လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာအပေါ် ဂမ်ဘီယာနိုင်ငံလျှောက်ထားချက်ကို ICJ တရားရုံး စတင်ကြားနာ၊ နယူးဇီလန်နိုင်ငံက မီးတောင်ပေါက်ကွဲမှုနဲ့ဆက်စပ်ပြီး လူသေဆုံးရမှု ရဲတပ်ဖွဲ့စုံစမ်း၊ သမ္မတ Trump ကို တရားစွဲဆိုမယ့်ပုဒ်မတွေကို အောက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင်တွေ ဒီကနေ့ ထုတ်ပြန်နိုင်ဖွယ်ရှိ။ စသဖြင့်…
အမေရိကန်သမ္မတ Trump ကို အရေးယူသင့်မသင့် စုံစမ်းစစ်ဆေးတဲ့ လွှတ်တော်ကြားနာပွဲမှာ ဥပဒေရေးရာကျွမ်းကျင်သူတချို့ ထွက်ဆို၊ NATO မဟာမိတ်အဖွဲ့ ထိပ်သီးဆွေးနွေးပွဲ အပြီးသတ် သတင်းစာရှင်းလင်းပွဲ သမ္မတ Trump ဖျက်သိမ်း၊ ပြင်သစ်နိုင်ငံမှာ ပင်စင်ခံစားခွင့် လျှော့ချမယ့် အစီအစဉ်ကို နိုင်ငံတဝှမ်းသပိတ်မှောက်။ စသဖြင့်…
အမေရိကန်သမ္မတ Trump ကိုအရေးယူသင့်မသင့် စုံစမ်းစစ်ဆေးတဲ့ကြားနာမှု အောက်လွှတ်တော် တရားရေးကော်မတီမှာ ဒီကနေ့စမည်။ နေတိုးထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်နဲ့ ပြင်သစ်သမ္မတ အပြင်းအထန်ကွဲလွဲ၊ လူနည်းစု ဝီဂါမွတ်ဆလင်တွေကို တရုတ်အစိုးရက ဖိနှိပ်နေတဲ့အပေါ် အရေးယူဖို့ဥပဒေကို အမေရိကန်အောက်လွှတ်တော် မဲခွဲဆုံးဖြတ်။ စသဖြင့်…
ဟောင်ကောင် ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အားပေးထောက်ခံတဲ့ ဥပဒေမူကြမ်း ၂ ရပ် အမေရိကန်သမ္မတ အတည်ပြု။ နျူကလီးယားအရေး ဆွေးနွေးမှုတွေပြန်စဖို့ ဖိအားပေးနေတဲ့ တချိန်တည်းမှာပဲ မြောက်ကိုရီးယားက မစ်ဇိုင်းဒုံး ထပ်မံစမ်းသပ်။ ဒီကနေ့ ကျေးဇူးတော်နေ့မှာ အမေရိကန် နေရာတော်တော်များများ နှင်းမုန်တိုင်းဒဏ်ခံနေရ။ စသဖြင့်…
အမေရိကန်သမ္မတ Trump ကို အရေးယူရေး စုံစမ်းစစ်ဆေးနေတဲ့ အောက်လွှတ်တော်မှာ အရေးပါတဲ့ သက်သေတဦးအဖြစ် ဥရောပသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Sondland ဒီကနေ့ ထွက်ဆိုဖို့ရှိ၊ အာဖဂန်နစ္စတန်နိုင်ငံမှာ ရဟတ်ယာဉ်ပျက်ကျပြီး အမေရိကန်စစ်မှုထမ်း ၂ ယောက်သေဆုံး၊ အီရန် ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၁၀၆ ယောက်ထက်မနည်းသေဆုံး။ စသဖြင့်…
ဟောင်ကောင်မှာ ဒီမိုကရေစီလိုလားသူတွေရဲ့ ဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားနေတာမှာ သိပ်မကြာခင်က ဆန္ဒပြလူငယ်တဦး သေဆုံးခဲ့ရပြီး နောက်မှာတော့ ဒီသီတင်းပတ်ထဲ ဆန္ဒပြပွဲတွေဟာ ပုံစံသစ်တမျိုးနဲ့ ပြောင်းလဲလာခဲ့ပြီး အကြမ်းဖက်မှုတွေ ရှိလာပါတယ်။
ယူကရိန်းကိုပေးမယ့် စစ်ရေးအကူအညီထက် နိုင်ငံရေးပြိုင်ဘက်ကို စုံစမ်းစစ်ဆေးဖို့ သမ္မတ Trump ပိုစိတ်ဝင်စားခဲ့ကြောင်း အမေရိကန်ထိပ်တန်းသံတမန်တဦး ထွက်ဆို၊ အမေရိကန်နဲ့ တူရကီသမ္မတတို့ အိမ်ဖြူတော်မှာတွေ့ဆုံ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးတတိယအကြိမ် အကြံပြု ဆွေးနွေးဝိုင်း မြန်မာ ခေါင်းဆောင်တွေ တက်ရောက်။ စသဖြင့်…
သမ္မတ Trump အပေါ် အရေးယူနိုင်မယ့် စုံစမ်းစစ်ဆေးမှုတွေကို အောက်လွှတ်တော်မှာ အများပြည်သူရှေ့ ပထမဆုံးအကြိမ် ကြားနာ၊ အာဖဂနစ္စတန်နိုင်ငံ မြို့တော်မှာ ကားဗုံးပေါက်ကွဲမှုကြောင့် ကလေးတွေအပါအဝင် လူ ၇ ဦးသေဆုံး၊ အင်ဒိုနီးရှားနိုင်ငံ Medan မြို့ ရဲစခန်းမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၆ ဦးထက်မနည်းဒဏ်ရာရ။ စသဖြင့်…
အမေရိကန်သမ္မတ Trump ဟာ ယူကရိန်းအပေါ် နိုင်ငံရေးရည်မှန်းချက်အတွက် ဖိအားပေးခဲ့ကြောင်း နိုင်ငံခြားရေးဌာနအရာရှိ ထွက်ဆို၊ နယူးယောက်မြို့တော်ဝန်ဟောင်း Bloomberg ၂၀၂၀ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်နိုင်၊ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေထဲက နေရပ်ပြန်မယ့်သူ ၂ သောင်းကျော် စိစစ်ပြီးကြောင်း မြန်မာအစိုးရထုတ်ပြန်။ စသဖြင့်…
သမ္မတ Trump ကိုအရေးယူရေး စုံစမ်းစစ်ဆေးမှုတွေကို ရှေ့သီတင်းပတ် အများပြည်သူရှေ့မှောက် ကြားနာမည်။ အဆင့်မြင့် ဂျက်လေယာဉ်တွေရောင်းချမယ့်အစီအစဉ် ဆိုင်းငံ့ထားတာရုပ်သိမ်းဖို့ အမေရိကန်ကို တူရကီ သတိပေး၊ မလေးရှားမှာဖမ်းဆီးထားတဲ့ ကမ္ဘာဒီးယား အတိုက်အခံခေါင်းဆောင်ကို တတိယနိုင်ငံကို လွှဲပြောင်းဖို့ကြိုးပမ်း….
သမ္မတ Trump ကိုစုံစမ်းရေးလုပ်ငန်းစဉ် အောက်လွှတ်တော်မှာ မဲခွဲမည်၊ ပါကစ္စတန်နိုင်ငံမှာ မီးရထားတစီးပေါ် ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်လို့ လူ ၇၀ ကျော်သေဆုံး၊ အင်ဒို-ပစိဖိတ်ဒေသနိုင်ငံတွေနဲ့ ထိတွေ့ဆံရေးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အလေးထားကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Stilwell ပြောကြား။ စသဖြင့်…
သမ္မတ Trump ကို အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးနေတဲ့ အောက်လွှတ်တော်မှာ နိုင်ငံခြားရေးဌာနက ယူကရိန်းရေးရာ ကျွမ်းကျင်သူ ၂ ဦး သက်သေထွက်ဆိုမည်၊ တူရကီကိုအရေးယူနိုင်မယ့် ဥပဒေကြမ်း အမေရိကန် အောက်လွှတ်တော် အတည်ပြု၊ California တောမီးကြောင့် ဓါတ်အားပေးကုမ္ပဏီက မြို့နယ်တချို့မှာ လျှပ်စစ်မီးတွေဖြတ်တောက်။ စသဖြင့်…
ယူကရိန်းအစိုးရကို ဖိအားပေးပြီး အပေးအယူလုပ်တဲ့ကိစ္စကနေ ဆီးရီးယားနိုင်ငံမြောက်ပိုင်းက အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းတာ အထိ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေချမှတ်ရာမှာ သမ္မတ Trump က သူ့သဘောနဲ့သူ လုပ်ဆောင်ခဲ့ပါတယ်။
ဆီးရီးယားမှာ IS အန္တရာယ်ကင်းရှင်းပြီမို့ အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းတာဖြစ်ကြောင်း သမ္မတ Trump ပြောကြား၊ အွန်လိုင်းမှာ ဖြန့်ဝေသံုံးစွဲဖို့စီစဉ်နေတဲ့ Libra digital ငွေကြေးကိစ္စ Facebook အကြီးအကဲကို မေးခွန်းထုတ်၊ လန်ဒန်မြို့အနီး ကုန်တင်ကားထဲမှာ အလောင်း ၃၉ လောင်း တွေ့ရှိမှု ရဲတပ်ဖွဲ့စုံစမ်း။ စသဖြင့်…
ဆီးရီးယားနိုင်ငံမြောက်ပိုင်းကနေ အီရတ်နယ်ထဲ အမေရိကန်တပ်ဖွဲ့တွေ ရောက်လာတဲ့ကိစ္စ ဆွေးနွေးဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး အီရန်ရောက်၊ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအရေး အောက်လွှတ်တော်ကြားနာပွဲမှာ ဆွေးနွေး၊ ဗြိတိန်နိုင်ငံ စက်မှုဇုံတခုမှာ ရပ်ထားတဲ့ထရပ်ကားထဲမှာ လူသေအလောင်း ၃၉ လောင်းတွေ့။ စသဖြင့်…
ဆီးရီးယားနိုင်ငံတွင်း စစ်ဆင်ရေးတွေကို တူရကီကဆက်လုပ်သွားမယ့်အကြောင်း တူရကီသမ္မတ ပြောကြား၊ အမေရိကန် နိုင်ငံရေးအသိုင်းအဝိုင်းမှာ သြဇာညောင်းသူတယောက်ဖြစ်တဲ့ အောက်လွှတ်တော်အမတ် Elijah Cummings ကွယ်လွန်၊ ဥရောပသမဂ္ဂ EU နဲ့ ဗြိတိန်အစိုးရကြား နုတ်ထွက်ရေးဆိုင်ရာ သဘောတူညီမှုသစ် ရရှိ။ စသဖြင့်….
ဆီးရီးယားအရှေ့မြောက်ပိုင်း တူရကီစစ်တပ်ရဲ့ ထိုးစစ်တွေကို ရပ်တန့်အောင်ဖိအားပေးဖို့ အမေရိကန် ဒုတိယသမ္မတ တူရကီသွားမည်။ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်းယှဉ်ပြိုင်သူတွေ ၄ ကြိမ်မြောက် စကားစစ်ထိုး၊ ဗြိတိန် နုတ်ထွက်ရေးသဘောတူညီချက် ရယူဖို့ အီးယူနဲ့ဗြိတိန်တာဝန်ရှိသူတွေ ဆက်လက် ဆွေးနွေး။ စသဖြင့်...
အမေရိကန်သမ္မတ Donald Trump ကို အရေးယူဖို့ စုံစမ်းစစ်ဆေးတဲ့ကိစ္စနဲ့ အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေနဲ့ သမ္မတကြားမှာ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ အငြင်းပွားမှုတွေနဲ့ အခြေအတင်ဖြစ်နေကြပါတယ်။ ယူကရိန်းသမ္မတနဲ့ သမ္မတ Trump တို့ ဖုန်းဆက်သွယ်ပြောဆို ခဲ့တဲ့ အထောက်အထား စာရွက်စာတမ်းတွေအားလုံး ပေးအပ်ဖို့နဲ့ ဆက်စပ်တဲ့လူပုဂ္ဂို
အမေရိကန်သမ္မတ Trump က သူ့အပေါ် အရေးယူဖို့ စုံစမ်းစစ်ဆေးမယ့်လုပ်ငန်းစဉ်ကို အာဏာသိမ်းဖို့ကြိုးပမ်းမှုအဖြစ် ဝေဖန်၊ ရေငုပ်သဘောၤကနေ ပစ်လွှတ်နိုင်အောင် တည်ဆောက်ထားတဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးလို့ ယူဆရတဲ့ ဒုံးကျည်တစင်း မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်၊ ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွား။ စသဖြင့်…
လာမယ့်သမ္မတရွေးကောက်ပွဲမှာ နိုင်ငံရေးပြိုင်ဘက်ဖြစ်လာမယ့်သူတဦးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ကူညီလုပ်ဆောင်ပေးဖို့ သမ္မတ Trump က ယူကရိန်းသမ္မတ Volodymyr Zelensky ကို ဖုန်းနဲ့ဆက်သွယ် ပြောခဲ့တာကို အတွင်းလူတယောက် တိုင်ကြားခဲ့တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကြာသပတေးနေ့က အောက်လွှတ်တော်မှာစစ်ဆေးကြားနာပါတယ်။
နောက်ထပ်ကြည့်ရှုရန်