မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်သူတွေ တိုးလာနေတာနဲ့အမျှ ရောဂါကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်သွားဖို့ တာဝန်ရှိသူတွေ ပြင်ဆင်နေတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနောက်ပိုင်း ကိုဗစ်ကပ်ရောဂါကူးစက်မှု တိုးလာတဲ့ လက္ခဏာတွေ့နေရတာကြောင့် ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာဖို့ တာဝန်ရှိသူတွေ သတိပေး
COVID- 19 ကာကွယ်ဆေး အောင်အောင်မြင်မြင် ထုတ်လုပ်သုံးစွဲနိုင်ဖို့ နီးစပ်လာနေပြီဆိုတဲ့ သတင်းတွေကြောင့် ကာကွယ်ဆေး ထွက်ပေါ်လာတဲ့အခါ မြန်မာနိုင်ငံမှာလည်း သုံးနိုင်အောင် ပြင်ဆင်နေကြတာပါ။
ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းတွေနဲ့အညီ ကျင်းပခဲ့တယ် ဆိုပေမဲ့လည်း ရွေးကောက်ပွဲကာလမှာ လူစုလူဝေးနဲ့ လူအများအပြား ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့တာကြောင့် ကူးစက်မှုတွေ တိုးလာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေ ခန့်မှန်းထားပါတယ်။
ဒီတကြိမ်ရွေးကောက်ပွဲမှာ အများစု အနိုင်ရထားတယ်လို့ ပြောဆိုထားတဲ့ လက်ရှိအာဏာရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေနဲ့ အစိုးရသစ်ဖွဲ့စည်းရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးဖို့ ရည်မှန်းထားတဲ့အကြောင်း ပြောပြပါမယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ ပြိုင်ပွဲဝင်ကိုယ်စားလှယ်လောင်း အများစုရဲ့ မဲရလဒ်အခြေအနေဟာ တခြားပါတီတွေထက် အသာစီးရနေတဲ့ အခြေအနေမှာ ရှိနေတာပါ။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးတဲ့သူ များစုက တိုင်းပြည်ရဲ့ ပညာရေးနဲ့ စီးပွားရေး ကို အဓိက စဉ်းစားပြီး မဲပေးကြတယ်လို့ VOA ကို ပြောပါတယ်။ NLD အပေါ်မှာ အားမလိုအားမရဖြစ်တာတွေ ရှိပေမဲ့ ထောက်ခံ မဲပေးဖြစ်ပါတယ်လို့ မဲဆန္ဒရှင်တချို့က VOA ကို ပြောကြပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပရာ ဒီကနေ့မှာ တိုင်းနဲ့ပြည်နယ် အသီးသီးမှာရှိတဲ့ ဆန္ဒမဲပေးခွင့်ရှိသူတွေဟာ သက်ဆိုင်ရာမဲရုံတွေမှာ ကပ်ရောဂါ စည်းမျဉ်းတွေနဲ့အညီ မဲပေးနေကြပြီး ကပ်ရောဂါကာလ လိုက်နာရမယ့် နည်းလမ်းတွေကြောင့် တချို့မဲရုံတွေမှာတော့ သတ်မှတ်ချိန်အထိ မဲပေးရမယ့်သူတွေ ကျန်ရှိနေပါတယ်။
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းကျေးရွာမှာ မဲပေးကြတဲ့အခြေအနေကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။
ပဲခူးတိုင်းရွေးကောက်ပွဲ ကော်မရှင်ရုံးဝန်းထဲ ဒီနေ့မွန်းလွဲပိုင်းက ပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစုံတရာမရှိခဲ့ကြောင်း အခင်းဖြစ်ပွားချိန်မှာ ရှိနေတဲ့ ရုံးဝန်ထမ်း ဦးတိုးအောင်က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း လုံခြုံရေးအာဏာပိုင်တွေက စစ်ဆေးနေတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာပဲ မကြာခင် ရွေးကောက်ပွဲတွေ ကျင်းပတော့မှာမို့ ရောဂါကူးစက်မယ့် အန္တရာယ်ကို အထူးသတိထားဖို့ ကျန်းမာရေး ပညာရှင်တွေ တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူတွေ၊ အသွားအလာ ကန့်သတ်စောင့်ကြည့် ခံနေရသူတွေ မဲပေးခွင့်ရအောင် ရွေးကောက်ပွဲ တာဝန်ရှိသူတွေ စီစဉ်နေကြပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးနေချိန်မှာပဲ တိုင်းနဲ့ ပြည်နယ်တွေမှာပါ လူနာတွေကို ကုသပေးနိုင်အောင် ဆေးရုံတွေကို တိုးချဲ့ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။
ရောဂါကူးစက်ခံရသူ ၁၀၄ ဦးထဲက ထောင်ဝန်ထမ်းတွေကို မအူပင်ဆေးရုံမှာ သီးခြားထားကုသပေးနေပြီး၊ အကျဉ်းသားတွေကိုတော့ ထောင်တွင်းသီးသန့် အဆောင်မှာ သီးခြားထားပြီး ကုသပေးနေတယ်လို့လည်း ဒေါက်တာခင်မာစိုးက ပြောပါတယ်။
ပုဂ္ဂလိကဓာတ်ခွဲခန်းတွေမှာ ကိုဗစ်ရောဂါပိုးရှိ၊ မရှိ စစ်ဆေးနိုင်ဖို့နဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာတွေကို လက်ခံကုသပေးနိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေအပေါ်ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သဘောတူထားပါတယ်။
ရန်ကုန်တိုင်းအတွင်း အောက်တိုဘာလဆန်းပိုင်းလောက်မှာ ကိုဗစ်ရောဂါပိုးတွေ့သူဦးရေ အမြင့်ဆုံးဖြစ်ခဲ့ပေမဲ့ အခုဆိုရင် ကူးစက်သူ အတည်ပြုလူနာ ကျဆင်းလာတာ သီတင်းတပတ်ကျော် ရှိသွားပြီလို့ ရန်ကုန်တိုင်းကော်ဗစ် ကော်မတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ရပ်နားထားရတဲ့ ခရီးသွားလုပ်ငန်းတွေနဲ့ ခရီးစဉ်နယ်မြေတွေကို ပုံစံအသစ်နဲ့ ပြန်စနိုင်ဖို့ တာဝန်ရှိသူတွေ ပြင်ဆင်နေပေမဲ့ စိန်ခေါ်မှုတွေလည်း ရှိနေဆဲဖြစ်တဲ့အကြောင်း ပြောပြပါမယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း ဖျားနာကုဆေးခန်းတွေမှာ လာရောက်ပြသသူတွေ တိုးလာနေတာကြောင့် အခက်အခဲတွေ ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။
မြန်မာနိုင်ငံတွင်း တိုင်းရင်းသား ဒေသတချို့မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် အသွားအလာ ကန့်သတ်တာအပါအဝင် ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေ တိုးမြှင့်လာနေတဲ့အကြောင်း ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အဓိကကြုံနေရတဲ့ ရန်ကုန်တိုင်းမှာ အခြေအနေကို ထိန်းချုပ်နိုင်အောင် တာဝန်ရှိသူတွေ ကြိုးပမ်းနေချိန်မှာပဲ တခြားဒေသတွေမှာ ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် စိုးရိမ်မှုတွေ ထွက်ပေါ်လာနေတဲ့အကြောင်း ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်