ယူနတီသတင်းထောက် ငါးဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ဆယ်နှစ်ချမှတ်မှုကို အပြင်းအထန် ကန့်ကွက်ကြောင်းနဲ့ အခုလို ကြီးမားတဲ့ ထောင်ဒဏ် ချမှတ်မှုမျိုးဟာ မြန်မာ သတင်းမီဒီယာလောက အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်ပေမဲ့ သတင်းလွတ်လပ်ခွင့် အပြည့်အဝ ရသည်အထိကြိုးပမ်းသွားမှာဖြစ်တဲ့အကြောင်း သတင်းသမားတွေ တညီတည်းပြောဆို။
၁၉၆၂ ခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး ကျောင်းသားသမဂ္ဂအဆောက်အဦး ဖြိုချ ဖျက်ဆီးခံခဲ့ရတဲ့ 7 July အမှတ်တရ အောက်မေ့ဖွယ်အခမ်းအနားတစ်ခုကို ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်း သမဂ္ဂအဆောက်အဦးတည်ရှိခဲ့ရာနေရာမှာ ကျင်းပခဲ့ကြပါတယ်။
“ဘုန်းကြီးတို့ ဒီအမှုမှာ တကယ့်ကိုမှ သာသနာနဲ့ သက်ဆိုင်တဲ့ အမှု ဖြစ်နေတယ်။ ဒါကြောင့် အမှုစစ်တဲ့နေရာမှာ တကယ့်အမှုရဲ့အမှန်ကိုပေါ် လာအောင် စစ်ဖို့ရာ အရေးကြီးပါတယ်။ သက်သေတွေရော တရားလိုတွေရော တရားခံတွေရော စသည်ဖြင့် ဒါတွေကို သေသေချာချာ ဘက်မလိုက်ပဲနဲ့ အမှန်တရားတွေ ပေါ်အောင်စစ်နိုင်ဖို့ အခွင့်အရေးက အင်မတန်ရခဲတယ်။"
“ဒေါ်လာ သန်းပေါင်း ၉ သောင်းဆိုတာဟာ မြန်မာနိုင်ငံ ရဲ့ တရားဝင် GDP ပြည်တွင်း အသားတင် ထုတ်လုပ်မှု ပမာဏထက် အများကြီးပိုပါတယ်။ အိမ်နီးချင်း မဲခေါင်မြစ်ဝှမ်း ဒေသ တောင် ပိုင်းနိုင်ငံတွေရဲ့ GDP ထက်လည်း အများကြီး သာပါတယ်။ ဒါကြောင့် ဒီငွေစီးဆင်းမှုဟာ ဒေသတွင်း စီးပွားရေး အင်အားအကြီးမားဆုံးဖြစ်နေပါတယ်။”
အမေရိကန်ပြည်ထောင်စုအခြေစိုက် IRI လို့ခေါ်တဲ့ International Republic Institute အဖွဲ့ကြီးကနေ လက်ရှိနိုင်ငံ့ခေါင်းဆောင်တွေနဲ့ ပတ်သက်လို့ လူထု သဘောထား စစ်တမ်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီစစ်တမ်းဟာ လူထုတရပ်လုံးအပေါ် ကိုယ်စားမပြုဘူးဆိုပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ အကြား ကုန်သွယ်ရေးနဲ့ ရင်နှီးမြှုပ်နှံမှုတွေ ထိထိရောက်ရောက် တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ရန်ကုန် အမေရိကန်သံရုံးမှာ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှု လုပ်ငန်းရုံးကို ဖွင့်လှစ်ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Penny Pritzker က ကြေညာလိုက်ပါတယ်။
မေလ (၁၁) ရက်၊ နေပြည်တော်မှာကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ နယ်မြေပိုင်နက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အရေးကို အဓိကထား ဆွေးနွေးခဲ့ကြသလို ဒေသတွင်း ဆိုးဝါးတဲ့ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဖို့ လုပ်ဆောင်ရမှာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
(၂၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပြီးတဲ့နောက် ထုတ်ပြန်တဲ့ နေပြည်တော် ကြေညာစာတမ်းမှာ ကျယ်ပြန့်တဲ့ ကဏ္ဍစုံအတွက် အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံက ခေါင်းဆောင်တွေဟာ နောင်မှာ အခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးမှုတွေအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။
"တဘက်ကလည်း ဘင်္ဂါလီလို့ ပြောရမှာခက်တယ်ဆိုရင် ဘင်္ဂါလီလို့လည်း မပြောနဲ့၊ ဒီဘက်ကလည်း ရိုဟင်ဂျာလို့ မပြောနဲ့။ Ethnicity ကို မေးရင် မဖြေတဲ့နည်းနဲ့ လက်ခံပေးမယ်ဆိုရင်လည်း ကောက်ယူမယ်လို့ ကျနော်တို့ ကြိုတင် ကြေညာပြီးတော့ ကောက်ယူသွားမှာဖြစ်ပါကြောင်း" - ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ
ဒီကနေ့ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ ရိုးရာအစဉ်အလာမပျက် ဇီဝိတဒါန ငါးလွှတ် ကုသိုလ်ယူတာ၊ သက်ကြီးရွယ်အိုတွေကို ကူညီစောင့်ရှောက်တာတွေ ရှိခဲ့သလို၊ ရန်ကုန်မြို့က နံမည်ကြီး ရွှေတိဂုံ၊ မဟာဝိဇယ၊ ဆူးလေ၊ ဗိုလ်တထောင်စတဲ့ ဘုရားတွေမှာ ကောင်းမှုကုသိုလ်ပြုတဲ့ ပြည်သူတွေ စည်ကားခဲ့ပါတယ်။
လူပေါင်း ၁ ထောင်ကျော်၊ ဒီရန်ကုန်မြို့မှာ သူခိုးဖြစ်မယ်ဆိုရင် နိုင်ငံအတွက် ကောင်းအုံးမလား။ မဟုတ်ဘူးလား။...ကျနော်ခေါ်သွားတာ သူတို့ ခွင့်မပြုစရာအကြောင်းမရှိဘူး။ ဒီလူတွေ သူခိုး၊ ဂျပိုးမဖြစ်လာအောင် ကျနော်လာခေါ်တာပဲ။ အထူးသဖြင့် အနာဂတ်လူငယ်လေးတွေ အဆုံးရှုံးမခံနိုင်စေချင်ဘူးလေ။ (ဗိုလ်မှူးစောဆန်းအောင်-DKBA)
"“ကျနော်ဗျာ ဝမ်းတောင်နည်းတယ်ဗျ။ ကျနော်တို့ ဒီမှာ ဒုက္ခတွေ အကုန်လုံးနဲ့ ကြုံတွေ့ပြီးတော့မှ မရှိဆင်းရဲသားတွေ ငွေတွေ ချေးပြီးတော့ အဲ့လိုမျိုး လာဆောက်ထားတာ။ အခုတော့ဗျာ အကြွေးတွေတင်ပြီး အကုန်လုံး ဒုက္ခရောက်နေတယ်။ ကျနော်တို့ ဘယ်သူ့ကို အကူအညီတောင်းရမှန်းလည်း မသိဘူး။" နေအိမ်တဲဖျက်ဆီးခံခဲ့ရသူ ကိုကျော်လင်းဦး
"အခက်အခဲအနေနဲ့တော့ သူတို့လက်မှတ်ရှိနေပေမဲ့၊ ဒီကွင်းထဲကို ဝင်တဲ့အခါမှာ လုံခြုံရေးအရ ဂိတ်ပေါက်တွေက ဝင်ခွင့်ပေးထားပေမဲ့ လုံခြုံရေးက ဂိတ်တွေ အပြောင်းအလဲ ဖြစ်တာတို့၊ ကွင်းအပြင်မှာ နာရီပေါင်းများစွာ စောင့်နေခဲ့ရတာတို့ ရှိတယ်ခင်ဗျ။"
လုပ်သက်အလိုက် အခြေခံလစာ (၃)သောင်းပတ်ဝန်းကျင်ပဲ ရရှိကြတဲ့ အလုပ်သမားတွေဟာ ရှားပါးစရိတ်အနေနဲ့ ငွေကျပ်(၃)သောင်းထပ်မံတိုးမြှင့်ပေးဖို့နဲ့ အလုပ်သမားအခွင့်အရေးအပြည့်အဝပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။
"ဘာသာပျောက်မှာ၊ လူမျိုးပျောက်မှာ၊ တိုင်းပြည်ပျောက်မှာ ကြောက်လို့မို့ ဘုန်းကြီးတို့ရဲ့ မြန်မာပြည် ဘယ်နေရာမဆို OIC ရုံးဆောက်ခွင့်ကိုလည်း လုံး၀ ခွင့်ပြုမှာမဟုတ်ဘူး။ ၈၂ ဥပဒေကိုလည်း ဘုန်းကြီးတို့က ကာကွယ်ပေးရမယ်။ သူတို့ လူမျိုးတွေကို အဆင်ပြေစေချင်တယ်ဆိုရင် OIC ၅၇ နိုင်ငံကနေ ခွဲဝေပြီးတော့ ခေါ်သွားကြပါလို့"