အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းမှာ Milk Tea Alliance ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး မြန်မာအများစုနဲ့အတူ ထိုင်း၊ ဟောင်ကောင်၊ ထိုင်ဝမ်၊တိဘက် နဲ့ ဝီဂါ လွတ်မြောက်ရေးပူးပေါင်းဆန္ဒပြကြပါတယ်။ ဒီအကြောင်း ကိုယ်တိုင်သတင်းရယူထားတဲ့ ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး အမေရိကန်အစိုးရက ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ရာသီဥတု ဖေါက်ပြန်ပြောင်းလဲမှုတွေ ကိုင်တွယ်ရေးဆိုင်ရာ အမေရိကန် အထူးသံတမန် John Kerry က ပြောဆိုပါတယ်။ ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
မြန်မာစစ်တပ်ကဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေနဲ့ လူချင်းတွေ့ခွင့်ပြုဖို့ ဒီကနေ့ အွန်လိုင်းကနေ ရုံးထုတ်တဲ့အချိန်မှာ တရားရုံးကို လေ ျှာက်ထားခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု ပြည်နယ်အများစုက မြန်မာတိုင်းရင်းသားပေါင်းစုံဟာ စနေနေ့က ဝါရှင်တန်ဒီစီ မြို့တော် မှာ စုဝေးကြပြီး တရုတ်သံရုံး နဲ့ မြန်မာစစ်သံရုံးတို့ကို ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဒါဟာ ဝါရှင်တန်ဒီစီမြို့တော်မှာ လုပ်ခဲ့ဘူးသမျှ ဆန္ဒပြပွဲတွေထဲမှာအကြီးဆုံးဖြစ်ပါတယ်။ ကိုခင်မောင်စိုးမင်းက ရိုက်ကူးထားပါတယ်။
အာရှနွယ်ဖွားတွေအပေါ် အမုန်းတရား အခြေခံခွဲခြားဆက်ဆံမှုနဲ့ တိုက်ခိုက်မှုတွေ လျော့နည်းသွားဖို့ဆိုရင် အမေရိကန်လူမှုအသိုင်းအဝိုင်းအတွင်း ကျယ်ပြန့်တဲ့ ပညာပေးမှုတွေ လိုအပ်မယ်လို့ နယူးယောက်မြို့ Long Island ပင်လယ်ကမ်းခြေနားမှာ ဆူရှီလုပ်ငန်းလုပ်ကိုင်နေတဲ့ ဦးဇော်ဇော်က ဗွီအိုအေကို ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီကို ကာကွယ်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းတွေကို မသုံးစွဲဖို့၊ မီးရှို့ဆန္ဒပြကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြပွဲတွေကို မနက်ဖြန် ဧပြီလ ၇ ရက်မှာ တနိုင်ငံလုံး လုပ်သွားကြဖို့ သပိတ်မှောက် အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်လုပ်နေကြတာမှာ စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူး၊ အင်းတော်စတဲ့ မြို့တွေမှာ တပ်တွေရဲ့ပစ်ခတ် ဖြိုခွင်းမှုကြောင့် ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
ရုရှား နဲ့ အိန္ဒိယ တို့က မြန်မာစစ်ကောင်စီရဲ့ တပ်မတော်နေ့ကို တက်ရောက်တဲ့အတွက်ကြောင့်ဆိုပြီး အမေရိကန်ရှိ မြန်မာတိုင်းရင်းသားတွေက ဝါရှင်တန်ဒီစီရှိ ရုရှား နဲ့ အိန္ဒိယသံရုံးတို့ကို စနေနေ့က ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်း က နေရိုက်ကူတင်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ Boston Dynamics ကုမ္ပဏီက ကုန်လှောင်ရုံတွေ၊ ကုန်သေတ္တာတွေထဲ ဝင်ရောက်ပြီး စက္ကူပုံးတွေကို အလျင်အမြန် တင်ချပေးနိုင်တဲ့ Stretch လို့ အမည်ပေးထားတဲ့ စက်ရုပ်တရုပ်ကို ဒီလ ၂၉ ရက် တနင်္လာနေ့က ပြသလိုက်ပါတယ်။ ဒီအကြောင်း AP သတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
မတ်လ၂၇ရက် ဖက်ဆစ်တော်လှန်ရေးနေ့က အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့က မြန်မာအမျိုးသမီးတွေဟာ ဝါရှင်တန်ဒီစီမြို့တော်က တရုတ်သံရုံးကို ကန့်ကွက်ဆန္ဒပြကြပါတယ်။ အဲဒီနောက် မြန်မာစစ်သံရုံးကို ချီတက်ပြီး နောက်ဆုံးမှာ အမေရိကန် လွတ်လပ်ရေးကျောက်တိုင်ရှိရာကို ချီတက်ဆန္ဒပြကြပါတယ်။ ခင်မောင်စိုးမင်း က ရိုက်ကူးထားပါတယ်။
ကိုဗစ် 19 ရောဂါ ကူးစက်မှုတွေကြောင့် လူတွေ အပြင်မထွက်ရ ကန့်သတ်မိန့်တွေ တင်းတင်းကြပ်ကြပ် ချမှတ်ပြီး အရေးယူခဲ့တဲ့ အိန္ဒိယ နိုင်ငံမှာ တနှစ်ကြာလာပေမဲ့ ဗီဇပြောင်း ရောဂါပိုးအသစ် ထပ်မံ တွေ့ရှိတာကြောင့် ဘာသာရေးပွဲလမ်းတွေကို ထပ်ပြီး တားမြစ်ထားရပါတယ်။ ကိုဝင်းမင်း ပြောပြပါလိမ့်မယ်။
စစ်တပ်က အာဏာရယူပြီး မတည်မငြိမ်မှုတွေကြောင့် ဘဏ်နဲ့ ငွေလွှဲလုပ်ငန်းတွေ ပိတ်ထားရတဲ့အတွက် ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာပြည်က သူတို့ မိသားစုဆွေမျိုးတွေဆီ တရားဝင် ငွေပြန်ပို့ဖို့ အခက်တွေ့နေကြရပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်လည်လက်ခံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီက ပြောထားပါတယ်။ရိုဟင်ဂျာဒုက္ခသည်တွေကလည်း သူတို့ ရှေ့ရေးဟာ စစ်တပ်အုပ်ချုပ်မှုအောက်မှာ ပိုပြီး စိုးရိမ်စရာဖြစ်မယ်လို့ ပြောဆိုနေပါတယ်။ ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာတော့ အလင်းရောင်လူငယ်များအဖွဲ့က ဦးစီးပြီး ရာနဲ့ချီတဲ့မြန်မာပြည်သူတွေ စနေနေ့ နေ့လည်ပိုင်းက မြန်မာ စစ်သံရုံးနဲ့ လွတ်လပ်ရေးကျောက်တိုင်ကွင်းမှာ စစ်အာဏာသိမ်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း က ကိုခင်မောင်စိုးမင်း က ရိုက်ကူးထားပါတယ်။
စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး အိန္ဒိယနိုင်ငံဘက် ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ချင်းပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ မိသားစုတွေ ၂၀၀ လောက်အထိ ရှိလာပြီလို့ အိန္ဒိယ အရာရှိတွေက ပြောပါတယ်။ AFP နဲ့ AP ဆောင်းပါးတွေကို စုပေါင်းပြီး ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
အမေရိကန် ပြည်ထောင်စု ပြည်နယ်အတော်များများက မြန်မာများ ဝါရှင်တန်ဒီစီမှာ စုရုံးပြီး မြန်မာစစ်အာဏာသိမ်းသည့်ကို ကန့်ကွက်သည်အနေနဲ့ တရုတ်သံရုံး နဲ့ မြန်မာ စစ်သံမှူးရုံး ဒီကနေ့ စနေနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီနောက် လွတ်လပ်ရေးကျောက်တိုင်ရှိရာကို ချီတက်ကြပါတယ်။ ကိုခင်မောင်စိုးမင်း ရိုက်ကူးတင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ဂျမူး၊ကက်ရှ်မီးယားဒေသမှာ ယာယီတဲစခန်းတွေနဲ့ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ရာပေါင်းများစွာဟာ သူတို့နေထိုင်ရာ မြန်မာနိုင်ငံကို ပြန်ပို့မှာ စိုးရိမ်နေကြပါတယ်။ VOA သတင်းထောက် Zubair Dar က အဲဒီနေရာကို သွားရောက် တွေ့ဆုံသတင်းပေးပို့တာကို ကိုခင်မောင်စိုးမင်းက ပြန်ပြောပြပါလိမ့်မယ်။
ချင်းပြည်နယ်ကနေ အိန္ဒိယပိုင် မီဇိုရမ်းပြည်နယ်ကို ခိုလှုံလာတဲ့ ရဲတပ်ကြပ်တဦးက သူအပါအဝင် တိမ်ရှောင်လာသူ ရဲတပ်ဖွဲ့ဝင်တွေဟာ CDM လုပ်လာတာဖြစ်ပြီး အလုပ်ထွက်တာမဟုတ်ဘူးလို့ ပြောပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်း Facebook Messenger ကနေ မီဇိုရမ်းပြည်နယ်မှာ ရောက်ရှိနေတဲ့ အဆိုပါ ရဲတပ်ကြပ်ကို မေးမြန်းထားပါတယ်။
မနေ့ စနေနေ့က အမေရိကန် ပြည်ထောင်စု ပြည်နယ်အသီးသီးမှာ နေထိုင်ကြတဲ့ မြန်မာတွေဟာ ဝါရှင်တန်ဒီစီမြို့တော် မှာ စုရုံးပြီး တရုတ်သံရုံး နဲ့ မြန်မာကောင်စစ်ဝန်ရုံး တို့ကို စစ်အာဏာသိမ်းကန့်ကွက် ဆန္ဒပြကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း က ကိုခင်မောင်စိုးမင်း က ရိုက်ကူးထားပါတယ်။
ဗွီအိုအေ သတင်းထောက် Anjana Pasricha ဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟာရီယားနားပြည်နယ်က ကျေးရွာတရွာကို သွားပြီး အဲဒီရွာက လယ်သမားတွေနဲ့ တွေ့ဆုံပြီး သူတို့အနေနဲ့ ဘာကြောင့် လယ်ယာမြေဥပဒေသစ်ကို ပြန်လည်ရုတ်သိမ်းစေချင်ရတာလဲဆိုတာ သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း က ပြန်ပြောပြမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်