အင်ဒိုနီးရှားနိုင်ငံမှာ ၆ နှစ်ကြာ တာယာကွင်း လည်ပင်းမှာ စွပ်မိနေတဲ့ မိချောင်းကြီးတကောင်ကို ကယ်တင်၊ ထိုင်းမြန်မာနယ်စပ်တောထဲမှာ ခြေထောက်သုံးချောင်းနဲ့ ကျားမကလေးကို စောင့်ရှောက်ပေးဖို့အတွက် ထိုင်းသစ်တောဝန်ထမ်းတွေက လိုက်ရှာ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
မနေ့က ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ စာသင်ကျောင်းတခုမှာ ဆရာ၊ ဆရာမနဲ့ ကျောင်းသူ၊ ကျောင်းသား အယောက် ၅၀ ကျော် ကိုဗစ်ကူးစက်နေတာ စစ်ဆေးတွေ့ရှိခဲ့ပြီး သူတို့နဲ့ထိတွေ့သူ ၁၇ ယောက်လည်း ကိုဗစ်ကူးစက်တာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
“မနက် ၃ နာရီလောက်တော့ တိုက်ပွဲတော့မရှိဘူးဗျ။ ဒါပေမယ့် စစ်ကောင်စီဘက် ကနေပြီးတော့ လက်နက်ကြီးတွေလေ ၁၂၀ မမနဲ့ ထုလာတယ်ပေါ့။ ဒီစစ်ဘေးရှောင်နေတဲ့ နေရာမှာလေ။ အဲ့လိုမျိုးထုလာတော့ အသက် ၄၅ နှစ်လောက်ရှိတဲ့ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရာထားတာရှိတယ်လေး။” (ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံ)
တာလီဘန်တွေ ပြန်လည် အုပ်ချုပ်နေတဲ့ အာဖဂန်နစ္စတန်နိုင်ငံက ပြည်နယ် ၆ ပြည်နယ်မှာ အစိုးရ တက္ကသိုလ်ကျောင်းတွေ ပြန်ဖွင့်နေပါပြီ။ အမျိုးသား အမျိုးသမီး အားလုံးကို ကျောင်း ပြန်တက်ခွင့် ပြုတယ်ဆိုပေမဲ့ စာသင်ခန်းတွေကိုတော့ ကျား-မအလိုက် ခွဲခြားထားပါတယ်။ Wahidullah Faizi ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်
စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ စစ်ပွဲပဋိပက္ခတွေဖြစ်နေတဲ့ နေရာတွေမှာ စက်သုံးဆီတွေ ပိုပြီးရှားနေပါတယ်။ ကချင်ပြည်နယ် ပူတာအိုမြို့နယ်၊ ချင်းပြည်နယ် မတူပီမြို့နယ်စတဲ့ ဒေသတွေဘက်မှာ စက်သုံးဆီဈေးတွေ အဆမတန် မြင့်တက်နေတဲ့အပြင် လိုသလောက်ဝယ်မရဘဲ အကန့်အသတ်နဲ့သာ ဝယ်နိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။
ရုရှားနဲ့ ယူကရိန်း တင်းမာမှုတွေ ပိုဆိုးလာနေတာကြောင့် ရုရှားက ဥရောပနိုင်ငံတွေကို သဘာဝဓာတ်ငွေ့ တင်ပို့ ရောင်းချမှုတွေ အပေါ်မှာပါ သက်ရောက်မှု ဖြစ်လာမှာကို ဥရောပနိုင်ငံတွေ စိုးရိမ်လာကြပါတယ်။ ရုရှားရဲ့ လုပ်ရပ်တွေက ဥရောပရဲ့ စွမ်းအင်ကဏ္ဍအပေါ် ထိခိုက်လာနိုင်ဖွယ် ရှိ မရှိ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ကိုဗစ်ကပ်ဘေးကြောင့် ခရီးသွားလာမှု ကန့်သတ်ချက်တွေကြားမှာ ကမ္ဘာတဝန်း ခရီးသွားလုပ်ငန်းတွေ ထိခိုက်ခဲ့ရပါတယ်။ မလေးရှားနိုင်ငံ အရှေ့တောင်ပိုင်းမှာလည်း ခရီးသွားလုပ်ငန်း ပြန်လည် နာလန်ထူဖို့ နည်းလမ်းရှာ ကြိုးပမ်း နေကြတာမှာ အောင်မြင်သူတွေ ရှိသလို၊ ရုန်းကန် နေကြရသူတွေလည်း ရှိပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
လူတွေ စွန့်ပစ်တဲ့ စီးကရက် အတိုအစ အမှိုက်တွေကို သိမ်းဖို့ ကျီးကန်းတွေကို ဆွီဒင်ကုမ္ပဏီက လေ့ကျင့်ပေး၊ ကျုးဘားလူငယ်လေးတယောက် ကျောက လက်ပြင်အရိုးတွေနဲ့ ညှပ်နိုင်စွမ်းပြ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီး တနှစ်အကြာ မငြိမ်သက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေ ပူးပေါင်း ပါဝင်မှုက ဘယ်လောက် အရေးကြီးနေပါလဲ။ ဘယ်လို ပါဝင်လှုပ်ရှားနေကြ သလဲဆိုတာတွေကို အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ မခင်လေးကို ဆက်သွယ် မေးမြန်းပြီး အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ရဲ့ အမှုတွဲ အဂတိမှုတွေဟာ ရဟတ်ယာဉ်ကိုအချိန်ပြည့်မပျံသန်းလို့ နိုင်ငံ့ဘဏ္ဍာ နစ်နာဆုံးရှုံးမှု၊ ရဟတ်ယာဉ်ဝယ်ယူရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို မတင်ပြမှု၊ စင်္ကာပူမှာရဟာတ်ယာဉ် ပြင်စရိတ် ယူရိုငွေ သန်း ၂၀ နီးပါး သုံးစွဲခဲ့မှု စုစုပေါင်း ၅ မှုဖြစ်ပါတယ်။
ချင်းပြည်နယ် အပါအဝင် ပဋိပက္ခတွေကြား ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ဒုက္ခသည်တွေ အတွက် အကူအညီတွေကို မပိတ်ပင်ဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် မြန်မာစစ်တပ်ကို ဖိအားပေးဖို့ အမေရိကန် ချင်း တက်ကြွ လှုပ်ရှားသူတွေက တိုက်တွန်းနေပါတယ်။ ဦးဇိုသုန်းမှုန် ကို မခင်ဖြူထွေးဆက်သွယ် မေးမြန်းထားပါတယ်။
ကိုဗစ်ကပ်ဘေးကြောင့် ကျောင်းစာ သင်ကြားမှုတွေ အခက်အခဲ ဆက်ရှိနေတာနဲ့အမျှ ဆရာ ဆရာမတချို့ကတော့ ကျောင်းသူ ကျောင်းသားတွေနဲ့ ပိုမို ထိတွေ့မှုရနိုင်မယ့် သင်ကြားရေး နည်းလမ်းတွေ ရှာဖွေလာကြပါတယ်။ မခင်ဖြူထွေးက တင်ပြထားပါတယ်။
တရုတ်နှစ်ကူးအထိမ်းအမှတ် ဝက်ခေါင်း၊ ဘဲကင်၊ ကြက်ပေါင်းပုံ ဂျယ်လီတွေ ထိုင်းမှာရောင်း၊ ကျားနှစ် အထိမ်းအမှတ် ကျားရုပ်ထောင်ချီထုမယ့် ပန်းပုဆရာ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ ကူးစက်မြန် အိုမီခရွန်ကိုဗစ်ပိုး ပြည်တွင်းကူးစက်မှု ရှိနေပြီဖြစ်လို့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး သေချာသတိထားကြဖို့ တာဝန်ရှိသူတွေ တိုက်တွန်းနေပါတယ်။ စစ်မက်ကြောင့် အိုးအိမ်စွန့်ပြေးကြရသူတွေရဲ့ စခန်းတွေမှာ ကူးစက်မှုမဖြစ်အောင်လည်း လုပ်နေရပါတယ်။ သတင်းထောက်မှတ်စုမှာ မခင်ဖြူထွေး တင်ပြထားပါတယ်။
ပြည်တွင်း၊ ပြည်ပ ကန့်ကွက်မှုတွေကြားက ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကို နှစ်ရက်တာခရီး သွားရောက်ခဲ့လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာပါ။ ခရီးစဉ်နောက်ဆက်တွဲ တုံ့ပြန်မှုတွေနဲ့ ရှေ့ဆက်အာဆီယံရဲ့ မြန်မာ့အရေး ကိုင်တွယ်ပုံ ဘယ်လို ရှိမလဲ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း ၁၁ လကြာကာလအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စစ်မက်ပဋိပက္ခတွေ ရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့တောင် ခက်ခဲနေတာပါ။ အာဏာသိမ်း ၁ နှစ် ပြည့်ခါနီး နေ့စဉ်လူထုဘဝ ဘယ်လိုရှိပါလဲ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ကားထဲမှာ နပန်းသတ်တဲ့ အားကစားနည်းပဲ ရုရှားမှာ ခေတ်စားလာ၊ ဗြိတိန်အရှေ့တောင်ဘက်နား ကိုယ့်ဘာသာ လွတ်လပ်တဲ့နိုင်ငံ ကြေညာထားတဲ့ ဆီးလန်းဆိုတဲ့ ကျွန်းနိုင်ငံလေး၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက ကိုဗစ်ကပ်ရောဂါဘေးအပြင် နိုင်ငံရေးပဋိပက္ခတွေကြား လှုပ်ရှားရုန်းကန်ခဲ့ရတဲ့ ကဏ္ဍစုံ အလွှာအသီးသီးက ပြည်သူလူထုရဲ့ နှစ်သစ်မျှော်လင့်ချက်တွေ ဘယ်လိုရှိပါလဲ။ သတင်းထောက်မှတ်စု အစီအစဉ်မှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
စစ်အာဏာ သိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေသာမက ဘာသာစုံ လူမျိုးပေါင်းစုံ ပျော်ရွှင်ရတဲ့ ခရစ္စမတ်ပွဲတော်ကာလကို ကိုဗစ် ကူးစက်ရောဂါ ကမ္ဘာ့ကပ်ဘေးအပြင်၊ စစ်အာဏာရှင် ဆန့်ကျင်မှုတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ ဘယ်လိုဖြတ်သန်းကြရပါသလဲ။ သတင်းထောက်မှတ်စု အစီအစဉ်မှာ မခင်ဖြူထွေး တင်ပြထားပါတယ်။
ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်မှာ စန်တာဘိုးဘိုးကြီးတွေ မော်တော်ဆိုင်ကယ်နဲ့ လက်ဆောင်တွေ လိုက်ပို့၊ ဗြိတိန်မှာ မီးခိုးခေါင်းတိုင်ကြီး ရွက်ပြပြီး ကမ္ဘာ့စံချိန်တင်တဲ့ စန်တာ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်