အမေရိကန် နိုင်ငံခြားရေးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့အဖွဲ့ဟာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံခဲ့သလို လူမှုရေးအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
IFC အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်းရဲ့ လာမယ့်သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံ အထိ တိုးမြှင့်တဲ့ ရင်းနှီးမြှုပ်နှံမှု အကူအညီ ဟာ မြန်မာ့ စီးပွားရေးမှာ ပုဂ္ဂလိက လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်အကိုင် အခွင့်အလမ်းရရှိရေး တွေအတွက် အသေးစား အလတ်စားလုပ်ငန်းတွေမှာ အဓိကထား ကူညီသွားမှာဖြစ်ပါတယ်။
"ခက်ခဲတဲ့ အတိတ်ကာလတွေကို မျှော်လင့်ချက်ရှိတဲ့ အနာဂတ်အဖြစ် ပြောင်းလဲဖို့ ကြိုးစားနေကြတာကိုလည်း ချီးကျူးပါတယ်။ ခင်ဗျားတို့ ရှေ့ဆက်လုပ်ဆောင်ရမယ့် ခက်ခဲတဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာ အထောက်အကူပေးဖို့ ကျွန်တော်တို့ ဒီနေရာကို ရောက်နေရတာပါ"
"ကျနော်လုပ်ထားတာများ လိုနေသေးရင်၊ ခင်ဗျားတို့ အကြံပြုချင်တာများ ရှိနေသေးရင် အကြံပြုလို့ရပါတယ်။ ကျနော့်ဘက်ကတော့ ဟုတ်လား လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ကြီး ဖြစ်ကိုဖြစ်မယ်။ ကျနော် ဒိုင်အနေနဲ့ နေမယ်" - ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး
သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာမှုရှိ မရှိ စောင့်ကြည့်လေ့လာနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေ၊ ဟန့်တားမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။
လူကူးကုန်မှုတိုက်ဖျက်ရေးဟာ သက်ဆိုင်ရာတစ်နိုင်ငံတည်း ဖြေရှင်းလို့ရတာမဟုတ်ဘဲ နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရတာဖြစ်လို့ အမေရိကန်အနေနဲ့ အာဆီယံတစ်နိုင်ငံချင်းစီနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံဒေသ(၆)ခုမှာ နေထိုင်ကြတဲ့ အမျိုးသမီးပေါင်း (၆) သောင်း ကျော်ကို ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်အနေနဲ့ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ကလင်တန် နိုင်ငံတကာ အကူအညီပေးရေးအစီအစဉ် CGI ကနေ အမေရိကန်ဒေါ်လာ (၇) သန်းထောက်ပံ့သွားမယ်လို့ CGI က ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ ထိရောက်မှုမရှိကြောင်း ရခိုင်မှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ ပဋိပက္ခဒေသတွေက လိင်အကြမ်းဖက်မှုတွေ သတင်း မီဒီယာဖိနှိပ်မှုတွေ အလုပ်သမား အခွင့်အရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိနေသေးတာတွေနဲ့ အာရှ လူအခွင့်အရေးဆောင်ရွက်သူများ အဖွဲ့ ထောက်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ သံရုံးရှိတဲ့ နိုင်ငံပေါင်း ၄၀ ကျော်က ကမ္ဘာလှည့်ခရီးသွားတွေအတွက် အွန်လိုင်းကတဆင့် ပြည်ဝင်ခွင့်လျှောက်ထားနိုင်တဲ့ e-visa စနစ်ကို ဒီနေ့ စတင်လိုက်ပြီး လျှောက်လွှာကြေး ဒေါ်လာ ၅၀ ပေးသွင်းရမှာဖြစ်သလို တနာရီအတွင်း လက်ခံမခံ အကြောင်းပြန်ပေးမှာဖြစ်ကြောင်း လဝက အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ကဏ္ဍမှာ အသုံးစရိတ်တိုးမြှင့်ဖို့နဲ့ အစိုးရရဲ့ လက်ရှိ ကျင့်သုံးနေတဲ့ စိုက်ပျိုးရေး မူဝါဒတွေကို ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်တယ် လို့ ဗြိတိန်နိုင်ငံ အခြေစိုက် Oxfam ဆင်းရဲနွမ်းပါးမှု နဲ့ မတရားမှု ဖြေရှင်းပေးရေး အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။
"စာပေ၊ အနုပညာရှင်တွေရဲ့သြဇာကြောင့်မို့လို့၊ နိုင်ငံရေးအရကော၊ ယဉ်ကျေးမှုအရရော အပြောင်းအလဲတွေ အများကြီး ရှိနိုင်ပါတယ်။ ဒီလို အပြောင်းအလဲတွေ မှန်တဲ့ဘက်ကို ရောက်ဖို့ဆိုတာလည်း အားလုံးမှာ တာဝန်ရှိတယ်လို့ ကျမက ယူဆပါတယ်။” (ဒေါ်အောင်ဆန်းစုကြည်)
အာဖရိကအနောက်ပိုင်း ဂီနီ နိုင်ငံနဲ့ လိုက်ဘေးရီးယားနိုင်ငံတွေက ပြန်ရောက်လာတဲ့ မြန်မာအမျိုးသား တစ်ဦးကို ကူးစက်ရောဂါဆေးရုံကြီးမှာ စောင့်ကြည့် စစ်ဆေးနေပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ ကောင်းမွန်တဲ့ ရလဒ်တွေကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ချီးကျူးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John kerry က ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ခဲ့သလို အစိုးရအဖွဲ့ ဝန်ကြီးတချို့နဲ့လည်း တွေ့ဆုံခဲ့ပြီး မကြာခင် အဆုံးသတ်တော့မယ့် ဆယ်ရက်တာကြာတဲ့ သူ့ခရီးစဉ်အတွင်း ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင် ပဋိပက္ခဖြစ်ပွားရာနဲ့ နေရာအတော်များများကို သွားရောက်လေ့လာခဲ့ပါတယ်။
မြန်မာအစိုးရရဲ့ ဖိတ်ကြားမှုနဲ့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီကနေ့ နေပြည်တော်ကို သွားရောက်ပြီး အမျိုးသား လွှတ်တော် ပြည်သူ့လွှတ်တော်က တာဝန်ရှိသူတွေ၊ လွှတ်တော် ကော်မတီ ဥက္ကဋ္ဌတွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့တွေ့ဆုံခဲ့ပါတယ်။
“အဓိကကတော့ ကျနော်တို့ မန္တလေးမှာ ဇူလိုင် ၁ ရက်၊ ၂ ရက် ဖြစ်စဉ်ကို ကျနော်တို့ သိတာမြင်တာတွေကို ကျနော်တို့ ပြောပါတယ်။ ပြီးလို့ရှိရင် ကျနော်တို့ မန္တလေးမှာ အမြဲတမ်း ငြိမ်းချမ်းရေးရဖို့အတွက် လူမှုကူညီရေးအသင်းတွေနဲ့ လူထုကလည်း ညီညီညွတ်ညွတ်နဲ့ ကာကွယ်သွားမယ်ဆိုတာကို ပြောပြပါတယ်"
"အဲ့ဒီ AD-2000 ဆိုတဲ့ ဒုက္ခသည်စခန်းရယ်၊ နောက် Robert Church ဆိုတဲ့ ဒုက္ခသည်စခန်းရယ်၊ နောက် ရွှေကြီးနားဒုက္ခသည်စခန်းရယ်၊ အဲ့ဒီ ၃ ခုပေါ့ ရောက်ခဲ့တယ်။ နောက်ပြီးတော့ ဗန်းမော်မြို့က အကျဉ်းထောင် ကျနော်တို့ ရောက်ခဲ့တယ်" - ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်း
အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yang Hee Lee (ယန်ဟီလီ) ဟာ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်ခဲ့ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။
"တာမွေမြို့နယ် တရားရုံးမှာ စစ်ဆေးဆဲအမှုနဲ့ စပ်လျဉ်းနေတဲ့အတွက် ကိစ္စရပ်များနဲ့ စပ်ဆိုင်နေတဲ့အတွက်တဲ့ တာမွေမြို့နယ် တရားရုံးတွင် စစ်ဆေးဆဲ အမှုနဲ့ စပ်လျဉ်းသည့် ကိစ္စရပ်များဖြစ်၍ ဦးတိုက်လျှောက်လွှာအား ပြန်ပေးမည်ဆိုပြီးတော့ အဲ့ဒီမြို့နယ်တရားသူကြီးက ဘုန်းကြီးတို့ကို ပြန်ပြီးတော့ ဒီစာပေးပါတယ်"
ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ သမ္မတဦးသိန်းစိန်နဲ့ မြန်မာအနုပညာရှင်တွေ တွေ့ဆုံနေစဉ် လူ (၃၀) နီးပါး စုဝေး ဆန္ဒပြခဲ့ကြတဲ့ သတင်းသမားတွေကို ကမာရွတ်ရဲစခန်းက ပုဒ်မ (၁၈) နဲ့ အမှုဖွင့်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်