သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတကို အရေးယူရေး စုံစမ်းမှု စတင်


သမ္မတကို အရေးယူရေး စုံစမ်းမှု စတင်
please wait

No media source currently available

0:00 0:04:31 0:00
တိုက်ရိုက် လင့်ခ်

အမေရိကန်သမ္မတ Donald Trump ကို အရေးယူဖို့ စုံစမ်းမှုတွေလုပ်မယ့်အထိ ဖြစ်လာခဲ့တဲ့ အမေရိကန်နဲ့ ယူကရိန်း သမ္မတကြား ဖုန်းဆက်သွယ်ပြောဆိုမှုကိစ္စ အတွင်းလူတယောက်ရဲ့ တိုင်ကြားချက် အပြင်မထွက်အောင် အစောပိုင်း သူ ဟန့်တားခဲ့တာဟာ ဥပဒေဘောင် အတွင်းကနေ လုပ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် အမျိုးသားထောက်လှမ်းရေးဌာန ယာယီညွန်ကြားရေးမှူး Joseph Maguire က ကြာသပတေးနေ့က ပြောဆိုလိုက်ပါတယ်။ လာမယ့် သမ္မတရွေးကောက်ပွဲမှာ နိုင်ငံရေးပြိုင်ဘက်ဖြစ်လာမယ့်သူတဦးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ကူညီလုပ်ဆောင်ပေးဖို့ သမ္မတ Trump က ယူကရိန်းသမ္မတ Volodymyr Zelensky ကို ဖုန်းနဲ့ဆက်သွယ် ပြောခဲ့တာကို အတွင်း လူတယောက်က တိုင်ကြားခဲ့တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး မစ္စတာ Maguire ကြာသပတေးနေ့က အောက်လွှတ်တော်မှာ အစစ်ဆေးခံ ထွက်ဆိုခဲ့တာပါ။ နောက်တဆင့် လွှတ်တော်မှာ ဘယ်လိုစုံစမ်းစစ်ဆေးမှုတွေ ဖြစ်လာနိုင်မလဲ ဆိုတာကိုတော့ ဗွီအိုအေရဲ့ လွှတ်တော်ဆိုင်ရာသတင်းထောက် Katherine Gypson ပေးပို့တဲ့သတင်းဆောင်းပါးကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။

XS
SM
MD
LG