မျက်မမြင်အမျိုးသား အားကစားဝေဖန်ရေးလုပ်သူအနေနဲ့ အောင်မြင်၊ နိုင်ဂျီးယားမိတ်ကပ်ပညာရှင် နာမည်ကျော်ကြား ထင်ရှားသူတွေရဲ့ ပုံတွေကို ရင်ဘတ်ပေါ်မှာ ဖန်တီးရေးချယ်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
“ကျနော်တို့က လက်ရှိ အခြေအနေကာလကို ရှင်းပြတယ်။ ဒီကာလမှာ ကျနော်တို့ မီဒီယာကဒ်ကိုင်ဖို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးပေါ့နော်။ ဒါကြောင့်မိုလို့ ဒီမှာလာပြီး ခိုလုံတာပါ။ Myanmar Now နဲ့ DVB ဆိုတာက အစောကတည်းက ပိတ်သိမ်းခံရတဲ့ သတင်းဌာန ဖြစ်တယ်ပေါ့။" - Myanmar Now အလွတ်သတင်းထောက် မမြတ်မိုးသူ
“ဘုန်းဘုန်းရဲ့ ပရိဟတဆေးခန်းမှာရော အပြင်မှာလိုက်ကုသတာ ရွာတရွာမှာ အနည်းဆုံး လူဦးရေ ၂၀၀၊ ၃၀၀ အထက်မနည်း အိုမီခရွန်ဆိုတဲ့ ရောဂါကို ခံစားနေရတာတွေ တွေ့ရတယ်။ လည်ပင်းတွေ နာတယ်။ လည်ပင်းတွေ ယားယံတယ်။ အဖျားတွေတက်တယ်။” (စစ်ဘေးရှောင်များကို စောင့်ရှောက်ပေးနေတဲ့သံဃာတော်)
ရုရှားက ယူကရိန်းနိုင်ငံထဲ တိုက်ခိုက်မှုကို ကုလသမဂ္ဂ အထွေထွေညီလာခံက ကန့်ကွက်ရှုတ်ချကြောင်း အဖွဲ့ဝင်နိုင်ငံတွေ အများစုက တညီတညွတ်တည်း မဲပေး ထောက်ခံခဲ့ကြတဲ့ တိုင်အောင် ရုရှားတပ်ဖွဲ့တွေ ကတော့ ယူကရိန်းကို ဆက်ပြီး တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဒီနေ့ အင်္ဂါနေ့ည နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောတဲ့အခါ လက်ရှိ ပြင်းထန်နေတဲ့ ယူကရိန်း ပဋိပက္ခ၊ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး နဲ့ စီးပွားရေး အခြေအနေတွေကို အဓိကထား ပြောကြားနိုင်ဖွယ် ရှိပါတယ်။ ဗွီအိုအေသတင်းထောက် Anita Powell ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။
ရုရှားနိုင်ငံက ယူကရိန်းကို စစ်ရေးအရ တိုက်ခိုက်နေတဲ့ တချိန်တည်းမှာ ယူကရိန်းအစိုးရ ဝက်ဘ်ဆိုက်တွေနဲ့ အစိုးရနဲ့ ဆက်စက်တဲ့ အဖွဲ့အစည်းတွေရဲ့ ဝက်ဆိုက်တွေ တိုက်ခိုက်ခံရတာတွေလည်း ရှိနေတယ်လို့ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။ အေပီ သတင်းဆောင်းပါးကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။
တောင်အာဖရိကနိုင်ငံ မှာ ဆင်ချေးတုံးကနေ အရက်ချက်လုပ်ရောင်း၊ တူရကီနိုင်ငံက အမျိုးသား ၁၄ လ ကြာ ကိုရိုဗိုင်းရပ်စ် ပိုးရှိနေ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ယူကရိန်းကို စစ်ရေးအရ ကျုးကျော်တာကို တုံ့ပြန်တဲ့အနေနဲ့ ရုရှား ငွေကြေး အဖွဲ့အစည်းတွေ၊ အဆင့်မြင့် နည်းပညာ လုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ အမေရိကန် ပြည်ထောင်စုနဲ့ မဟာမိတ် နိုင်ငံတွေက ချမှတ်နေပါတယ်။ ဦးသိန်းထိုက်ဦး ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။
NLD အစိုးရလက်ထက် ရန်ကုန်တိုင်းထဲက လုပ်ငန်းတွေ ထောက်ခံကာကွယ်ပေးဖို့ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပေးတဲ့ ဒေါ်လာငွေ ၆ သိန်းနဲ့ အခေါက်ရွှေ ၇ ပိဿာ လက်ခံတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ စွဲထားတဲ့အမှု နေပြည်တော် အထူးတရားရုံးမှာ ဒီနေ့ ၂ ဘက် အပြီးသတ် လျှောက်လဲချက်တွေတင်ပြခဲ့ကြပါတယ်။
ယူကရိန်းနိုင်ငံအပေါ် စစ်ဆင်ရေး စတင်ပြီလို့ ရုရှားသမ္မတ Vladimir Putin ဟာ ကြာသပတေးနေ့ အစောပိုင်းမှာ ကြေညာလိုက်သလို တခြားနိုင်ငံတွေက စွက်ဖက်တာတွေ မလုပ်ဖို့လည်း သတိပေးလိုက်ပါတယ်။ ဒါပေမဲ့ အနောက် နိုင်ငံတွေကတော့ ယူကရိန်းဘက်က ကူညီ ထောက်ပံ့ ပေးသွားမယ်လို့ ကတိပေး ပြောဆိုကြပါတယ်။ မခင်ဖြူထွေး တင်ပြပေးပါမယ်။
ရုရှား ကျောထောက်နောက်ခံ ပေးထားတဲ့ ယူကရိန်း ခွဲထွက်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေနှစ်ခုကို သီးခြားလွတ်လပ်တဲ့ နိုင်ငံတွေ အဖြစ် ရုရှားအစိုးရက တရားဝင် အသိအမှတ် ပြုတယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် ယူကရိန်း- ရုရှားနယ်စပ်မှာ တင်းမာမှုတွေ ဆက်လက် ပြင်းထန်နေပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်က ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနေသလို ICJ က ချမှတ်ထားတဲ့ ကြားကာလစီမံဆုံးဖြတ်ထားတာတွေကို လိုက်နာဆောင်ရွက်နေပါတယ်လို့ စစ်ကောင်စီကိုယ်စားလှယ်က ကြားနာပွဲမှာ ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ ထူးခြားတိုးတက်တယ်လို့ မမြင်ဘူးလို့ ရိုဟင်ဂျာတွေနဲ့ လူ့အခွင့်ရေးလေ့လာသူတွေက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာကို တခြားနေရာတခုကို ပြောင်းရွှေ့ပြီး အသစ်ပြန်တည်ဆောက်ဖို့ အစိုးရက ပြင်ဆင်နေပေမဲ့၊ ဒါက လက်တွေ့ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ သံသယ ဖြစ်သူတွေ ရှိနေသလို၊ ကန့်ကွက်မှုတွေလည်း ရှိပါတယ်။ ဗွီအိုအေသတင်းထောက် Nova Poerwadi ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ အင်တာနက် အဝင်အထွက်တွေကို တနိုင်ငံလုံး စောင့်ကြည့် ကြပ်မတ်နိုင်မယ့် စနစ်သစ်ကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့် ပိုဆိုးလာနိုင်တယ်လို့ လူ့အခွင့်အရေးကျွမ်းကျင်ပညာရှင်တွေက သတိပေးနေပါတယ်။ AFP သတင်းဆောင်းပါးကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အာရေးဘီးယားနိုင်ငံ ရီယာဒ်မြို့တော်မှာ ဇွန်ဘီတွေ၊ သွေးစုပ်ဖုတ်ကောင်တွေ တည်ခင်းရောင်းချတဲ့ စားသောက်ဆိုင်၊ ကမ္ဘာ့အလေးချိန်အများဆုံးနဲ့ တန်ဖိုးအကြီးဆုံး အပြာရောင်စိန်ကြီး ဟောင်ကောင်မှာ လေလံတင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
သက်တော် ၉၅ နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိစ်ဇဘက်သ် ဟာ ဒီနှစ် ဖေဖော်ဝါရလ ထဲမှာပဲ နန်းသက် နှစ် ၇၀ ပြည့်သွားပါပြီ။ ဘုရင်မကြီးနဲ့ပတ်သက်လို့ သမိုင်းပညာရှင်တွေ အပါအဝင် ဗြိတိန်ပြည်သူတွေက ဘယ်လို သဘောထားကြလဲ။ ဘာတွေ ပြောဆိုထားကြလဲ။ အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး စုစည်း တင်ဆက်ထားပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်နိုင်ချေကို ဟန့်တားတဲ့အနေနဲ့ ရုရှားသမ္မတကို ဒဏ်ခတ် အရေးယူဖို့ အမေရိကန် လွှတ်တော်အမတ်တွေ ကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့သဘောတူညီချက်ဖို့ ကြိုးပမ်းမှုတွေ ရှေ့မတိုးနိုင်သလို လွှတ်တော်အမတ်တွေ တညီတညွတ်တည်း တုံ့ပြန်နိုင်ဖို့ ဖိအားတွေ တိုးလာနေတဲ့အကြောင်း မခင်ဖြူထွေး တင်ပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ အခြေချ နေထိုင်ဖို့အတွက် အာဖဂန်နစ္စတန် နိုင်ငံကနေ ပြောင်းရွှေ့လာတဲ့ ဒုက္ခသည်တွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲမှာ တခုက အိမ်ငှားခ ဈေးကြီးတဲ့ကိစ္စပါ။ အိမ်ခန်း မငှားနိုင်တာကြောင့် ယာယီတည်းခိုဆောင်တွေမှာပဲ ဒုက္ခသည်တွေ နေကြရတဲ့အကြောင်း မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ ပြန်လည် မအုပ်ချုပ်ခင် အချိန်တုန်းက ဖျော်ဖြေရေးနဲ့ သတင်းမီဒီယာ လုပ်ငန်းတွေ ဖွံ့ဖြိုး ခဲ့ပေမဲ့၊ လက်ရှိ တာလီဘန်တွေ ပြန်လည် အုပ်ချုပ်လာတာ ၆ လ လောက် ရှိလာချိန်မှာတော့ အပြောင်းအလဲတွေ သိသိသာသာ ဖြစ်လာပါတယ်။ Ayesha Tanzeem ပေးပို့တဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ယူကရိန်းနဲ့ ရုရှားနယ်စပ်မှာ စစ်ရေးတင်းမာမှုတွေ ကြောင့် အမေရိကန် နိုင်ငံသားတွေ ယူကရိန်းနိုင်ငံထဲမှာ ရှိနေရင် ချက်ချင်း ထွက်ခွာဖို့ သမ္မတ ဂျိုးဘိုင်ဒန်က တိုက်တွန်းနေပါတယ်။ ဒီလို အမြန်ဆုံး ထွက်ခွာဖို့ကို Kyiv မြို့ အမေရိကန် သံရုံးကလည်း အစောပိုင်း ကတည်းက သတိပေး ထားတာပါ။ မခင်ဖြူထွေး တင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်