ရုရှား ကျူးကျော်တဲ့ ယူကရိန်းစစ်ပွဲမှာ သုံးကြတဲ့ ဒရုန်းအမျိုးအစားသစ်တမျိုးဟာ ရှေ့တန်းစစ်မျက်နှာမှာ တိုက်ခိုက်ရေးပုံစံကို ပြောင်းလဲသွားပါတယ်။ အဲဒီ First Person View FPV လို့ ခေါ်ကြတဲ့ ဒရုန်းတွေဟာ စစ်မြေပြင်မှာ နှစ်ဖက်စလုံးက စစ်သားတွေအတွက် အိပ်မက်ဆိုးတခုလိုဖြစ်နေကြပါတယ်။
ဒီသီတင်းပတ် အင်္ဂါနေ့ တင်ဆက်နေကြ " မြေကြီးသြဇာ" အစီအစဉ်မှာ အိန္ဒိယနိုင်ငံ က မြစိမ်းရောင် တော်လှန်ရေး အကြောင်းပြောပြမှာဖြစ်ပါတယ်။
အိန္ဒိယမှာ မကြာခင် အထွေထွေရွေးကောက်ပွဲကျင်းပတော့မှာ ဖြစ်လို့ လက်ရှိဝန်ကြီးချုပ်နဲ့ တခြားနိုင်ငံရေးခေါင်းဆောင်တွေဟာ များပြားလှတဲ့ အမျိုးသမီးမဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုရရှိအောင် ဆောင်ရွက်နေကြပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အမျိုးသမီးမဲဆန္ဒရှင်တွေ အများအပြား တက်တက်ကြွကြွသွားရောက်မဲထည့်ခဲ့ကြပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ပြီးခဲ့တဲ့ စနေနေ့က လက်မှတ်ထိုးအတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံအတွက် ဒေါ်လာ (၁၂၁ ) သန်း ထောက်ပံ့ရေး အစီအစဉ် အကူအညီကို စစ်ပြေးနေကြရတဲ့ တောင်သူလယ်သမားတွေ ရရှိခံစားလို့ ရ မရဆိုတာ အဲဒီနယ်မြေက တောင်သူဒုက္ခသည်တွေ သိချင်တဲ့ ကိစ္စရပ် ဖြစ်ပါတယ်။
အိန္ဒိယမှာ ရှေ့လအထွေထွေရွေးကောက်ပွဲအတွက် အဓိကအတိုက်အခံ ကွန်ကရက်ပါတီ ခေါင်းဆောင် ရာဟူးဂန္ဒီရဲ့ ၂လကျော်ကျော် နိုင်ငံတဝန်းမဲဆွယ်စည်းရုံးရေးခရီးစဉ်တွေ ပြီးဆုံးသွားပါတယ်။
မြန်မာနိုင်ငံက ဆန်ကို ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ခိုင်မာတဲ့ဈေးကွက်မှာ နေရာတခု ၊ နာမည်တခု ရဖို့အတွက်ဆိုရင် အရည်အသွေးပြည့်ဝတဲ့ ဆန်အမျိုးအစားတမျိုးကို ကျယ်ကျယ်ပျံ့ပျံ့ထုတ်လုပ်ပြီး ထိုးဖောက်ဖို့လိုအပ်ပါတယ်။ ကိုခင်မောင်စိုးမင်း က အပတ်စဉ် ထုတ်လွှင့်နေကြ မြေကြီးသြဇာ အစီအစဉ်ကနေ အခုလိုတင်ဆက်ထားပါတယ်။
ဂါနာနိုင်ငံက "နားမကြားသူ"စာသင်ကျောင်းတကျောင်းမှာ သတင်းသမားတယောက်သွားရောက်ပြီး ဓါတ်ပုံပညာရပ်ကို အသုံးပြုရင်း ကလေးတွေရဲ့ ပညာရေးကို မြှင့်တင်ပေးနေပါတယ်။ (အယ်ဒီတာမှတ်ချက်။ ခေတ်ကာလနဲ့ မဆီလျော်တဲ့ အသုံးအနှုံးကို ပယ်ဖျက်ပြီး "နားမကြားသူ"လို့ ပြင်ဆင်ထားပါသည်။)
မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့ဆိုပြီး နှစ်တိုင်းလိုလို အသိအမှတ်ပြု ဖော်ပြကြ၊ အထိမ်းအမှတ်တွေ ပြုလုပ်ကြပါတယ်။ တောင်သူလယ်သမားနေ့ ဆိုတာဟာ ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းပြီး ပထမဆုံး အာဏာသိမ်းခဲ့တဲ့နေ့ကို စစ်အာဏာရှင်တွေက အဓမ္မ သတ်မှတ်ခဲ့တဲ့နေ့ဆိုတာကိုတော့ သိရှိကြတဲ့သူတွေက တော်တော်ကိုနည်းပါတယ်။
ယူကရိန်းကျူးကျော်စစ် ၂ နှစ်ပြည့်ပြီးနောက် ရုရှားဟာ သူတို့ရဲ့ စစ်သားထောင်ပေါင်းများစွာ ကျဆုံးခဲ့တဲ့အတွက် အစားထိုးဖြည့်ဆည်းပေးနိုင်ဖို့ ပြည်တွင်းသာမက ပြည်ပကပါ စစ်သားစုဆောင်းတာတွေလုပ်ဆောင်လာပါတယ်။ အဲဒီအထဲမှာ အိန္ဒိယနိုင်ငံသားတွေလည်း ရှုပ်ထွေးလှတဲ့ ကြားခံပွဲစားကွန်ရက်တွေကတဆင့် ခေါ်ယူစုဆောင်းခံနေရတာပါ။
ကင်ညာနိုင်ငံက သဘာဝတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးသမားတွေက မျိုးတုံးပျောက်ကွယ်မဲ့ အန္တရာယ်ရင်ဆိုင်နေကြရတဲ့ သင်းခွေချပ်တွေကို ကာကွယ်ကယ်ဆယ်ရင်း ကမ္ဘာ့သင်းခွေချပ်များနေ့ကို ပျော်ပျော်ရွှင်ရွှင်ကျင်းပဖြတ်သန်းခဲ့ကြပါတယ်။ နို့တိုက်သတ္တဝါဖြစ်တဲ့ သင်းခွေချပ်တွေဟာ အခုဆိုရင် အကောင်ရေတွေ သိသိသာသာ ကျဆင်းနေပါတယ်။
မြန်မာနိုင်ငံမှာ ဆန်ဈေး၊ ဆီဈေးတွေ ၊ အသားငါးဈေးတွေ ခေါင်ခိုက်အောင်ဈေးတက်နေပေမယ့် အခုအချိန် ဟင်းသီးဟင်းရွက် ကုန်စိမ်းဈေးတွေကတော့ မဖြစ်စလောက်ငွေကြေးနဲ့ ဝယ်လို့ရတဲ့အထိ ဈေးတွေ ထိုးကျနေပါတယ်။ အဲဒီအတွက် ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့ တောင်သူတွေဟာ လုံးလုံးနီးပါး အရှုံးပေါ်နေကြပါတယ်။
ဗြိတိန်နိုင်ငံက စာသင်ကျောင်းအားလုံးရဲ့ ပရဝဏ်အတွင်း မိုဘိုင်းဖုန်းအသုံးပြုခြင်းကို တားမြစ်ကြဖို့ အစိုးရက စာသင်ကျောင်းတွေကို လမ်းညွှန်ချက်ထုတ်ပြန်လိုက်ပါတယ်။ ဖုန်းသုံးခြင်းကြောင့် အွန်လိုင်းက တိုက်ခိုက်တာ၊ စာသင်ခန်းထဲမှာ အနှောက်အယှက်ပေးတာတွေ ဖြစ်စေပြီး သင်ကြားရေးကို ထိခိုက်စေတယ်လို့ အစိုးရက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းလိုက်ပြီးနောက် နေရပ်ကို ပြန်လာကြတာမှာ ဖမ်းဆီးခံရသူတွေထဲက သက်ကြီးပိုင်းတွေနဲ့ ကလေးတွေကို ပြန်လွတ်ပေးတာရှိပေမယ့် စစ်မှုထမ်းဥပဒေနဲ့ ကိုက်ညီတဲ့ လူငယ်တွေကို ဒီကနေ့ အထိဖမ်းထားဆဲဖြစ်တယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေ ကပြော ပါတယ်။
မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ တောင်သူလယ်သမားတွေကို အဲဒီလိုမျိုး ဆန္ဒပြတောင်းဆိုခွင့်မျိုး မရှိတဲ့အပြင် စပါးဈေးကို ဈေးကွက်သဘောအရ ဖြစ်ပေါ်နေတဲ့ ဈေးမဟုတ်ပဲ အခြေခံ ရည်ညွှန်းဈေးဆိုပြီး စစ်ကောင်စီက သတ်မှတ်ပေးထားတာပါ။
ဒီကနေ့ မန္တလေး၊ အောင်မြေသာစံမြို့နယ်က ပတ်စ်ပို့ရုံးမှာလည်း တန်းစီသူတွေများလွန်းပြီး တိုးမိတိုက်မိရာက အမျိုးသမီး ၂ ဦး အသက်ရှုမွန်းကြပ် သေဆုံးခဲ့ပြီး၊ တဦးဒဏ်ရာရခဲ့ကြောင်း အခင်းဖြစ်ရာနေရာမှာ အကူအညီပေးခဲ့တဲ့ ဒေသခံ အရေးပေါ်ဝန်ထမ်းတယောက်က ဗွီအိုအေကို ပြောပါတယ်။
ဗြိတိန်နိုင်ငံ က ဓါတ်ပုံအနုပညာရှင် အမျိုးသမီးတဦးဟာ ပျော်စရာကောင်းတဲ့ မိသားစုနဲ့အတူ အောင်မြင်တဲ့အလုပ်ကို လုပ်ကိုင်နေရင်းမှာ ကုသလို့မရနိုင်တဲ့ ကင်ဆာရောဂါ ဖြစ်ပွားနေတာ ရှာတွေ့လိုက်တဲ့အခါမှာတော့ သူဘဝအခြေအနေ ရုတ်ချည်း ပြောင်းလဲသွားပါတယ်။
အရွယ်ရောက်သူတွေကို စစ်မှုထမ်းဆင့်ခေါ်မယ့် စစ်ကောင်စီရဲ့ အမိန့်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှာ နဂိုကတည်းကမှ အားကောင်းမောင်းသန်း လုပ်ကိုင်နိုင်တဲ့လူငယ်တွေ ရှားပါးနေတဲ့ အခြေအနေ ပိုမိုဆိုးရွားလာမှာ စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက အပတ်စဉ် မြေကြီးသြဇာအစီအစဉ်က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ လယ်ယာမြေဥပဒေမှာ လယ်မြေဆိုရင် စပါးတမျိုးတည်းကိုသာ စိုက်ပျိုးရမယ်လို့ သတ်မှတ်ထားတဲ့အတွက် လက်တွေ့ အခြေအနေနဲ့ ကိုက်ညီခြင်းမရှိပါဘူး။ ဒါနဲ့ ပတ်သက်ပြီး လေ့လာထားတဲ့ ကိုခင်မောင်စိုးမင်း က အခုလို တင်ဆက်ထားပါတယ်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီးတဲ့နောက် အများလိုလားတဲ့ နိုင်ငံသစ်တည်ဆောက်ရေးအတွက် ဆိုရင် သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကြီးတရပ် ကျင်းပပြီး တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌက ဒီနေ့ကျရောက်တဲ့ ၆၃နှစ်ပြည့် ကချင်တော်လှန်ရေးနေ့မှာ ပြောဆိုလိုက်ပါတယ်။
သူတို့အိမ်လေးကို ရုရှားဒုံးကျည်ထိမှန်ပြီး ကံကောင်းထောက်မစွာ သားဖြစ်သူအသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပေမယ့် ယူကရိန်းနိုင်ငံ Donbas ဒေသက မိသားစုတစုဟာ ဘဝကို အရှုံးမပေးပဲ စီးပွားရေးလုပ်ငန်း အသေးစားလေးတွေကို ဆက်လက်လုပ်ကိုင်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်