လူအသေအပျောက်ကတော့ စစ်ကိုင်းတိုင်းမှာ ၇ ဦး၊ မန္တလေးတိုင်းမှာက ၆ ဦး။ နောက်တခါ ရှမ်းပြည်နယ်မှာ ၃ ဦး။ (ဝန်ကြီးဒေါက်တာဝင်းမြတ်အေး)
"အစိုးရသစ်မှာ သူ့ရဲ့မူဝါဒတွေ ရှိပါလိမ့်မယ်။ ဒီမူဝါဒတွေကို အများသိအောင် တင်ပြဖို့တော့ ဒီလို ယန္တရားတခုကတော့ လိုမှာပေါ့နော်။ အဲဒါသည် တမင်တကာ အရင်တုန်းကသုံးခဲ့တဲ့ ဝါဒဖြန့်ချိရေးဆိုတာမျိုးထက် ကိုယ့်ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူကို အစီရင်ခံတဲ့သဘောပဲ အဓိကဖြစ်လိမ့်မယ်လို့ ကျနော်က မြင်ပါတယ်။"
ပြည်နယ် နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေ အနေနဲ့ ရှေ့ဆက် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မျှော်လင့်ချက်တွေကတော့ အများအပြား ရှိနေပြီး ပြည်နယ် လွှတ်တော် အကြီးအကဲတွေက လာမယ့် လွှတ်တော်သက်တမ်း ၅ နှစ် တွင်း ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အလေးပေး လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။
"ဒီဖြစ်စဉ် ဖြစ်တဲ့အပေါ်မှာ တပ်မတော်လည်း လက်မခံဘူး။ တပ်မတော်ခေါင်းဆောင်တွေကလည်း လက်မခံဘူး အဲ့တာတွေနဲ့ပတ်သက်ပြီးတော့ ပြန်လည်စိစစ်ပြီးတော့ အရေးယူဆောင်ရွက် သွားမယ် ဒါကို သူတို့တပ်မတော်ကပြောထားတယ်။ အဲ့တာကို ကျနော်တို့က ဘာလုပ်ရမလဲဆိုတော့ ဒါကို စောင့်ကြည့်ဖို့ပဲ လိုမယ်။"
သတင်းမီဒီယာ လွတ်လပ်ခွင့် တောင်းဆိုနေကြသူတွေကတော့ - သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မီဒီယာလွတ်လပ်ခွင့် အရင်ထက် ပိုရှိလာတယ်ဆိုပေမဲ့ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ မီဒီယာလွတ်လပ်ခွင့်မျိုးတော့ မရခဲ့ဘူးလို့ ဝေဖန်ကြသလို မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ဖို့ ရှေ့ဆက် အများကြီး ဆောင်ရွက်ရဦးမယ်လို့ ထောက်ပြကြပါတယ်။
“ရွေးကောက်ပွဲ ကော်မရှင်နဲ့ တပ်မတော် တို့ဟာ အစိုးရသတင်းမီဒီယာတွေကနေ ပြည်သူအများအပြား စိတ်ဝင်တစား ပြောဆိုဆွေးနွေးချင်တဲ့ကိစ္စတွေကို ပြောလို့မရအောင် ဖိအားပေး ဟန့်တားဖို့ ကြိုးစားနေတာပါ။”
မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ မြန်မာနိုင်ငံ ရဲဌာနချုပ်က အထူးရဲတပ်ဖွဲ့ဝင် လေးသောင်းလောက် ကို နိုင်ငံအနှံ့ ယာယီ တိုးမြင့်ခန့်အပ်သွားဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် ဒေသမှာ အိန္ဒိယအစိုးရက ခွဲထွက်ရေး သူပုန်တွေ အပေါ် အထူး ထိုးစစ်ဆင်မှုတရပ် ဆင်နွှဲခဲ့ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ နယ်စပ်ဒေသမှာ လုံခြုံရေးကို တင်းကျပ် ဆောင်ရွက်နေတယ်လို့ အိန္ဒိယ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။
အရှေ့တောင် အာရှဒေသက ပင်လယ်ပြင်မှာ ပိတ်မိနေတဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ ရှိခဲ့ပြီးတဲ့နောက် လုံခြုံရေးကောင်စီမှာ ဒီကိစ္စ ဆွေးနွေးကြမှာ ဖြစ်သလို၊ မနက်ဖြန် မေလ ၂၉ ရက်နေ့မှာလည်း အာရှနိုင်ငံတွေက ကိုယ်စားလှယ်တွေ ဘန်ကောက်မြို့မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။
မြန်မာနိုင်ငံရောက် နိုင်ငံတကာ အမျိုးသမီးရေးရာ အမေရိကန် အထူးသံအမတ်ကြီး Catherine Russell ဟာ လူ့အခွင့်အရေး အဖွဲ့တွေ ဝေဖန်နေတဲ့ မျိုးစောင့်ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးမေးမြန်းသလို မြန်မာအမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ခွဲခြားဆက်ဆံမှုတွေ အတားအဆီး စိန်ခေါ်ချက် ဆိုင်ရာ အခြေအနေတွေကိုလည်း နားထောင်ခဲ့။
“ကျမတို့ကတော့ ဒီအမျိုးသမီးတွေ ကျား-မခွဲခြားပြီး ဆက်ဆံခံရမှုတွေ၊ အကြမ်းဖက်ခံရမှုတွေ၊ ဒါမျိုးတွေကိုလည်း ကျမတို့ ပြောမယ်ပေ့ါ။ ဥပဒေ ၄ ခုနဲ့ ပတ်သက်တာလည်းပြောမယ်။"
"တရားလွန် လွန်လွန်ကျူးကျူး ပြစ်ဒဏ် ချမှတ်လိုက်တာပါ။ ဒါဟာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အကြီးအကျယ် ဆုတ်ယုတ်မှုလို့ ကျနော်တို့ RSF က ယုံကြည်ပါတယ်။ ဒီပြစ်ဒဏ်ချမှတ်မှုကို ကျနော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ပြစ်ဒဏ်တွေကို ချက်ချင်း ပြန်ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုပါတယ်။"
သဘောထား အပြင်းအထန် ကွဲလွဲနေကြတဲ့ နိုင်ငံရေး အုပ်စုတွေကြား စစ်တပ်က ကြားဝင် စေ့စပ်ဆွေးနွေးမှုတွေ လုပ်နေတဲ့ တချိန်တည်းမှာပဲ အခုလို အာဏာ သိမ်းလိုက်တာလည်း ဖြစ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူ ထားတဲ့ မြန်မာနိုင်ငံ ကတော့ အခြေအနေကို စောင့်ကြည့်နေတဲ့ အကြောင်း ပြောပါတယ်။
ဒီကနေ့ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ ရိုးရာအစဉ်အလာမပျက် ဇီဝိတဒါန ငါးလွှတ် ကုသိုလ်ယူတာ၊ သက်ကြီးရွယ်အိုတွေကို ကူညီစောင့်ရှောက်တာတွေ ရှိခဲ့သလို၊ ရန်ကုန်မြို့က နံမည်ကြီး ရွှေတိဂုံ၊ မဟာဝိဇယ၊ ဆူးလေ၊ ဗိုလ်တထောင်စတဲ့ ဘုရားတွေမှာ ကောင်းမှုကုသိုလ်ပြုတဲ့ ပြည်သူတွေ စည်ကားခဲ့ပါတယ်။
ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ရောက်လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂျာမနီ သမ္မတ Joachim Gauk က သူ့ရဲ့ အိမ်တော်မှာ နေ့လည်စာနဲ့ ဧည့်ခံပြီး တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖွံဖြိုးတိုးတက်မှုတွေနဲ့ ပတ်သက်လို့ သူတို့နှစ်ဦး ဆွေးနွေးခဲ့ကြပါတယ်။
အခြေခံသဘောထားက မပြောင်းသေးဘူးဆိုတာ ထင်ထင်ရှားရှားပြလိုက်တာပဲ။ စစ်အာဏာရှင်စနစ်ကို ဖက်တွယ်ချင်တဲ့ အခြေခံသဘောထားက မပြောင်းလဲသေးဘူးလို့ ယူဆလို့ရတယ်။ အဲဒီ့လို အခြေခံ သဘောတရား ရှိနေတယ်ဆိုတော့ ယုံဖို့ ခက်သွားတာပေါ့။
"အနောက်ဘက် တံခါးဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ မောင်တော နယ်စပ်ကြားမှာ မြန်မာပြည်က ခြံစည်းရိုးကာနေတယ်။ ဒါပေမဲ့ ဒီခြံစည်းရိုးက လုံလောက်မှု မရှိဘူး။ အမြဲ ဝင်ထွက်၊ ခိုးထွက်တာတွေရှိနေတဲ့အခါကျတော့ ..."
ပြောင်းလဲမှုတွေကို အားပေးကူညီတဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နဲ့ လွှတ်တော်စနစ် ခိုင်မာအားကောင်းလာရေး တို့အတွက် ဗြိတိန်အစိုးရအနေနဲ့ ပေါင် သန်း ၄၀ တိုးမြင့်ပေးသွားဖို့ ဗြိတိန် လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်တာပါ။
မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ခပ်ကင်းကင်း ထားနေပါတယ်လို့ ဆိုပေမဲ့ မြောက်ကိုရီးယားနိုင်ငံကနေ စစ်သုံးလက်နက် ပစ္စည်းတွေကို ဝယ်ယူနေတုန်းပဲလို့ မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုတွေကို သုံးသပ်ရေးသားထားတဲ့ အမေရိကန် အစီရင်ခံစာတစောင်က ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို မိသားစု ပြန်လည်ပေါင်းစည်းမှုလို အခြေအနေမျိုးကလွဲလို့ အမေရိကန်ပြည်ထောင်စုမှာ အုပ်စုလိုက် အခြေချနေထိုင်ခွင့်ပြုတဲ့ အစီအစဉ် တရားဝင် အဆုံးသတ်လိုက်ပြီ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာအဖွဲ့ UNHCR ပြောကြား
နောက်ထပ်ကြည့်ရှုရန်