၂၀၁၈ ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ်စမတ်အချိန်မှာ ကမ္ဘာတဝှမ်း တဦးအပေါ်တဦး ချစ်ချစ်ခင်ခင်နဲ့ မေတ္တာထားပြီး ယိုင်းပင်းကူညီကြဖို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ ဆီးရီးယား၊ ယီမင် အစ္စရေးနဲ့ ပါလက်စတိုင်း ဒေသတွေမှာလည်း ဒီမေတ္တာတရားနဲ့ ငြိမ်းချမ်းမှုရဖို့ မျှော်လင့်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက ခရစ်ယာန်အများစုပါဝင်တဲ့ ကချင်၊ ကရင်၊ ချင်း အစရှိတဲ့ တိုင်းရင်းသား အများအပြား အခြေချရာ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်က ဧဝံဂေလိနဲ့ Baptists အများစုရှိတဲ့ ချင်းအသင်းတော်မှာလည်း ခရစ်စမတ်ပွဲတော် အတွက် ပြင်ဆင်နေကြတယ်
ဓါတ်မြေသြဇာထဲမှာနိုက်ထရိုဂျင်နဲ့ဖေါ့စဖရပ်စ်လိုအပင်အတွက်လိုအပ်တဲ့အာဟာရဓါတ်တွေကိုထည့်သွင်းထားတာပါ။ကျင်ငယ်တွေကိုသုံးပြီးသဘာဝဓါတ်မြေသြဇာထုတ်ရာကနေစိုက်ပျိုးရေးအတွက်အကျိုးရှိစေပြီးပတ်ဝန်းကျင်ရေထု ပိုမိုသန့်ရှင်းလာစေမယ့် စီမံကိန်းတွေလုပ်ဆောင်နေပါတယ်။Faith Lapidusရဲ့သတင်းကိုဒေါ်ခင်မျိုးသက်ပြောပြပေးမှာပါ။
ကိုယ့်နိုင်ငံထဲ ပြောင်းရွှေ့လာသူတွေအပေါ် မကြည်လင်တဲ့အမြင်တွေ မထားကြဖို့၊ ဒီဇင်ဘာလ ၁၈ ရက် အင်္ဂါနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများနေ့မှာ ကုလသမဂ္ဂ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာအဖွဲ့ အကြီးအကဲက၊ ကမ္ဘာ့နိုင်ငံ အားလုံးကို တိုက်တွန်း လိုက်ပါတယ်။
၂၀၁၈ ဓါတုဗေဒ နိုဘဲလ်ဆုချီးမြှင့်တာခံခဲ့ရတဲ့ သုတေသန လုပ်ဆောင်မှုတွေကနေ ကျန်းမာရေး အတွက် ထိရောက်တဲ့ ဆေးအသစ်တွေနဲ့ ဇီဝလောင်စာတွေ ထုတ်နိုင်တာအပြင် လူသားတွေ အတွက် ဘယ်လို အကျိုးဖြစ်စေတယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။
နယူးရောက်မှာ ကျင်းပနေတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းအတွက် တနင်္လာနေ့ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပေမယ့် ကုလသမဂ္ဂ ပဉ္စမကော်မတီရဲ့ ဘဏ္ဍာရေးဆိုင်ရာ အတည်ပြုချက်ရယူဖို့ လိုအပ်တဲ့အတွက် မဲခွဲရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
၂၀၁၈ ခုနှစ်အတွက် ဓါတုဗေဒ နိုဘဲလ်ဆု ချီးမြှင့်တာခံခဲ့ရတဲ့ သုတေသနတွေက အာကာသစူးစမ်း လေ့လာရေး မှာ ဘယ်လောက် အရေးပါတယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပေးမှာပါ။
ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတု အကြီးအကျယ် ပြောင်းလဲစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် - ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုကို အတတ်နိုင်ဆုံး လျှော့ချကြဖို့ ကာလီဖိုးနီးယားပြည်နယ် Salk သိပ္ပံရဲ့ သုတေသန ပညာရှင်တွေကတော့ လေထဲမှာ များလာနေတဲ့ ဒီကာဗွန်တွေကို ပိုဖမ်းယူနိုင်မယ့်အပင်တွေရအောင် ကြိုးစားနေကြောင်း ပြောပြမှာပါ။
နိုင်ငံတကာ လူ့အခွင့်ရေး ကြေညာစာတမ်း အတည်ပြုခဲ့တဲ့ အနှစ် ၇၀ ကျော်အတွင်း ကမ္ဘာ့လူသားတွေရဲ့ အခြေနေပြောင်းလဲ တိုးတက်လာပေမယ့် အခုအချိန် ဆုတ်ယုတ်လာတာတွေ့ရတယ်လို့ ကုလအတွင်းရေးမှုးချုပ်က ပြောကြားခဲ့သလို မြန်မာနိုင်ငံအပေါ် သုံးသပ်ကြည့်ရာမှာလည်း အလားတူ ဆုတ်ယုတ်မှုတွေ တွေ့နေရပါတယ်။
ကျနော်တို့ သားတွေ သမီးတွေအတွက် ကောင်းဆုံးဖခင်ကို ရခဲ့တာပါ။ ညီမလေး Robin ကိုဖက်ထားရင်း မေမေ့လက်ကို ကိုင်ထားတဲ့ ဖေဖေ့ရဲ့ အပြုံးကို အခု သူ့ကို တမ်းတရချိန်မှာ ပြန်မြင်ယောာင်မိပါတယ်။
၁၉၈၉ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ သမ္မတ တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ သမ္မတ Bush လက်ထက်မှာ ကမ္ဘာတလွှား တည်ငြိမ်မှုမရှိတဲ့ စစ်အေးခေတ်ကာလ၊ နျူကလီယားအန္တရာယ်ခြိမ်းခြောက်မှု၊ ဆိုဗီယက်ရုရှား ပြိုကွဲချိန်၊ တရုတ်နိုင်ငံအရေးအခင်း စတာတွေနဲ့ ကြုံနေတာဖြစ်ပါတယ်။
သောကြာနေ့က ကွယ်လွန်သွားတဲ့ အမေရိကန်နိုင်ငံရဲ့ ၄၁ ဆက်မြောက်သမ္မတ George H.W. Bush ကို အမေရိကန်ပြည်သူတွေ ဂါရဝပြုနိုင်ဖို့အတွက် သူ့ရဲ့ရုပ်ကလပ်ကို ဝါရှင်တန်ဒီစီက လွှတ်တော်အဆောက်အအုံ ဗဟိုခန်းမကြီးမှာ တနင်္လာနေ့ ညနေကစပြီး ဖွင့်လှစ်ပေးထားပြီဖြစ်ပါတယ်။
ဒီအစီရင်ခံစာ ထဲမှာ ထည့်သွင်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ချမှတ်ထားတဲ့ အဆိုပြုချက် ၃ ရပ်စလုံးမှာ နိုင်ငံရေးရည်ရွယ်ချက် တွေ ပါနေတဲ့ အထောက်အထားတွေ တွေ့နေရပါတယ်။ ဒါ့အပြင် ၃ ခုစလုံးအတွက် တရားမျှတမှုနဲ့ အမှီခိုကင်းတဲ့ လွတ်လပ်မှုလည်း မရှိပါဘူး။ ြ
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အလားအလာရှိတဲ့ နောက်ဆုံးဈေးကွက် တရပ်ဖြစ်တာမို့ မြန်မာနိုင်ငံမှာ လာရောက်ရင်းရင်းနှီးမြှုပ်နှံဖို့ စင်္ကာပူနိုင်ငံမှာ တနင်္လာနေ့က ကျင်းပတဲ့ အာဆီယံ စီးပွါးရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က ဖိတ်ကြားလိုက်ပါတယ်။
နိုဝင်ဘာ ၁၁၊ ၂၀၁၈ - NASA က Silver Snoopy Award ချီးမြှင့်ရာမှာ ၂၀၁၈ ခုနှစ်အတွက် Glen သုတေသနဌာနက ဒေါက်တာပဒေသာတင် ရရှိပါတယ်။ ဆုမယူခင်ရက်ပိုင်းအတွင်း ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ ဒေါက်တာပဒေသာတင် ကို ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။
စပိန်နိုင်ငံ အရှေ့တောင်ပိုင်းက ကျောက်တောင်ထူထပ်ပြီး ပူပြင်းတဲ့ တဘားနား ကန္တာရထဲမှာ သိပ္ပံပညာရှင်တွေက Mars rover စက်ရုပ်ကားလေးကို စမ်းသပ်မောင်းနှင်နေကြပါတယ်။ ဒီစက်ရုပ်ကားလေးကို အင်္ဂါဂြိုဟ်ပေါ် ၂၀၂၁ မှာလွှတ်တင်ဖို့ စီစဉ်နေကြတာပါ။ Faith Lapidus ပေးပို့ထားတဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာနိုင်တဲ့ လွှတ်တော် သက်တမ်းဝက် ရွေးကောက်ပွဲမှာ အမေရိကန်မှာ အခြေချနေထိုင်တဲ့ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသားတွေလည်း ပါဝင် မဲပေးကြပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၆ ရက် နေ့မှာ ကျင်းပမယ့် အမေရိကန်ပြည်ထောင်စုရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်တဲ့ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသားတွေကရော ဘယ်လိုမဲတွေ ပေးကြမယ်ဆိုတာကို ကြည့်ရအောင်ပါ။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ရှေ့လလယ်ထဲစတင်ဖို့ သဘောတူညီမှု ရပြီလို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံ တာဝန်ရှိသူတွေက ကြေညာလိုက်ချိန်မှာပဲ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မသင့်သေးဘူးလို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။
ဂျာမဏီဝန်ကြီးချုပ် Merkel ဟာ ရှေ့နှစ်ဒီဇင်ဘာလမှာ ကျင်းပမယ့် သူ့ရဲ့ Christian Democrats ပါတီညီလာခံမှာ ဥက္ကဌအဖြစ် ဝင်ရောက် အရွေးချယ်ခံတော့မှာ မဟုတ်ပဲ ၂၀၂၁ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာလည်း ဝင်ရောက် အရွေးခံတော့မှာမဟုတ်ကြောင်း ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်