စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့ကြားက ဒုတိယအကြိမ် ဆွေးနွေးပွဲ သဘောတူညီမှု တစုံတရာမရဘဲ ပျက်သွား၊ ကမ္ဘာ့အကြီးဆုံးသတ္တုမိုင်း တည်ရှိရာ နမ္မတူမြို့ ကို ညီနောင် ၃ ဖွဲ့ထဲက TNLA အဖွဲ့က သိမ်းလိုက်နိုင်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ တင်ပြထားပါတယ်။
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် (၃) ဖွဲ့ကြား ဒီဇင်ဘာ နှောင်းပိုင်းမှာ ဒုတိယအကျော့တွေ့ဆုံမှု ပျက်သွားခဲ့တဲ့နောက်၊ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြားက မြန်မာ့ ပဋိပက္ခ လားရာက အရှိန်ပိုမြင့်သွားမလားဆိုတဲ့ တွက်ဆမှုတွေ ရှိနေပါတယ်။
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် (၃) ဖွဲ့ကြား ဒီဇင်ဘာ နှောင်းပိုင်းမှာ ဒုတိယအကျော့တွေ့ဆုံမှု ပျက်သွားခဲ့တဲ့နောက် တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြားက မြန်မာ့ ပဋိပက္ခ လားရာက အရှိန်ပိုမြင့်သွားမလားဆိုတဲ့ တွက်ဆမှုတွေ ရှိနေပါတယ်။
ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်တဲ့ လူသေဆုံးမှုနဲ့ရောဂါဘယတွေကို အလေးထား ဖြေရှင်းနိုင်ရင် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မူလဇစ်မြစ် ပြဿနာဖြစ်တဲ့ ကာဗွန်ညစ်ညမ်းမှု အပေါ် ပိုမိုလုပ်ဆောင်နိုင်မယ်ဆိုပြီး ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။
လူမှုမီဒီယာတွေပေါ်မှာ အစ္စရေး-ဟားမတ်စ်စစ်ပွဲနဲ့ ပတ်သက်တဲ့ ရေးသားချက်တွေ၊ အယူဝါဒရေးရာ ပြောဆိုချက်တွေဟာ အမေရိကန်ပြည်ထောင်စုက လူငယ်တွေကြား မတူကွဲပြားတဲ့ အစွန်းနှစ်ဘက် ဖြစ်စေပြီး ဒီအခြေအနေကနေ ဖြစ်စဥ်တချို့မှာ ဆိုရင် ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်မှုတွေ အထိ ဦးတည်သွားစေပါတယ်။
"စကစက သူ့နယ်ထဲမှာရှိတဲ့ သူတွေဆိုရင် ရတယ်ပေါ့၊ ပြန်ပို့ပေးတဲ့ ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေတဲ့သူ ၃၁,၀၀၀ ကျော်ရှိတယ်ဆိုတာ မနည်းပါဘူး။ ဒီလုပ်ငန်းနဲ့ပတ်သက်လို့ တရုတ်ရဲ့ဖိအားကို စစ်ကောင်စီလည်း လိုက်လျောရတာပဲ၊ UWSA လည်း လိုက်လျောရတာပဲ၊ ကိုးကန့်လည်း ဒီတိုင်းပဲ။" (ဦးသန်းစိုးနိုင်-တရုတ်-မြန်မာအရေးသုံးသပ်သူ)
လက်နက်ကိုင် အင်အားစုတွေရဲ့ ထိုးစစ်တွေကြောင့် စစ်ကောင်စီရဲ့အခြေအနေ ယိမ်းယိုင်လာပေမယ့် အိမ်နီးချင်း အင်အားကြီး အိန္ဒိယကတော့ နေပြည်တော်က စစ်ကောင်စီအပေါ်ပဲ ဆက်လက် ထောက်ခံပေးနေဦးမယ့် အနေအထား ရှိတယ်လို့ အိန္ဒိယရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို အထူးလေ့လာနေသူတဦးက သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေးတင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ မျက်မှောက် အခြေအနေက လမ်းဆုံလမ်းခွကိုရောက်နေပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တွေရဲ့ အရှိန်က ၁၉၈၈ လူထုအရေးတော်ပုံ အပါအဝင် အရင်က မကြုံဖူးတဲ့ အနေအထားနဲ့ အမြင့်ဆုံး ရောက်နေတယ်လို့ လန်ဒန်တက္ကသိုလ် SOAS ကျောင်းက နိုင်ငံတကာဆက်ဆံရေး လေ့လာသူ Dr. Avinash Paliwal က ရှုမြင်ပါတယ်။
ရှမ်းမြောက်၊ လွိုင်ကော်နဲ့ ရခိုင်အပါအဝင် နေရာတော်တော်များများမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ဘေးရှောင်ပြေးရသူတွေ ပိုများ၊ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကိုလည်း အရှိန်ပြင်းပြင်နဲ့ နှိမ်နင်း၊ တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ တင်ပြထားပါတယ်။
အခုလူတယောက်တောင် နမ့်ခမ်းကပတ်ပြီး နမ္မတီးကို ပြန်ပတ်ထွက်၊ အဲကနေ လားရှိုး၊ တယောက်ကို သုံးသိန်းလောက်ရှိတယ်။ ဒီပစ္စည်းတွေ သွားဖို့လာလို့လုပ်တာက ဘယ်လိုမှကို မဖြစ်နိုင်တာ ဒီလတွေက။ မနေ့ကလည်း ငါးမိုင်ဘက်မှာ ပစ်ကြ၊ ခတ်ကြတယ်။ တယောက်လည်းထိတယ်။ အိမ်ထဲမှာ လက်နက်ကြီးကျတာ။" (မူဆယ်ဘက်က ကုန်သည်တဦး)
ရှမ်းမြောက်ထိုးစစ်တွေကစပြီး မြန်မာပြည်အနှံပိုမိုကျယ်ပြန့်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့်စစ်ကောင်စီအာဏာ လှုပ်ခတ်လာပြီလို့ လေ့လာသူတချို့က သုံးသပ်ကြပါတယ်။ ဒါပေမယ့် စစ်ကောင်စီအနေနဲ့ မြန်မာအများစုရှိတဲ့နေရာကို ထိန်းထားနိုင်သရွေ့ တိုင်းပြည်ကို ထိန်းထားနိုင်မယ့်သဘောရှိတယ်လို့လည်း ယူဆကြပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းထိုးစစ်တွေကစပြီး မြန်မာပြည်အနှံ့ ပိုမိုကျယ်ပြန့်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ၊ မြို့သိမ်းတိုက်ပွဲတွေဟာ အခိုင်အမာရှိတယ်လို့ယူဆကြတဲ့ စစ်ကောင်စီအာဏာကို လှုပ်ခတ်လာပြီလို့ လေ့လာသူတချို့က သုံးသပ်ကြပါတယ်။
ရှမ်းမြောက်က ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀-၂၇ က မြန်မာ့ စစ်အာဏာရှင် တော်လှန်ရေး ခေတ်သစ် သမိုင်းမှာ မကြုံဖူးတဲ့ ကြီးမားတဲ့ စစ်ဆင်ရေး တခု ဖြစ်ပြီး အာဏာသိမ်း စစ်တပ် ဖရိုဖရဲဖြစ် အားနည်းလာတာကို ပြသတာ ဖြစ်ကြောင်း မြန်မာ့ အရေး စောင့်ကြည့်လေ့လာနေတဲ့ ကျွမ်းကျင်သူ တဦးက ပြောလိုက်ပါတယ်။
၁၀၂၇ ရှမ်းပြည်မြောက်ပိုင်းက ညီနောင်မဟာမိတ်တွေရဲ့ စစ်ဆင်ရေးကို မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေရဲ့မူလအစအဖြစ် ရှုမြင်နိုင်ကြောင်း နိုင်ငံတကာလုံခြုံရေး အထူး သုတေသနပြု လွတ်လပ်တဲ့ပညာရှင်အဖွဲ့ က ဝါရှင်တန် ဒီစီ အခြေစိုက် Stimson Center ရဲ့ နိုဝင်ဘာ (၈)ရက် အွန်လိုင်း ဆွေးနွေးပွဲပါဝင်သူတွေက သုံးသပ်ကြပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ စစ်ဆင်ရေး ၁၀၂၇ နောက်ဆုံးအခြေအနေ၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို အင်းစိန်အကျဉ်းထောင်မှာ ချုပ်နှောင်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ တင်ဆက်ထားပါတယ်။
နိုင်ငံတကာ ထိပ်တန်းရောက်နေတဲ့ ဂါဇာဒေသပဋိပက္ခနဲ့ ယူကရိန်း-ရုရှားစစ်ပွဲတွေကြောင့် အမေရိကန်၊ ရုရှား တရုတ် အားပြိုင်မှုတွေကြားမှာ အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်လို့ မတူညီတဲ့ ရပ်တည်ချက်တွေနဲ့ အကျိုးစီးပွားရေး ရောယှက်လာတယ်လို့ သုံးသပ်ယူဆမှုတွေရှိနေပါတယ်။ ဒ
"လွန်ခဲ့တဲ့ရက်ပိုင်းကပဲ မလေးရှားနိုင်ငံရေးခေါင်းဆောင်တချို့နဲ့ ကျနော် စကားပြောဖြစ်ပါတယ်။ အခု ဖြစ်နေတဲ့ ပါလက်စတိုင်း အခြေအနေတွေကို ဆွေးနွေးကြရင်းနဲ့ ဒုက္ခသည်တွေအရေးကြောင့် သူတို့အနေနဲ့ မြန်မာ့အရေးကို စဉ်းစားရမယ့်ကိစ္စရပ်လို့ ပြောပါတယ်။"(ဒေါက်တာ Rahman Yaacob- သုတေသီ၊ Lowy Institue)
အစ္စရေး-ဟားမတ်စ်အရေး ဆက်ကြီးထွားလာပြီး ဂါဇာကမ်းမြောင်မှာ ပါလက်စတိုင်းတွေ ပိုထိခိုက်လာမယ်ဆိုရင် အရှေ့တောင်အာရှနိုင်ငံတွေမှာပါ အကြမ်းဖက်မှုအန္တရာယ် ရင်ဆိုင်ရနိုင်ပြီး မတည်မငြိမ် ဖြစ်လာနိုင်တယ်လို့ အရှေ့တောင်အာရှ လုံခြုံရေး ကျွမ်းကျင်သူ တဦးက သတိပေးလိုက်ပါတယ်။ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။
အစ္စရေး-ဟားမတ်စ် အရေး ဆက်ကြီးထွားလာပြီး ပါလက်စတိုင်းတွေ ပို ထိခိုက်လာမယ်ဆိုရင် အာဆီယံမှာပါ အကြမ်းဖက်မှု အန္တရာယ် ရင်ဆိုင်ရနိုင်တယ်လို့ ကျွမ်းကျင်သူတဦးက သတိပေးလိုက်ပါတယ်။ အရှေ့အလယ်ပိုင်းပဋိပက္ခ အပေါ် မြန်မာ အပါအဝင် ဒေသတွင်း ရှုမြင်ချက်နဲ့ ရိုက်ခတ်မှုတွေအကြောင်းကို ကိုငြိမ်းချမ်းအေးက တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုအနောက်တောင်ပိုင်းအရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ ထိုင်ဝမ်ကနေ ပြောင်းရွှေ့လာကြတဲ့ ကွန်ပျူတာချစ်ပ်ထုတ်လုပ်သူတွေဟာ ဒေသခံတွေအတွက် ဘာသာစကားနဲ့ ယဉ်ကျေးမှု အသစ် အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ယူဆောင်လာပေးနေသလို တပြိုင်တည်းမှာ သူတို့ဟာ နေရာသစ်မှာ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်
နောက်ထပ်ကြည့်ရှုရန်