သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်္ဂလာဒုံ၊ ပျဉ်းမပင်ကျေးရွာက အဆောက်အဦး ၄,၀၀၀ ကျော်ကို စစ်ကောင်စီ ဖယ်ရှားခိုင်း


မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုံတဝိုက်က ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေထဲ ရောက်တဲ့အတွက် ဖျက်ခိုင်းထားတဲ့ ရပ်ကွက်ငါးခု။ (Crd: Google map)
မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုံတဝိုက်က ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေထဲ ရောက်တဲ့အတွက် ဖျက်ခိုင်းထားတဲ့ ရပ်ကွက်ငါးခု။ (Crd: Google map)

[[Zawgyi/Unicode]]

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ အုပ်စုမှာရှိတဲ့ မြေဧက ၅၀၀ ကျော်ပေါ်က ကျူးကျော်အဆောက်အဦး ၄,၀၀၀ ကျော်ကို ရက်ပိုင်းအတွင်း ဖယ်ရှားပေးဖို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးထားပါတယ်။ ဒီနယ်မြေမှာ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင်ကျောင်း အများအပြားလည်း ရှိနေတာပါ။ နှစ်ပေါင်းများစွာ အခြေကျနေထိုင်လာတဲ့ နေရာဖြစ်လို့ အခုလို မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းရမှာဖြစ်လို့ ဒေသခံတွေကတော့ အနီးနားက ရပ်ကွက်တွေကို အရေးပေါ် ပြောင်းရွှေ့နေရပါတယ်။ ဒီသတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုံအနီးတဝိုက်က ရပ်ကွက် ၅ ခုကို မနက်ဖြန် နိုဝင်ဘာလ ၂၂ ရက် နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးဖို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြေညာထားပါတယ်။ ဒီရပ်ကွက် ၅ ခုဟာ နှစ်ပေါင်းအတော်ကြာရှိနေပေမဲ့ ကာကွယ်ရေး ဝန်ကြီးဌာနပိုင်မြေထဲ ကျရောက်နေတဲ့အတွက် အခုလို ဖယ်ရှားခြင်းခံရတာပါ။ လူဦးရေ ၁ သောင်းကျော် နေထိုင်နေတာဖြစ်လို့ ရက်ပိုင်းအတွင်း ပြောင်းရွှေ့ရတဲ့အတွက် အနီးနားက ရပ်ကွက်တွေမှာပဲ ငှားရမ်းနေရကြောင်း ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

" ပြောင်းဖို့အတွက် စာလာပို့တယ်။ အခုပစ္စည်းတွေ အကုန်ရွှေ့ထားတယ်။ လူတော့ မပြောင်းသေးဘူး။ မနက်ဖြန် ၂၂ ရက်နေ့မှ အခြေအနေကြည့်ပြီး လိုရာပြောင်းမယ့်သဘော ရှိတာပေါ့။ အခုကျောင်းသားတွေလည်းပါတယ်။ အခိုင်အမာဆောက်တဲ့ ကျောင်းတွေလည်း ပါတာပေါ့။ အဓိက ရပ်ကွက်နှစ်ခုက ဓမ္မပါလနဲ့ ဂုန်ညှင်းနီ အဲဒါရပ်ကွက်အကြီးနှစ်ခုပေါ့။ အဆင့်အဆင့် ပြောင်းရင်းပြောင်းရင်းနဲ့ မြေကွက်တွေ ရောင်းစားရင်းနဲ့ ရပ်ကွက်တွေဖြစ်သွားတာ။ နှစ်ပေါင်း ၂၀ ကျော်ပြီပေါ့။"

ဘုန်းတော်ကြီးနဲ့ သီလရှင်ကျောင်းတွေကိုပါ ဖယ်ရှားပေးဖို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အပါအဝင် မြို့နယ် သံဃမဟာနာယကအဖွဲ့ကလည်း ဒေသခံတွေကို တိုက်တွန်းထားတာပါ။ ပိုင်ဆိုင်မှု အထောက်အထား ဘာမှလက်ဝယ်မရှိတဲ့အတွက် ရပ်ကွက်ငါးခုလုံး သတ်မှတ်ရက်အတွင်း ဖယ်ရှားခံရဖို့ သေချာသလောက် ရှိနေတာပါ။ ဒေသခံတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

" ၁၈ ရက်ကနေ သူတို့လေးရက်လောက် ခွာပြီးတော့ ပြောတာပါ၊ တပတ်လောက် ခွာပြီးတော့ပြောတယ်။ ၁၈ ရက်နောက်ဆုံးထား၊ အဲဒီ ၁၈ ရက်ကနေ နောက်ထပ်လေးရက် ထပ်တိုးပေးတယ်ပေါ့။ ၂၂ ရက်နေ့ ထပ်ဖြစ်တယ်။ အခုတော့ ၂၂ ရက်နေ့ အတည်ပြုလိုက်ပြီ။ မနေ့ကလည်း လိုက်အော်တယ်။"

ဌာနဆိုင်ရာ ပိုင်ဆိုင်တဲ့ မြေယာတွေပေါ်မှာ နေထိုင်သူတွေ၊ မီးရထား ပိုင်နက်အတွင်း ရောက်နေတဲ့ ရပ်ကွက်တွေကို စစ်ကောင်စီဘက်က ဖျက်သိမ်းတာတွေ နေရာအနှံ့မှာ ဆက်တိုက် လုပ်ဆောင်နေတာပါ။ မကြာသေးခင်ကလည်း မင်္ဂလာဒုံ လေဆိပ်အနီးနားက ရပ်ကွက်တခုကိုလည်း ဖယ်ရှားပေးဖို့အတွက် အသိပေးစာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

===================

[[Unicode]]








XS
SM
MD
LG