကူးစက်ခံရပြီး၊ အများစုက ဆေးရုံတွေမှာ တာဝန်ယူဆောင်ရွက်နေသူတွေဖြစ်တယ်လို့လည်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ကပ်ရောဂါကြောင့် စက်တင်ဘာလဆန်းကတည်းက ပြည်တွင်းလေကြောင်းလိုင်းတွေကို ပျံသန်းခွင့်ပိတ်ထားတာ ရှေ့သီတင်းပတ်မှာ သက်တမ်းကုန်ဆုံးတော့မယ့် အချိန်မှာပဲ လုပ်ငန်းတွေ ပြန်လည်ပတ်ခွင့်ပြုဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ရောဂါကူးစက်မှုတွေ တိုးလာရာက လူအများနဲ့ ထိတွေ့ဆက်ဆံရတဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတချို့ပါ ရောဂါကူးစက်ခံကြရတာလို့လည်း ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း (ဂျပန်) က အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းဆွေက VOA ကို ပြောပါတယ်။
ကပ်ရောဂါကာလ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး သီတင်း ၂ ပတ်ကြာ အချိန်မှာပဲ ရောဂါကူးစက်ခံရသူတွေထဲ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ခဲ့သူတွေလည်း အများအပြား ပါဝင်လာပါတယ်။
မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ဖို့ မလိုအပ်ပဲ ခရီးမသွားကြဖို့နဲ့ လူစုလူဝေး ရှောင်ကြဉ်ဖို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူတွေထဲ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက ရွေးကောက်ပွဲလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူ ၉ဝ ကျော် ပါဝင်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်