PPST လက်နက်ကိုင် ၁၀ ဖွဲ့အနေနဲ့ NCA မူအတိုင်း တွေ့ဆုံဆွေးနွေးရေးကို ဆောင်ရွက်မှာဖြစ်ပြီး NUG နဲ့ ပူးပေါင်းဆောင်ရွက်ရေး တစ်ဖွဲ့ချင်းအလိုက် ဆောင်ရွက်နိုင်တယ်လို့ အဖွဲ့တာဝန်ရှိသူကပြောပါတယ်။ ရန်ကုန်ကလာတဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ရပ်တည်ချက်ကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က တတိုင်းပြည်လုံး အုံကြွခုခံစစ်စတင်ကြဖို့ မနေ့ အင်္ဂါနေ့က တိုက်တွန်းခဲ့ပြီးနောက် ဒေသအတော်များများမှာ ပြည်သူ ကာကွယ်ရေးတပ်ဖွဲ့ PDFတွေရဲ့ လှုပ်ရှားမှုတွေလည်းပေါ်ထွက်လာကြပါတယ်။ လေ့လာသုံးသပ်သူတို့ရဲ့ အမြင်သဘောထားကို မေးမြန်းပြီး ကိုခင်မောင်စိုးမင်း က စုစည်းတင်ပြ ထားပါတယ်။
စစ်ကိုင်းတိုင်း တမူးမြို့ပြင်မှာ စစ်ကောင်စီတပ်တွေနဲ့ တမူးဒေသကာကွယ်ရေး PDF အဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျေးရွာတွေမှာတော့ စစ်ကောင်စီတပ်တွေက ဝင်ရောက် ဖမ်းဆီးမှုတွေလုပ်နေပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ နောက်ဆုံး သက်ရှိထင်ရှား ကျန်နေသေးတဲ့ ခမာနီခေါင်းဆောင် Khieu Samphan က သူ့အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အပြစ်ရှိကြောင်း ကုလသမဂ္ဂ တရားရုံးက ဆုံးဖြတ်ထားတာကို ဒီသီတင်းပတ်ထဲမှာပဲ အယူခံဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တွေရဲ့ လက်ချက်နဲ့ အရပ်သား သေဆုံးမှုတွေ ရှိနေရာမှာ အင်္ဂါနေ့ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့မှာ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းကိုတော့ ကိုခင်မောင်စိုးမင်းက ပြောပြပေးမှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့မှာ စစ်ကောင်စီနဲ့နီးစပ်သူ အသတ်ခံရသလို စစ်ကောင်စီ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု ၃၃ နှစ်ပြည့် အထိမ်းအမှတ်နဲ့ မြန်မာနိုင်ငံ ကယ်တင်ရေး ကမ္ဘာလုံးဆိုင်ရာ တိုင်းရင်းသားပေါင်းစုံ ချီတက်တောင်းဆိုတဲ့ ဆန္ဒပြပွဲကြီးကို စနေနေ့က အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့ကြပါတယ်။
ကာကွယ်ဆေး ထိုးမယ့်သူတွေရဲ့စာရင်းကို ကျန်းမာရေးဝန်ကြီးဌာနက ဒေသအလိုက် ကောက်ယူနေပါတယ်။ အဓိကစိန်ခေါ်မှုကတော့ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကိုပဲ ထိုးနှံမှာလား၊ တခြား ရွေးချယ်စရာ ရှိသလားဆိုတဲ့ကိစ္စပါ။ ကျန်းမာရေးပညာရှင်တွေကတော့ ကာကွယ်ဆေးထိုးနှံခြင်းက ကိုဗစ်ကို တားဆီးနိုင်လိမ့်မယ်လို့ အကြံပြုပါတယ်။
စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကျေးရွာ ၃ ရွာလောက်က ဒေသခံ ၂၀၀ လောက် နေရပ်စွန့်ခွာ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။
ကိုဗစ်ရောဂါ တကြော့ပြန်ကူးစက်နှုန်းတက်လာတဲ့ မြန်မာနိုင်ငံမှာ တမြို့နဲ့တမြို့ ကုန်စည်စီးဆင်းမှု ပြတ်မသွားအောင်၊ ကုန်ဈေးနှုန်းတွေ အဆမတန် တက်မလာအောင် လုပ်ငန်းရှင်တွေနဲ့ ရပ်ရွာအစုအဖွဲ့တွေက ကြိုးစားနေကြပါတယ်။ ကိုခင်မောင်စိုးမင်က ပြောပြပေးမှာပါ။
မာင်တောမှာ တာဝန်ကျလို့ ပြောင်းလာတဲ့ ရဲနဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ အပါအဝင် အစိုးရဝန်ထမ်းတွေဖြစ်တယ်လို့ မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးလည်းဖြစ် မောင်တောမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ နုကေသီစံ က ပြောပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့မှာ ဇွန် ၂၂ ရက် မနက်က အထက်တန်းကျောင်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဆရာမတစ်ဦးအပါအဝင် အနည်းဆုံးလူ ၂ ဦးထိခိုက်ခဲ့ပါတယ်။ ဘယ်သူ့ လက်ချက်ဖြစ်တယ်ဆိုတာ အတိအကျမသိရသေးပါဘူး။ ဖားကန့်နဲ့ မိုးညှင်းမြို့နယ်အတွင်းမှာလည်း အခုရက်ပိုင်း တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တဝိုက်က ရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တွေကြား တနင်္ဂနွေနေ့ ညဘက်က တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။
တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သောင်းချီတဲ့ စစ်ဘေးရှောင်တွေဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေပြီး နိုင်ငံတကာက ဒါကို ဝိုင်းဝန်းကူညီဖို့လိုကြောင်း ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး KWAT က တောင်းဆိုလိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဇွန်လ ၁၅ ရက် မနက်က စစ်ကောင်စီတပ်နဲ့ KIA အကြားမှာ ပစ်ခတ်တိုက်ခိုက်မှု တစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့အချို့မှာ COVID-19 ပိုးကူးစက်သူတွေ ရှိလာတဲ့အတွက် မြို့ဝင် မြို့ထွက်ဂိတ်တွေမှာ စစ်ဆေးမှုတွေ ပြုလုပ်နေပြုလုပ်နေပါတယ်။
မကွေးတိုင်း ၊ မင်းဘူးမြို့နယ် ထောက်ရှာပင်ရေနံမြေက CDM ဝန်ထမ်း ၅၀၀ ကျော် အလုပ်ကနေထုတ်ပယ် ခံရပါတယ်။
အမေရိကန် ပြည်ထောင်စု မြောက် ကယ်ရိုလိုင်းနားပြည်နယ်မှာ နေထိုင်ကြတဲ့ ကရင်နီ ခေါ် ကယားတိုင်းရင်းသားတွေက ဝါရှင်တန်ဒီစီမြို့တော်ရှိ မြန်မာသံရုံးရှေ့ကို မနေ့ စနေနေ့က လာရောက်ပြီး စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း က ကိုခင်မောင်စိုးမင်း က ရိုက်ကူးတင်ပြထားပါတယ်။
ကယားပြည်နယ်အတွင်းမှာ စစ်တပ်က လေကြောင်းတိုက်ခတ်မှုတွေ လုပ်လာတဲ့အပေါ်မှာ အထူးစိုးရိမ်ကြောင်း ဗြိတိန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် ညီညွတ်ရေးအဖွဲ့ CSW နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ HART က သတိပေး ပြောကြားလိုက်ပါတယ်။
ဇွန်လ ၁ ရက်နေ့ မနက် ၈နာရီဝန်းကျင်လောက်က လှိုင်သာယာမြို့နယ်မှာ အမျိုးသားတဦး သေနတ်နဲ့ ပစ်သတ် ခံခဲ့ရပါတယ်။ သေဆုံးသူဟာ ပြည်သူ့ရှေ့ဆောင် PPP ပါတီဝင် ဦးစိုင်းလင်းဇော်ဖြစ်ပြီး၊ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ မြို့နယ်အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် တဦးလည်း ဖြစ်ပါတယ်
နောက်ထပ်ကြည့်ရှုရန်