အမေရိကန် ပြည်ထောင်စု Los Angeles မြို့မှာ ကမ္ဘာ့အကြီးဆုံး ကားပြပွဲတခု ပြသနေပါတယ်။ ဒီနှစ်အတွက် ခေတ်စားတဲ့ ကားတွေကတော့ လျှပ်စစ်ကားတွေ နဲ့ အဆင်မြင့်နည်းပညာသုံးကားတွေပဲ ဖြစ်ပါတယ်။ Veronica Villafane သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါမယ်။
အင်တာနက်ဆိုက်ဘာ တိုက်ခိုက်မှုတွေဟာ တိုင်းပြည်အတွင်း အလျင်အမြန်ဆုံးတိုးပွားလာနေတဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ သြစတေးလျ အမျိုးသားတက္ကသိုလ် ANU က ပြုလုပ်တဲ့ သုတေသနက ပြောပါတယ်။ Phil Mercer ဆစ်ဒနီကနေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေထဲရောက်နေတဲ့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ အုပ်စုမှာရှိတဲ့ မြေဧက ၅၀၀ ကျော်ပေါ်က ဘုန်းကြီးကျောင်းနဲ့သီလရှင်ကျောင်းတွေအပါအဝင် ကျူးကျော်အဆောက်အဦး ၄,၀၀၀ ကျော်ကို ရက်ပိုင်းအတွင်း ဖယ်ရှားပေးဖို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးထားပါတယ်။
ဂျိမ်းစ်ဘွန်းရုပ်ရှင် အနှစ် ၆၀ ပြည့် အထိမ်းအမှတ် ကမ္ဘာ့အကြီးဆုံး ပြောင်းဖူးခင်း ဝင်္ကဘာကြီးတခု ရှီကာဂိုမှာ ဖန်တီး၊ လမ်းပေါ်က ချိုင့်ခွက်ကို မှန်စီကြွေပြား ပန်းချီပုံတွေ နဲ့ လိုက်ဖာနေတဲ့ အနုပညာရှင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ဂျာမနီနိုင်ငံက မြင်းပုလေးတကောင်က အသေးဆုံးမြင်းပုလေးအဖြစ် ကမ္ဘာ့မှတ်တမ်း ဂင်းနစ်စံချိန် ဝင်နိုင်၊ ပါတယ်။ တန်ဇန်းနီးယား နိုင်ငံမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာသုံးဖို့ ကြွက်ကြီးတွေကို ကျောပိုးအိတ်တပ်ပေးပြီး လေ့ကျင့်ပေးနေ၊ ဒီလိုထူးခြားဆန်းပြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ကန်သက်တမ်းဝက် ရွေးကောက်ပွဲ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပ၊ အာဆီယံဒေသတွင်း ငြိမ်းချမ်းရေး စာချုပ် TAC ကို ယူကရိန်းလက်မှတ်ထိုး၊ ကမ္ဘာ့ဥတုရာသီပြောင်းလဲမှုကိစ္စများ အီဂျစ် ကုလညီလာခံ COP27 မှာ ဆွေးနွေး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက်နိုင်ငံတကာ သတင်းတွေကို မအိသန့်စင်နဲ့ ကိုငြိမ်းချမ်းတို့ တင်ဆက်ထားပါတယ်။
“ နန့်ယားဂိတ်မှာ ၅၀- ၆၀ ကျော်လောက်ရှိတယ်။ ဒီ ဂိတ်ကနေ ဟိုးခွန်တောင်အထိ တန်းစီနေတာတော့ ဓါတ်ဆီကားတွေပိုများတယ်။ တချို့ကားတွေဆို ၁၀ ရက်၊ တပတ်လောက်တောင် ကြာပြီ။ ခရီးသည်ကားတွေ တချို့တော့ သူတို့ စစ်ဆေးမေးမြန်းပြီးမှ လွှတ်ခဲ့တာရှိတယ်။ ကားငယ်တွေပေ့ါနော။ လိုင်းကားတွေပေါ့။” (နန့်ယားဒေသခံ)
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမဆုံးအကြိမ် ရှားပါးပုံနှိပ်မူကို ဆော်သဘီက လေလံတင်ရောင်းဖို့ရှိ၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ ဟီရိုကဇူ တာနာကာ ဆိုတဲ့ နာမည်တူ လူပေါင်း ၁၇၈ ဦး စုဝေးတွေ့ဆုံပြီး ကမ္ဘာ့စံချိန်တင်၊ ဒီလိုထူးခြားဆန်းပြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အမေရိကန်မှာ ဒီမိုကရေစီ အတိုက်အခိုက်ခံနေရတယ်လို့ သက်တမ်းဝက်ရွေးကောက်ပွဲ မတိုင်ခင် သမ္မတဘိုင်ဒန်ပြော၊ မြောက်ကိုရီးယား ဒုံးကျည်အစင်းပေါင်းများစွာ ပစ်၊ တိုက်လေယာဉ်တွေ ပျံသန်းမှု ဒေသတွင်းတင်းမာမှုမြင့်၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက်နိုင်ငံတကာ သတင်းတွေကို မအိသန့်စင်နဲ့ ကိုငြိမ်းချမ်းတို့ တင်ဆက်ထားပါတယ်။
“မပြန်ချင်တာမဟုတ်ဘူး။ စစ်တပ်ကရှိနေသရွေ့ ပြန်လို့မရဘူး။ သူတို့ပစ်မှာပဲ။ ပြန်ရင်ပစ်မှာ။ ပြန်ရင်လည်းပဲ ဒီအချိန်မှာ အိမ်လည်းမရှိဘူး။ ရေလည်းမရှိဘူး။ မီးလည်းမရှိဘူး။ နေစရာလည်းမရှိဘူး။ စားစရာလည်းမရှိဘူးဆိုတော့ ကျနော်တို့က ပြန်လို့ကိုမရတာ။”(ထန်တလန်ဒေသခံ)
ကိုဗစ်ကြောင့် ရပ်နားထားရတဲ့ ဟောလိုးဝင်း တစ္ဆေကြီးပွဲတွေကို ဒီနှစ် အမေရိကန်မှာ ပြန်ကျင်းပနေပါပြီ။ မက်ဆီကိုနိုင်ငံ မက်ဆီကို စီးတီးမြို့တော်မှာ Zombie ဖုတ်ကောင်တွေ စီတန်း လှည့်လည်ပွဲကို ကျင်းပခဲ့ပါတယ်။ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“လုံဂျာ၊ နောင်ပေါင်း ၂ ရွာပေါင်း ၆၀၀ ကျော်လောက်ရှိတာပေါ့။ လုံဂျာရွာက လောကမာရဇိန်ဘုန်းကြီးကျောင်းမှာ။ နောင်ပေါင်း ဗုဒ္ဓဘာသာ ရှမ်းပိုင်းထဲမှာက ချမ်းမြေ့ရောင်ခြည်ကျောင်းမှာ။ ပြီးရင် ကချင်ဘက်ပိုင်းမှာ အိမ်ခြေ ၃၅- ၄၀ တွေက အမှတ် ၃ ဘုရားကျောင်းမှာ ရှောင်ထားတာရှိတယ်။” (မိုးမောက်ရှမ်းစာပေနဲ့ယဉ်ကျေးမှုကော်မတီ)
ပြီးခဲ့တဲ့သီတင်းပတ်က ဖားကန့်ဒေသမှာ မြန်မာစစ်တပ်လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေနဲ့ပတ်သက်တဲ့ အချက်အလက် အတည်ပြုချက်တွေ မကြာခင်ထုတ်ပြန်မယ်လို့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIO က ပြောထားပြီး အွန်လိုင်းမှာပျံ့နှံ့နေတဲ့သေဆုံးစာရင်းမမှန်ကန်ကြောင်း ဗွီအိုအေကို ပြောပါတယ်။
အရှေ့တောင်အာရှဒေသတွင်း အွန်လိုင်းအလိမ်အညာ စင်တာတွေဟာ တကမ္ဘာ့လုံးကလူတွေကို ပိုက်ဆံလိမ်ယူနေပေမယ့်၊ အဲ့ဒီစင်တာက လူလိမ်တွေဟာလည်း သူတို့ကိုယ်တိုင် အလိမ်ခံခဲ့ရသူတွေဖြစ်တယ်ဆိုတာ သိသူနည်းပါတယ်။ Dave Grunebaumသတင်း ကိုငြိမ်းချမ်း ပြောပြမှာပါ။ ဗီဒီယိုမှာ စိတ်အနှောက်အယှက်ဖြစ်စရာ မြင်ကွင်းတွေပါဝင်ပါတယ်။
အရပ်သားတွေ အပါအဝင် ထိခိုက်၊ သေဆုံးရသူ ၆၀ လောက်ရှိပြီး ဒဏ်ရာရသူတွေနဲ့ဆိုရင် ၁၀၀ ကျော် နိုင်ကြောင်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ ဖားကန့်ဒေသ အနန့်ပါကျေးရွာ ဒေသခံတွေက ပြောပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်က ကားပြပွဲမှာ လယ်ဂိုတုံး ၄ သိန်းနဲ့ တည်ဆောက်ထားတဲ့ လမ်ဘော်ဂီနီ ပြိုင်ကား၊ ဒူဘိုင်းမြို့မှာ ကာရက် ၃၀၀ ကျော် ကမ္ဘာ့အကြီးဆုံးစိန်တုံးတတုံး ဆော်သဘီလေလံတိုက် ပြသ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“အရင်လမ်းဟောင်းက လုံးဝအသုံးပြုခွင့် မပေးထားဘူးလေ။ ကျနော်တို့ ဒီလမ်းသစ်ကပဲ သွားလာနေရတာခင်ဗျ။ အခုလက်ရှိ သူတို့ အဲဒီမှာ ပစ်ခတ်နေတဲ့အခါကျတော့ ကုန်စည်တွေက အောက်ကဟာလည်း အပေါ်တက်လို့မရသလို အပေါ်ကလည်း အောက်ကိုဆင်းလို့မရဘူး။ အကုန်လုံး ကော့ကရိတ်မှာ ပိတ်မိနေတာလေ။" (လုပ်ငန်းရှင်တဦး)
“ရုံးကတော့ တော်တော်လေးကို လောင်သွားတယ်။ သန်းခေါင်ဆိုတော့ ကျနော်တို့လည်းထွက်မကြည့်ဘူး။ မနက် ၄ နာရီလောက်မှာ တက်လာတဲ့ဟာက မီးလောင်တဲ့ဟာတက်လာတာပေါ့။ သွားကြည့်လိုက်တော့ ဟုတ်တယ်လောင်တယ်။ အရှေ့ဘက်အခြမ်းတော့ တော်တော်လောင်တယ်။” (ဟားခါးမြို့ခံ)
ပြင်သစ်ဆီထရွန်ကားကုမ္ပဏီက စက္ကူကဒ်ဘုတ်ပြားတွေသုံးပြီး အနာဂတ်နမူနာ ကားတစီး ဖန်တီး၊ ဖိလစ်ပိုင်မှာ အောက်တိုဘာ ၄ ရက် ကမ္ဘာ့တိရစ္ဆာန်များနေ့ အထိမ်းအမှတ် ခွေးမင်္ဂလာဆောင်ကျင်းပ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“ သူတို့ထုတ်တာက ၁၀ ရက်မှာထုတ်တာဗျာ။ ၁၁ ရက်မှာ မနက်အစောကြီးပဲ ကျနော်တို့ကို RPG နဲ့ လာထုတာလည်းရှိတယ်။ ပြီးတော့ နေ့လယ်ပိုင်းမှာကျတော့ မိုင်းထောင်ပြီးတော့ မိုင်းကိုင်မြို့နယ်ထဲမှာ ကျနော်တို့လူတွေ ထိတယ်။ အဲဒါ ထုတ်တာက တမျိုး လုပ်နေတာတခြားဖြစ်နေတယ်။” (ဗိုလ်မှူးစိုင်းဖုန်းဟန်- SSPP ပြောခွင့်ရ)
နောက်ထပ်ကြည့်ရှုရန်