ပါတီရဲ့ ပူးတွဲဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားခံရပေမယ့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေဆဲဖြစ်တဲ့ သူရဦးရွှေမန်းဟာ နေပြည်တော်က လွှတ်တော်ဥက္ကဋ္ဌရုံး မှာ ပုံမှန် ရုံးလုပ်ငန်းတွေ ကို ပြန်လည်ဆောင်ရွက်နေပြီ ဖြစ်တဲ့အကြောင်း ပြည်သူ့လွှတ်တော် ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးခင်မောင်ဦး က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဟောလိဝုဒ် ကမ္ဘာကျော်မင်းသမင်း၊ ကုလသမဂ္ဂကိုယ်စားလှယ် Angelina Jolie Pitt တို့နှစ်ဦး လှိုင်သာယာ စက်မှုဇုန်နဲ့ ကျူးကျော်တဲတွေဆီ သွားရောက်လည်ပတ်ပြီး လုပ်ခလစာအခြေအနေ၊ စားဝတ်နေရေးနဲ့ ကလေးတွေရဲ့ပညာရေးအခြေအနေကိုသာမကမဲပေးရေးအခြေအနေကိုပါ မေးမြန်းခဲ့ကြပါတယ်။
မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အပြောင်းအလဲဖြစ်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့် အခွင့်အရေးအပြည့်အဝရစေဖို့ ကုလ အထူး ကိုယ်စားလှယ် မင်းသမီး Jolie အနေနဲ့ စောင့်ကြည့်သွားဖို့နဲ့ အမျိုးသမီးတွေရဲ့ မဲပေးခွင့် အခွင့်အရေးတွေ မဆုံးရှုံးစေဖို့ ဦးစားပေး တိုက်တွန်းသွားခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား (၆၉၆၆)ဦးကို ပြန်လွှတ်ပေး ခဲ့တဲ့ အထဲ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ တသက်တစ်ကျွန်း ချမှတ်ခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ဦး တပ်မတော်ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တချို့ အပြင် နိုင်ငံရေး အကျဉ်းသားတချို့နဲ့ မွန်းတည့်နေဂျာနယ်က သတင်းသမား(၅)ဦးလည်း ပါဝင်ပါတယ်။
"ပြည်သူ့လွှတ်တော်က ၄၅ ဦး၊ မြို့နယ် ၄၅ မြို့နယ် ၄၅ ဦး ပြိုင်မယ်။ အမျိုးသားလွှတ်တော်က ၁၂ ဦး ဝင်ပြိုင်မယ်။ တိုင်းဒေသကြီးလွှတ်တော်က လူ ၉၀ ပေါ့ ဝင်ရောက်ယှဉ်ပြိုင်မယ်။ အားလုံးပေါင်း ၁၄၉ ဦး၊ တိုင်းဒေသကြီးကတော့ တပ်ကလာမှာဆိုတော့ ဘယ်သူမှန်း မသိသေးဘူးပေါ့နော်။"
မြန်မာနိုင်ငံရဲ့ကလေးစစ်သား စုဆောင်းမှုတွေမှာ အစိုးရစစ်တပ်အပြင် လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ပါဝင်နေတာကြောင့် ကလေးစစ်သား စုဆောင်း အသုံးပြုမှုရပ်တန့်ရေး လက်နက်ကိုင်အဖွဲ့အားလုံး ပူးပေါင်းပါဝင်ကြဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်က တိုက်တွန်းပါတယ်
"အဓိကအချက်ကတော့ ဒီ 7 ဇူလိုင်မှာ သမဂ္ဂအဆောက်အအုံကို တကသအဆောက်အအုံ ဗုံးခွဲဖျက်ဆီးလိုက်တဲ့ ကျနော်တို့ နောင်တော်ကျောင်းသားတွေ ကျဆုံးခဲ့တာကို ကျနော်တို့ မမေ့ဘူးဆိုတာကို သက်သေပြချင်တယ်။"
မြန်မာ နဲ့ အမေရိကန် ဆက်ဆံရေးသိသိသာသာ တိုးတက်လာတာနဲ့ အတူ နှစ်နိုင်ငံ စီးပွားရေး အကျိုးအမြတ်တွေ အခုထက် ပိုမိုတိုးတက်လာဖို့ ရှိကြောင်း မြန်မာ အစိုးရ အာဏာပိုင်တွေက မျှော်လင့်ကြောင်း ရန်ကုန်မြို့ အမေရိကန် သံအမတ်ကြီးနေအိမ် မှာပြုလုပ်တဲ့ အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။
လာမယ့် ရွေးကောက်ပွဲအတွင်း နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကိုဂရုမပြုဘဲ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် မဲဆန္ဒရှင်ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။
ဒေါ်ခင်ဝင်း သေဆုံးတဲ့ အမှုမှန်ဖော်ထုတ်ပေးရေး ပြီးခဲ့တဲ့ ၂၀၁၄ ဒီဇင်ဘာလကုန်ပိုင်းမှာ တရုတ်သံရုံးရှေ့ ဆန္ဒပြခဲ့တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ၊ ဒေါ်နော်အုန်းလှ တို့အပါအဝင် တက်ကြွလှုပ်ရှားသူခြောက်ဦးကို ပုဒ်မ (၄) ခုနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် (၄)နှစ် (၄)လ စီ ကျခံစေခဲ့တာပါ။
"ဒီဆွေးနွေးပွဲအတွင်းမှာ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်များ၊ ပါဝင်ဆွေးနွေးတဲ့ ပုဂ္ဂိုလ်များ အနေနဲ့ အချက်သုံးချက်ကို ဆွေးနွေးပြီးတော့မှ သဘောတူခဲ့ပါတယ် အဓိကအားဖြင့် အကြောင်းအရာအရ ပြောရမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ နောက်တခါ ငြိမ်းချမ်းရေး ကိစ္စနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပရေး။"
နှစ်နှစ်ကျော်ကျော် ကတည်းက တောင်းထားတာက လေးပွင့်ဆိုင်ပါ။ ဒါပေမဲ့လည်း ပြည်ထောင်စု လွှတ်တော် ကနေပြီးတော့ ခြောက်ဦးပေါ့နော် တွေ့ဆုံပွဲ တောင်းတော့လည်း ကျမတို့ အနေနဲ့ သဘောတူ ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်စလုံး ပါတယ်။ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်ပါတယ်ဆိုတော့ ဒါ ဘာမှ ကျမတို့ ကန့်ကွက်စရာမရှိပါဘူး။"
“ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့မှ အရေးကြီးအဆိုအဖြစ် တင်သွင်းပြီး ဆုံးဖြတ်ထားတဲ့ ခင်ဗျားတို့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲလို့ ခေါ်နေတဲ့ လူကြီး ၆ ယောက်ရဲ့ နိုင်ငံ့ရေးရာ ဆွေးနွေးပွဲ ကို ကျနော်တို့ ၁၀ ရက်နေ့မှာ လုပ်ပါမယ်။ နိုင်ငံတော်သမ္မတ အိမ်တော်မှာ လုပ်ပါမယ်။”
"ကျောင်းသားတွေ အယောက် ၃၀ ကျော်၊ ၄၀ နီးပါးလောက် အဖမ်းခံထားရတယ်။ သတင်းထောက် ၂ ယောက်လောက်ကိုတော့ ထိန်းသိမ်းထားတယ်လို့ ကျနော်တို့သိထားတယ်။ ဒဏ်ရာရသူကတော့ အကုန်လုံးနီးပါးလောက် အရိုက်ခံရတဲ့အတွက် ဒဏ်ရာ အသေးအမွှားလေးတွေတော့ ရကြတယ်လို့ ကျနော်တို့သိထားရတယ်"
လက်ပံတန်းမြို့မှာ ထိုင်သပိတ် ဆင်နွဲနေတဲ့ ကျောင်းသားတွေနဲ့ သံဃာတော်တွေကို သပိတ်ရပ်နားပြီး နေရပ်ပြန်ကြဖို့ လက်ပံတန်းမြို့သံဃာ့နာယက အဖွဲ့က လာရောက်မေတ္တာရပ်ခံခဲ့ပါတယ်။
"အဓိက target က ကျနော်တို့ သွားချင်တာ ရန်ကုန်၊ သာယာဝတီဆိုတာ ကြားမြို့၊ ဖြတ်လမ်း အဲဒီကြားမြို့ ဖြတ်သွားမယ့်မြို့မှာ ကျနော်တို့ သွားတဲ့အချိန်မှာ အန္တရာယ် မဖြစ်စေချင်ဘူး။ အာဏာပိုင်အဖွဲ့အစည်းက ကျနော်တို့ကိုလာပြီး တားတာဆီးတာ မရှိရင်လည်း ကျနော်တို့နဲ့ သူတို့နဲ့ ရင်ဆိုင်တွေ့စရာ အကြောင်းလည်း မရှိဘူး။"
"ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အောင်မြင်တဲ့ ခြေလှမ်းဖြစ်ပါတယ်။ ဒီအတွက် ဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်အားလုံး ဆွေးနွေးပွဲကို စောင့်ကြည့်နားထောင်နေကြတဲ့ ပြည်သူ လူထုရော ဒါ ကျနော်တို့ရဲ့ အောင်မြင်မှုအပေါ်မှာ ဒါ ကျနော်တို့ရဲ့ အောင်မြင်မှုဟာ ပြည်သူလူထုရဲ့ အောင်မြင်မှုဖြစ်ပါတယ်"
ကျောင်းသားတွေဘက်က တောင်းဆိုတဲ့အချက် (၁၁) ချက်စလုံးကို သဘောတူတယ်ဆိုတဲ့ အနေအထားမှာ ရှိပါတယ်ခင်ဗျ။ ဒီ (၁၁) ချက်ထဲမှာ ပါဝင်တဲ့ အသုံးအနှုန်းတချို့ကို ပြန်ပြီးတော့ အဖွဲ့တွေဖွဲ့ပြီးတော့ အသုံးအနှုန်းတချို့ကို ပြန်ပြီးတော့ ဆွေးနွေးတာကလွဲရင် (၁၁) ချက်လုံးကိုတော့ သဘောတူတယ်ဆိုတဲ့ အဆင့်ကိုတော့ ရောက်သွားပါပြီခင်ဗျ။
အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ကန့်ကွက်ပြီး မန္တလေးကနေ ရန်ကုန်အထိ ခရီးရှည်ချီတက်ဆန္ဒပြ သပိတ်မှောက်ကျောင်းသားစစ်ကြောင်း
နောက်ထပ်ကြည့်ရှုရန်