စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို နိုင်ငံတကာက ပိုသိလာစေဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ရရှိရေး ကြိုးပမ်းမှုတွေကို တဘက်တလှမ်းက ကူညီထောက်ပံ့နိုင်ဖို့အတွက် လေထီးခုန်ပြီး ရန်ပုံငွေရှာဖို့ပြင်နေတယ်လို့ ပြည်သူ့ဂုဏ်ရည် ဟာဝိုင်ရီအဖွဲ့က ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ် အောင်ဆန်းစုကြည် ဒီနေ့ ဇွန်လ ၁၅ ရက်နေ့မှာ အမှု ၂ ခုစစ်ဆေးပါတယ်။ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့နဲ့ တတွဲထဲအမှုဖြစ်တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှု၊ အများပြည်သူတည် ငြိမ်မှုအေးချမ်းမှု ပျက်အောင်လုပ်ဆောင်မှု၊ ဒီအမှု ၂ ခုကို စစ်ဆေးခဲ့။
ကရင်ပြည်နယ်၊ မြဝတီခရိုင်မှာ တံတားဆောက်လုပ်ရေးလုပ်နေတဲ့ အလုပ်သမားတွေကို KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ လက်နက်ကိုင် KNDO အဖွဲ့က ဖမ်းဆီး သတ်ဖြတ်တယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်ချက်ဟာ မမှန်ကန်ဘူးလို့ KNDO ကငြင်းပယ်
“သူတို့ပြောထားတဲ့အထဲမှာ တချို့အမှုတွေက ကျနော်တို့ မလုပ်ဘဲနဲ့ပါတဲ့ အမှုတွေ ရှိတယ်ဗျာ။ ဥပမာဆိုရင် ပုဒ်မ ၄၃၅။ ၄၃၅ ဆိုတာက မီးရှို့တာပေါ့။ မြင်းခြံမှာဖြစ်သွားတဲ့ တာရာမီးရှို့တာတို့ ဘာတို့ ဆိုတာတွေကို ကျနော်တို့ မလုပ်ဘဲနဲ့ ကျနော်တို့ကို စွဲတယ်ဗျာ။ အဲ့ဒီအမှုမှာ။”
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲလိုက်ပါတယ်။ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုအပါအဝင် လက်ရှိ အမှုပေါင်း ၇ မှုနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ ထပ်တိုး တရားစွဲလိုက်တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရန်ကုန်၊ မန္တလေး၊ မုံရွာ စတဲ့မြို့တွေမှာ ဒီနေ့လည်း ဆက်ရှိနေပါတယ်။ ရန်ကုန်မှာ ဒီနေ့ မြို့နယ်အလိုက် ဆန္ဒပြပွဲ အသေးစားတွေသာ လုပ်နိုင်ခဲ့ပေမဲ့ မုံရွာမှာတော့ ဆန္ဒပြစစ်ကြောင်းတွေ ပူးပေါင်းပြီး ဟောပြောပွဲတွေနဲ့အတူ နိုင်ငံတဝန်း ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြပွဲတွေ ရှိနေပါတယ်။
ကိုဗစ်ကာလ လိုအပ်ချက်တွေ အများအပြား ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ဟာ စစ်အာဏာသိမ်းမှုကြောင့် ပိုပြီး ဆိုးရွားသွားခဲ့ရတယ်လို့ ကနေဒါနိုင်ငံ Albata တက္ကသိုလ်က လက်ထောက် ပါမောက္ခ ဒေါက်တာ ခင်စောဝင်း က ပြောပါတယ်။
“သီရိတို့ ပြည်ပရောက်နေပေမဲ့ အခုပြည်တွင်းက လူငယ်တွေ၊ နိုင်ငံရေးအတွက် လုပ်ဆောင် ဆောင်ရွက်နေကြတဲ့သူတွေကို သီရိတို့ မမေ့ပါဘူး။ သူတို့ကို သီရိ အရမ်းလေးစားပါတယ်။ သီရိတို့တွေက ဒီကနေ ထောက်ခံတယ်။ သူတို့ဘာလုပ်လုပ် သီရိတို့ ပံ့ပိုးကူညီပေးမှာပါ။” မသီရိဝေလွင် (အလင်းရောင်လူငယ်)
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟတ်တဲ့ ရွေးကောက်ပွဲပါလို့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တခုဖြစ်တဲ့ ANFREL က ပြောပါတယ်။ AFP သတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။
"အဓိက ကတော့ စစ်အာဏာရှင်ကို အမြစ်ဖြတ်တဲ့နေရာမှာ တထောင့်တနေရာကနေ ပါဝင်ချင်တယ်။ ကျမ လုပ်နိုင်တာလဲ အများကြီး မရှိပါဘူး။ လုပ်နိုင်တဲ့အရာလေးတွေ တော့ လုပ်ချင်တဲ့စိတ် တခုတည်းကြောင့်သာပါ။" - CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့သူ။
ပါကစ္စတန်နိုင်ငံမှာ အမျိုးသမီး သတင်းထောက်တွေ စိန်ခေါ်မှုအများအပြား ကြားက ကြိုးစားကြရတာပါ။ အခက်အခဲ အတားအဆီးတွေ ကြားကနေ အလုပ် လုပ်နေကြရတဲ့ အမျိုးသမီး သတင်းထောက် ၂ ဦးကို ဗွီအိုအေ Peshawar ဌာနက Umer Farooq က တွေ့ဆုံပြီး သတင်းပေးပို့ထားပါတယ်။ မခင်ဖြူထွေးက ပြောပြပါလိမ့်မယ်။
စစ်အုပ်ချုပ်ရေးကောင်စီ သတင်းစာရှင်းလင်းပွဲ ကောက်နှုတ်ချက် (၀၅-၀၇-၂၀၂၁)
"တနင်္ဂနွေနေ့ မနက် ၈ နာရီခွဲမှာ စစ်သားရော၊ ရဲအင်အား အလုံးအရင်းနဲ့ အိမ်ထဲဝင်လာပြီး အိမ်နောက်ဖေးတွေရော ဘေးတွေရော အရှေ့တွေရော ပိတ်ပြီး ဝင်လာ ဖမ်းဆီးတာရှင့်။" - ရိုက်နှက်ဖမ်းဆီးခံရတဲ့ ဒေါ်မိငယ်ရဲ့ သမီးဖြစ်သူ မသော်တာ။
အာဖဂန်နစ္စတန်ထဲက အမေရိကန်တပ်ဖွဲ့တွေ ဒီနှစ်ထဲ ပြန်ရုပ်သိမ်းပြီးတဲ့အခါ တာလီဘန်တွေက နိုင်ငံတွင်း ခြိမ်းခြောက်မှုတွေ ပြန်လုပ်လာနိုင်တာကြောင့် လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ရရှိခဲ့တဲ့ အခြေအနေတချို့ ပြောင်းလဲသွားမှာကို စိုးရိမ်မှုတွေ ရှိလာပါတယ်။ Cindy Saine ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ လာမယ့် တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ မြန်မာကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံက ထိပ်တန်း ရေကူးအားကစားသမားတဦးဖြစ်တဲ့ ကိုဝင်းထက်ဦးက ပြောပါတယ်။
သွေးအေးတာမဟုတ်ဘဲ ပြန်တိုက်ဖို့အတွက် ကျနော်တို့ဘက်ကလည်း ဗျူဟာနဲ့ပြန်ပြီးတော့ အကွက်ချနေတာပေါ့နော်။ အဲ့ဒီလိုပုံစံမျိုး လုပ်နေတာ။ လုံးဝတော့ သွေးအေးသွားတာမဟုတ်ဘူး။ ကျနော်တို့က အဆုံးထိ ဆက်တိုက်သွားမှာပဲ။ ကျနော်တို့အနိုင်ရတဲ့အထိကို ဆက်တိုက်သွားဖို့ အစီအစဉ်ရှိတယ်ဗျ။” - CDM လုပ်နေတဲ့ဆရာဝန်တဦး
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး လုံခြုံရေး တည်ငြိမ်မှု မရှိတဲ့အတွက် တပိုင်တနိုင် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နေပါတယ်။
“လတ်တလော အကူအညီတွေ လိုအပ်နေတဲ့ CDM လုပ်တဲ့သူတွေရော စစ်ဘေးရှောင်တွေအတွက်ရော နည်းလမ်းတွေရှာပြီးတော့မှ ကူညီဖို့အတွက် အစီအစဉ်တွေ ရှိပါတယ်။” - လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုဝန်ကြီး နော်ထူးဖော
စစ်တပ်က အာဏာသိမ်းတာကို မကျေနပ်လို့ ခုချိန်မှာ အပြင်ထွက် ရေကစား ပျော်ပါးတာတွေ မလုပ်ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သပိတ်ပုံစံမျိုးစုံနဲ့ တော်လှန်သင်္ကြန် ဆင်နွှဲနေတယ်လို့ တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတွေက ပြောပါတယ်။
ဒီလ ၁၀ ရက်နေ့က ပဲခူးမြို့မှာ စစ်အုပ်ချုပ်ရေး ကောင်စီတပ်တွေက အင်အားသုံး ပစ်ခတ်ဖြိုခွဲခဲ့ပြီးတဲ့နောက် ခုချိန်ထိ ပျောက်ဆုံးနေ သူတွေ၊ အဆက်အသွယ် ရှာမရသေးသူတွေ အများအပြား ရှိနေသေးတာကြောင့် အဲ့ဒီနေ့က သေဆုံးသူဟာ ရာဂဏန်းအထိ ရှိနိုင်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဆေးဝန်ထမ်းတဦးက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်