စစ်ကိုင်းတိုင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေက သူတို့ စိုးမိုးထားတဲ့ ဒေသတွေ အတွင်းရှိကြတဲ့ စစ်တပ် ၊ ခရိုနီ နဲ့ ဒေသအာဏာပိုင်တွေ သိမ်းဆည်းထားတဲ့ စိုက်ပျိုးမြေ တွေကို မူလပိုင်ရှင်တွေလက်ထဲ ပြန်လည်အပ်နှံရေး စီစစ်ဆောင်ရွက် နေပါတယ်။ ဒီတပတ် မြေကြီးဩဇာ အစီအစဥ်မှာ ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန် သီးနှံတွေ တင်ပို့ရောင်းချနေရတဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအားလုံး ပြည်တွင်းစစ်ကြောင့် ပိတ်ကုန်တဲ့အတွက် တောင်သူလယ်သမားတွေအနေနဲ့ သီးနှံစျေးကွက် မရှိတော့မှာကို အခု စိုက်ပျိုးရာသီ စတင်ကတည်းက စိုးရိမ်နေကြပါတယ်။ မြေကြီးသြဇာ အစီအစဥ် ကနေ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ အရင်ကထက်ပိုပြီး ကုန်စျေးနှုန်းတွေ ခေါင်ခိုက်အောင် ဆောင့်တက်ကုန်တဲ့အတွက် ကျေးလက်နေ တောင်သူလယ်သမား၊ လယ်ယာလုပ်သား မိဘတွေ ရဲ့ သားသမီးကလေးငယ်တွေ မူလတန်းကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားတာ သိသိသာသာလျော့နည်းကုန်ပါတယ်။ ဒီအကြောင် မြေကြီးသြဇာ အစီအစဥ်ကနေ ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။
မလေးရှားနိုင်ငံမှာ ပြည်ပမျိုးရင်း ငါးခူတွေ ပွားများနေပြီး မြစ်ချောင်းတွေရဲ့ ဂေဟဗေဒစနစ်တွေကို ဖျက်ဆီးနေတဲ့အတွက် စေတနာဝန်ထမ်း ငါးဖမ်းသမားအများအပြားက ဖမ်းဆီးရှင်းလင်းနေကြပါတယ်။ အဲဒီ ပြည်ပမျိုးရင်း ငါးတွေဟာ အလှမွေးငါးကန်တွေနဲ့ ငါးပြတိုက်တွေကတဆင့် မလေးရှားနိုင်ငံရဲ့ မြစ်၊ ချောင်းတွေထဲ ရောက်ရှိလာကြတာပါ။
စစ်ကောင်စီကနေ အမျိုးသမီးတွေကို စစ်မှုထမ်းခိုင်းဖို့ ဒေသတချို့မှာ မကြေညာပဲနဲ့ စတင်စာရင်းကောက်နေတာဟာ ကျေးလက်လယ်ယာ စိုက်ပျိုးရေးအတွက် နောက်ဆုံးလက်ကျန် လူငယ်လုပ်သားတွေ ရှားပါကုန်အောင်လုပ်လိုက်သလိုဖြစ်တယ်လို့ ယူဆနေကြပါတယ်။ ဒီအကြောင်း မြေကြီးသြဇာ အစီအစဥ်ကနေ ကိုခင်မောင်စိုးမင်းက တင်ဆက်ထားပါတယ်။
အခုအခါ မြန်မာနိုင်ငံမှာ ကျေးလက်နေ ပြည်သူတွေအတွက် ကာလတို အသေးစားငွေချေးတဲ့ အဖွဲ့အစည်းတွေ မရှိသလောက်နည်းပါးတဲ့အတွက် တောင်သူလယ်သမား မိသားစုတွေ၊ လယ်ယာလုပ်သား မိသားစုတွေ အခက်တွေ့နေရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး တပတ်တခါမြေကြီးသြဇာ အစီအစဥ်ကနေ ကိုခင်မောင်စိုးမင်း က စုစည်းတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ အပူဒဏ်သက်သာစေဖို့ နှစ်စဉ် လှုပ်ရှားမူအသွင်နဲ့ သစ်ပင်တွေ စိုက်ပျိုးကြရာမှာ အများစုက ဒေသတိုင်းရင်းမျိုး သစ်ပင်တွေမဟုတ်ပဲ ပြည်ပမျိုးရင်းအပင်တွေကို စိုက်ပျိုးကြတဲ့အတွက် ရေရှည်မှာ ဂေဟဗေဒစနစ်တွေကို ထိခိုက်လာကြပါတယ်။
ဒီနှစ် ၂၀၂၄ ဟာ အယ်လ်နီညို ခေါ် အပူရှိန်ပြင်းထန်တဲ့နှစ်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အပါအဝင် အထူးသဖြစ် အာရှနိုင်ငံအတော်များများမှာ စိုက်ပျိုးရေးလုပ်ငန်းတွေကို အနည်းနဲ့ အများထိခိုက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
အိန္ဒိယနိုင်ငံက နာမည်ကြီး အဆင့်မြင့် စားသောက်ဆိုင်၂ ဆိုင်ဟာ ကမ္ဘာကျော် အိန္ဒိယ ဟင်းလျာတမျိုးနဲ့ ပတ်သက်လို့ မူပိုင်ခွင့် အငြင်းပွားနေကြပြီး ဒီနှစ်အစပိုင်းကတည်းက တရားရုံးမှာ အပြန်အလှန် တရားစွဲခဲ့ကြပါတယ်။ ဒီအကြောင်း Reuters သတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြထားပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ ဆန်စပါးစိုက်ပျိုးရေးဟာ အောင်မြင်နေပြီး သူထက် နိုင်ငံအကျယ်အဝန်း ၂ဆလောက်ကြီးမားတဲ့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးက ဘာကြောင့် ကျဆင်းနေရသလဲဆိုတာကို ကိုခင်မောင်စိုးမင်း က အခုလိုပြောပြထားပါတယ်။
မြန်မာနိုင်ငံမှာ လူအများက အထူးသဖြင့် အမျိုးသားတွေက ကွမ်းယာဝါးကြတဲ့ အလေ့အထရှိကြလို့ ကွမ်းရွက်စိုက်ပျိုးသူတွေက နှစ်စဉ်နီးပါး အကျိုးအမြတ်ရရှိနေကြပါတယ်။ ကွမ်းယာဝါးတဲ့အတွက် စားသုံးသူတွေရဲ့ ကျန်းမာရေး နဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မူတွေလည်း ရှိကြပါတယ်။
မြန်မာအပါအဝင် အာရှနဲ့ ပစိဖိတ်ကျွန်းဒေသက ဌာနေတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ အမွေအနှစ် ယဉ်ကျေးမှုပွဲတော်ကို အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် George Mason တက္ကသိုလ်မှာ မနေ့တနင်္ဂနွေညက ကျင်းပပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံက စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဓါတုပစ္စည်းတွေကို အလွယ်တကူ အသုံးပြုနေကြတဲ့အတွက် စားသုံးသူတွေမှာ ကျန်းမာရေးအရ ဆိုးကျိုးတွေ ပိုပြီးများပြားနေပါတယ် ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုခင်မောင်စိုးမင်း က ဒီတပတ် မြေကြီးသြဇာ အစီအစဉ်ကနေ တင်ဆက်ထားပါတယ်။
မိတ်ကပ်အလှပြင်ပစ္စည်းတွေကို ဝယ်ယူအသုံးပြုတာဟာ လူသာမန်တွေအတွက် နိစ္စဒူဝကိစ္စတရပ်ဖြစ်ပေမယ့် မျက်မမြင်တွေ၊ အမြင်အာရုံချို့ယွင်းနေသူတွေအတွက်တော့ အဲဒီလို လွယ်ကူရိုးရှင်းတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် သြစတေးလျနိုင်ငံက အလှကုန်လုပ်ငန်းတွေကို အားလုံးအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ဖို့ တိုက်တွန်းနေကြပါတယ်။
မြန်မာနိုင်ငံမှာ အရင်ကတည်းက ရှားပါးနေတဲ့ လယ်ယာစိုက်ပျိုးရေးလုပ်သားတွေဟာ ဒီလပိုင်းတွေအတွင်း ကြီးမားတဲ့ လုပ်သားလစ်ဟင်းဆုံးရှုံးမှုနဲ့ ကြုံတွေ့နေရပါတယ်။အထူးသဖြင့် ထိုင်းနိုင်ငံ အနေနဲ့ လယ်ယာစိုက်ပျိုးထုတ်လုပ်ရေးအတွက် မြန်မာပြည်က အဖိုးခသက်သာတဲ့ လုပ်သားအင်အားထုကြီးကို ရရှိလိုက်တာဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံမှာ စစ်ပွဲအတွင်းက တိရိစ္ဆာန်တွေကို ကယ်တင် စောင့်ရှောက်ပေးခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တိရိစ္ဆာန်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေ နဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ချီးကျူးဂုဏ်ပြုနေကြပါတယ်။
အိန္ဒိယရွေးကောက်ပွဲအလားအလာ အကြိုခန့်မှန်းချက် − အိန္ဒိယနိုင်ငံရွေးကောက်ပွဲကို (၇)ရက်ခွဲပြီးကျင်းပတဲ့အနေနဲ့ ကြာသပတေးနေ့က စတင်ခဲ့ရာမှာ အာဏာရ BJP ပါတီကသာ အနိုင်ရချေရှိတယ်လို့ ခန့်မှန်းနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အိန္ဒိယမှာနေထိုင်တဲ့ မြန်မာနွယ်ဖွားတွေရဲ့အမြင်ကို ကိုခင်မောင်စိုးမင်းက စုစည်းတင်ဆက်ထားပါတယ်။
အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲကို (၇)ရက်ခွဲပြီး ကျင်းပတဲ့အနေနဲ့ ကြာသပတေးနေ့က စတင်ခဲ့ရာမှာ အာဏာရ ဘာရပ်တီယားဂျနာတာဒါး BJP ပါတီကသာ အနိုင်ရနိုင်ချေရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးစားရိတ်တွေ နှစ်စဉ်အဆမတန်မြင့်တက်လာနေပြီး အကျိုးအမြတ်မရှိပဲ အရှုံးပေါ်တာက ပိုများနေတဲ့အတွက်ကြောင့် တောင်သူလယ်သမားတွေဟာ မိမိတို့ လယ်ယာမြေတွေကို အပြည့်အဝ စိုက်ပျိုးနိုင်ခြင်းမရှိတော့ပဲ မြေလွတ်တွေအဖြစ် လွှတ်ထားတာတွေများလာကြပါတယ်။
အိန္ဒိယနိုင်ငံ က လယ်သမားတွေဟာ ဓါတု့မြေသြဇာသုံး စိုက်ပျိုးရေး ကနေ ရာသီဥတုဖောက်ပြန်မူကို ခံနိုင်ရည်ရှိတဲ့ သဘာဝမြေသြဇာတွေသုံး စိုက်ပျိုးရေး နည်းစနစ်တွေကို ပြောင်းလဲလာကြပါတယ်။ း AP သတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန်