ယူကရိန်း စစ်ဘေးသင့်တိရစ္ဆာန်တွေ စောင့်ရှောက်ရေးဂေဟာ
ယူကရိန်းနိုင်ငံမှာ စစ်ပွဲအတွင်းက တိရိစ္ဆာန်တွေကို ကယ်တင် စောင့်ရှောက်ပေးခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တိရိစ္ဆာန်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေ နဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ချီးကျူးဂုဏ်ပြုနေကြပါတယ်။ အဲဒီအထဲမှာ ခွေး နဲ့ ကြောင် အကောင်ရေ ၇ဝဝ ကျော်ကို ကယ်ဆယ်စောင့်ရှောက်ထားတဲ့ Maria Vronska လည်း ပါဝင်ပါတယ်။ Kyiv မြို့တော်ဒေသ က သူရဲ့ အဲဒီလို စောင့်ရှောက်ထားတဲ့ တိရစ္ဆာန် ဂေဟာကို သွားရောက်ပြီး VOA သတင်းထောက် Anna Kosstutschenko က တွေ့ဆုံမေးမြန်းပြီး သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။
Forum