ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ကုန်သွယ်ရေးဇုန်မှာ မြန်မာကုန်ကားတွေ ရာနဲ့ချီပြီး ပိတ်မိနေတာ တပတ်လောက်ရှိပါပြီ။ လမ်းတွေပိတ်လို့ တရုတ်ပြည်ထဲက ပြန်မထွက်နိုင်တဲ့ မြန်မာကုန်ကားကလည်း အစီး ၂၀၀ ကျော်လောက်ရှိပါတယ်။
ဥရောပတိုက် အရှေ့ပိုင်း ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်ခ်မြို့က မိသားစုပိုင် ဖက်ရှင် အဝတ်အထည် ကုမ္ပဏီတခုက ကိုဗစ်ကပ်ရောဂါကူးစက်နေတဲ့ ကာလမှာ ရောင်းအားမြှင့်တင်ဖို့အတွက် Video Game App တခုကို တီထွင်လိုက်ပါတယ်။ ဒီအကြောင်း AP သတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုန်ကူးပြီး ပြန်လာသူတွေကို COVID-19 ရောဂါ စစ်ဆေးခဲ့တာမှာ နှစ်ပတ်အတွင်း COVID-19 ရောဂါပိုးတွေ့ ရှိသူ ၁၂ ယောက်အထိ တိုးလာတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ ရခိုင်ပြည်နယ်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အပြည့်အဝထောက်ခံဖို့ ဝါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန်ပြည်နယ်တဝှမ်းက မြန်မာနဲ့တိုင်းရင်းသားတွေ မေလ (၂၂)ရက်နဲ့ စနေနေ့က ရာနဲ့ချီလာရောက်စုဝေးပြီး ချီတက်တောင်းဆိုခဲ့ကြပါတယ်။ ကိုခင်မောင်စိုးမင်းနဲ့ မအင်ကြင်းနိုင်တို့ ရိုက်ကူးတင်ဆက်ထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လီဒိုလမ်းမကြီးပေါ်မှာရှိတဲ့ ယုဇနကုမ္ပဏီပိုင် အဆောက်အဦးတွေကို KIA ကချင်လက်နက်ကိုင်အဖွဲ့က ဖျက်ဆီးခဲ့ပါတယ်။ ယုဇနကုမ္ပဏီအပေါ် KIA က ပြစ်မှတ်ထားပြီး ဒုတိယအကြိမ် တိုက်ခိုက်တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့က ကျေးရွာတွေမှာ သောက်သုံးရေ ရှားနေတာကြောင့် ဒေသခံတွေ ဒုက္ခရောက်နေကြပါတယ်။ ကျောက်တော်မြို့နယ်အတွင်းက ညောင်းချောင်း ပြည်တွင်းဒုက္ခသည်စခန်းမှာလည်း သောက်သုံးရေ ရှားပါးနေတယ်လို့ စခန်းတာဝန်သူရှိတစ်ဦးက ပြောပါတယ်။
နယ်စည်းမထား သတင်းသမားများအဖွဲ့ရဲ့ ၂၀၂၀ ပြည့်နှစ် သတင်းလွတ်လပ်ခွင့်အစီရင်ခံစာအရ အမေရိကန်ပြည်ထောင်စုဟာ သတင်းလွတ်လပ်ခွင့် အဆင့်မှာ ၄၈ ကနေ ၄၄ နေရာကို ရောက်ရှိလာပြီး တိုးတက်လာတာကို တွေ့ရပါတယ်။ ဗွီအိုအေ သတင်းထောက် Arash Arabsadi ပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာငွေစက္ကူတွေကို အများပြည်သူကို ဒီနေ့ ပထမဆုံး စတင်ထုတ်ရောင်းပါတယ်။ သတ်မှတ်ထားတဲ့ ငွေလွှဲကောင်တာတွေကနေ ဒေါ်လာ ၁.၆ သန်းဖိုး ရောင်းချမှာဖြစ်ပြီး တယောက်ကို ဒေါ်လာ ၁,၀၀၀ အထိ ဝယ်ယူနိုင်မယ်လို့ ဗဟိုဘဏ်က ကြေညာထားပါတယ်။
မေလ ၃ ရက်နေ့ အထိ ကိုဗစ်ကပ်ရောဂါပိုး ကူးစက်သူပေါင်း သန်း ၂ဝ ရှိပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ က ကျူးကျော်ရပ်ကွက်ထဲမှာ ဆပ်ကပ်ထဲက ဂျော်ကာ လူရွှင်တော် ဝတ်စုံနဲ့ လူတယောက်ဟာ ပိုးသတ်ဆေးတွေ လိုက်ဖြန်းနေပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားတာကို ကိုခင်မောင်စိုးမင်း က ပြန်ပြောပြပါလိမ့်မယ်။
ပြည်တွင်းမှာ အခေါက်ရွှေတကျပ်သားကို မြန်မာကျပ်ငွေ ၁၇ သိန်းကျော်လာပေမဲ့ ရွှေဝယ်ယူစုဆောင်းသူတွေ များပြားနေတာကြောင့် ရွှေရောင်းအား ကောင်းလာပါတယ်။ ဘဏ်တွေပြိုလဲသွားမှာ စိုးရိမ်ပြီး အပ်ငွေတွေ ပြန်ထုတ်နေကြတဲ့ ပြည်သူတွေဟာ တန်ဖိုး ခိုင်မာတယ်လို့ ယူဆတဲ့ရွှေကို စုဆောင်းဖို့ ဝယ်ယူနေကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတာ ရက်ပေါင်း ၁၀၀ ပြည့်ချိန်မှာ ရွှေဈေး၊ စက်သုံးဆီဈေးနဲ့ ဒေါ်လာငွေလဲနှုန်းတွေ အဆမတန်မြင့်တက်နေပါတယ်။ ရွှေဈေးဆိုရင် အခေါက်ရွှေ ၁ ကျပ်သားကို ၁,၆၄၀,၀၀၀ ကျော်အထိ ဖြစ်နေပါပြီ။
ဒေသခံတွေနဲ့ စစ်ကောင်စီတို့ အခြေအနေ တင်းမာနေတဲ့ စစ်ကိုင်းတိုင်း ကနီမြို့နားက သမင်းခြံကျေးရွာမှာ စစ်တပ်က ပစ်ခတ်တာကြောင့် ရွာသူ ၁ ယောက် သေဆုံးခဲ့ပါတယ်။ စစ်ကိုင်းတိုင်း မြင်းမူမြို့မှာလည်း လူသေဆုံးတဲ့အထိ ပစ်ခတ်မှုတွေ မနေ့ကဖြစ်ပြီးနောက် ဒီနေ့ မြို့တွင်းက ဈေးတွေ၊ ဆိုင်တွေ ပိတ်ထားရပါတယ်။
အိန္ဒိယနိုင်ငံက မြို့တော်နယူးဒေလီမှာ မြို့တွင်း ခရီးသည်သုံး သုံးဘီးကားလေးတွေကို လူနာတင်ယာဉ်အဖြစ် အခမဲ့ ကူညီနေသူတွေရှိနေတဲ့အတွက် ဆေးရုံတွေက လူနာတင်ယာဉ်မလုံလောက်မှုကို ဖြေရှင်းပေးနေကြပါတယ်။ ဒီအကြောင်း ရိုက်တာ သတင်းတပုဒ်ကို ဗွီအိုအေ မြန်မာပိုင်း က ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ရပ်ဆိုင်းထားတာ ၅ လနီးပါးရှိနေပြီးဖြစ်ပေမယ့် တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြရတဲ့ စစ်ပြေးဒုက္ခသည် တစ်သိန်းကျော်ကတော့ နေရပ် မပြန်နိုင်ကြသေးပါဘူး။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်မှာ ကိုဗစ်ရောဂါ ကူးစက်မှုကြောင့် နယ်စပ်ဂိတ်တွေကို ပိတ်ထားတာဖြစ်ပြီး မူဆယ်နယ်စပ်ဂိတ်တွေကို မေလ ၅ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ အရင်က ပြောထားပေမဲ့ ပြန်မဖွင့်သေးဘဲ ၃ လ ထပ်တိုးလိုက်တာဖြစ်ပါတယ်။
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် တောမရွာမှာ ရခိုင်ကနေ တရုတ်ပြည် ကူမင်းသို့ ဓာတ်ငွေ့ပို့တဲ့ ဓာတ်ငွေ့ပိုက်လိုင်း စောင့်တဲ့ ရဲ ၅ ယောက်ကို လူတစုက တိုက်ခိုက်ခဲ့လို့ ရဲ ၃ ဦးသေဆုံးခဲ့ပြီးတဲ့နောက်၊ ပိုက်လိုင်း အနီးက ကျေးရွာမှာလည်း တပ်ချထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA အကြား တိုက်ပွဲတွေ ၁၁ ရက်မြောက်နေ့အဖြစ် ဒီနေ့လည်း ဆက်ဖြစ်နေပါတယ်။ ညနေပိုင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကိုဗစ် 19 ရောဂါ ကူးစက်မှုတွေ များလာနေတဲ့ ထိုင်းနိုင်ငံမှာ စည်းမျဉ်းတင်းကျပ်တဲ့ ကန့်သတ်ချက်အသစ်တွေ ထုတ်ပြန်ထားပါတယ်။ အေအက်ဖ်ပီသတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က တင်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးအဖြင့် မြန်မာစစ်သံရုံး ကို အမေရိကန်ရောက် မြန်မာတွေက စစ်အာဏာသိမ်း ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း က ကိုခင်မောင်စိုးမင်း က ကိုယ်တိုင်ရိုက်ကူးတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းလောကထဲကသူတွေ ဖမ်းဆီး စစ်ဆေးခံနေရပါတယ်။ ဒီကနေ့ မနက်ပိုင်းကလည်း မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာနက အယ်ဒီတာချုပ်နဲ့ သတင်းထောက်တစ်ဦးကို အာဏာပိုင်တွေ မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်