အစ္စရေးနဲ့ ပါလက်စတိုင်းအကြား အငြင်းပွားမှုတွေရှိနေတဲ့ ဂျေရူဆလင်မြို့ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် အမေရိကန် သမ္မတ Donald Trump က အသိအမှတ်ပြုဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် အာရပ်နိုင်ငံတွေသာမက ဥရောပနဲ့ တခြားနိုင်ငံတွေကပါ ပြစ်တင် ဝေဖန်နေကြပါတယ်။ Zlatica Hoke ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာမူစလင်တွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ရှိနေတဲ့အကြောင်း ဝေဖန်ရှုတ်ချတဲ့ ဆုံးဖြတ်ချက် တရပ်ကို အမေရိကန်အောက်လွှတ်တော်မှာ ဒီသီတင်းပတ်ထဲ မဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာမူစလင်တွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ရှိနေတဲ့အကြောင်း ဝေဖန်ရှုတ်ချတဲ့ဆုံးဖြတ်ချက်ကိုအမေရိကန်အောက်လွှတ်တော်မှာ ဒီသီတင်းပတ်ထဲ မဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။ ဒီအကြောင်း လွှတ်တော်ဆိုင်ရာသတင်းထောက် Katherine Gypson ရဲ့ဆောင်းပါးကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ရိုဟင်ဂျာ မူစလင်ဒုက္ခသည် အကျပ်အတည်းနဲ့ပတ်သက်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား စေ့စပ်ညှိနှိုင်း ဆောင်ရွက်နေတာနဲ့အမျှ ဒေသတွင်းနိုင်ငံတခုဖြစ်တဲ့ ကမ္ဘောဒီယားနိုင်ငံအနေနဲ့လည်း ဒီကိစ္စ ဖြေရှင်းကိုင်တွယ်နိုင်အောင် ဝိုင်းဝန်ကူညီဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ပန်ကြားလိုက် ပါတယ်။ သုံးရက်ကြာ ကမ္ဘောဒီးယားနိုင်ငံခရီးစဉ်အတွင်း ဒီကနေ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen နဲ့တွေ့ဆုံအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောဆိုသွားတာပါ။
အမေရိကန် အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီ NASA မှာရှိတဲ့ သိပ္ပံပညာရှင်တွေကတော့ အဆင့်မြင့် အနီအောက် ရောင်ခြည်သုံး အဝေးကြည့်မှန်ပြောင်းကိုသုံးပြီး အာကာသထဲက ကြယ်တာရာတွေကို လေ့လာနိုင်မယ့်နည်းလမ်း George Putic ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး
ကမ္ဘောဒီးယားနိုင်ငံအလယ်ပိုင်းက Tonle Sap ရေကန်ကြီးဟာ ငါးမျိုးစိတ် ရာနဲ့ချီ ကျက်စားနေထိုင်ရာနေရာ ဖြစ်ပေမယ့် ငါး အလွန်အကျွံ ဖမ်းတာ၊ ပတ်ဝန်းကျင်ညစ်ညမ်းတာနဲ့ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ ဆည်ကြီးတွေကြောင့် တိမ်ကောလာမယ့်အရေး ဗွီအိုအေသတင်းထောက် Kevin Enochs ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
"ကျမ တော့ မြန်မာအစိုးရကို မယုံဘူး။ ကျမ အမျိုးသားဆိုရင် မြန်မာပြည်ကနေ သုံးကြိမ် ထွက်ပြေးခဲ့ရဖူးတယ်။ ကျမ အတွက် ဒါ ဒုတိယအကြိမ် ထွက်ပြေးလာရတာပါ။ မြန်မာအစိုးရက အမြဲတမ်း ဒီလိုလုပ်နေတာပါပဲ။”
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမူစလင်အပေါ် အကြမ်းဖက်မှုတွေဟာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားရာ ရောက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောဆိုလိုက်သလို၊ ဒီအပေါ်မှာ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တချို့က ကြိုဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမူဆလင်အပေါ် အကြမ်းဖက်မှုတွေဟာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားရာ ရောက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။ Jesusemen Oni ရဲ့ သတင်းပေးပို့ချက်နဲ့အတူ အေပီသတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မူစလင် ဒုက္ခသည်တွေဟာ သူတို့ကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်တုန်လှုပ်စရာ အကြမ်းဖက်မှုတွေကြောင့် စိတ်ဒဏ်ရာ ခံစားနေကြရပြီး အသက်ရှင်သန်ခွင့် ရဖို့ ရုန်းကန် ကြိုးစားနေကြရတယ်လို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က ပြောပါတယ်။
အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကနေ အကာအကွယ်ပေးမှုကို ဆန်းစစ်တဲ့ စစ်တမ်းတခုအရ နယူးဒေလီမြို့ကို အဆိုးဆုံးမြို့တွေထဲကတစ်ခုအဖြစ် တွေ့ရပါတယ်။ လူဦးရေ ၂၆ သန်းလောက်ရှိတဲ့ နယူးဒေလီမြို့မှာ ဘာလို့ အမျိုးသမီးတွေ လုံခြုံမှု ကင်းမဲ့တာပါလဲ။ Ritul Joshi ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမူစလင်အပေါ် လူမျိုးတုံးသတ်ဖြတ်ရာ ရောက်တဲ့အထိ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လုပ်ဆောင် နေတယ်လို့ ဆိုပြီး မြန်မာအစိုးရအနေနဲ့ ဒီအခြေအနေတွေကို အဆုံးသတ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်း လိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ အာရှခရီးစဉ်အတွင်း အမေရိကန်အတွက် အကျိုးရှိစေမယ့် ကုန်သွယ်ရေး သဘောတူညီချက်တွေ ရရှိအောင် ဆောင်ရွက်ခဲ့သလို မြောက်ကိုရီးယားကိုလည်း အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ခုခံနိုင်မှုစွမ်းရည်ကို လာမစမ်းဖို့ သတိပေးခဲ့ပါတယ်။ Zalatica Hoke ရဲ့သတင်းလွှာကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကို တိုင်းပြည်ခေါင်းဆောင်တယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်မှာဖြေရှင်းဖို့တာဝန်ရှိသလို အဲဒီကလူမှုအသိုင်းအဝိုင်း၂ခုကြား ပြန်လည်သင့်မြတ်အောင် လုပ်သွားဖို့လိုတယ်လို့ ယာယီဒု နိုင်ငံခြားရေးဝန်ကြီး Simon Henshaw က Sky News သတင်းဌာနကိုပြောပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ မူစလင်ဒုက္ခသည်တွေ အရေး ဆွေးနွေး ပြောဆိုခဲ့ကြပေမဲ့လို့၊ ဒီဆွေးနွေးပွဲကနေ ထုတ်ပြန်တဲ့ ကြေညာချက် မူကြမ်းထဲမှာတော့ ရိုဟင်ဂျာအရေး ထည့်သွင်း ထုတ်ပြန်တာ မရှိပါဘူး။ ဒီအပေါ် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Human Rights Watch က စိတ်ပျက်မိတဲ့အကြောင်း ပြောဆိုထားပါတယ်။
နိုဝင်ဘာ၈ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ (၄၅) ယောက်မြောက်သမ္မတအဖြစ် Donald Trump ရွေးချယ်ခံခဲ့ရတဲ့ ရွေးကောက်ပွဲ တနှစ်ပြည့်တဲ့နေ့ပါ။ သမ္မတ Trump ရဲ့ရွေးကောက်ပွဲ ကတိတချို့ကိုအကောင်အထည်ဖော်ဆောင်ရွက်တာတွေ ရှိပေမယ့်လို့ ပျက်ကွက်တာတွေလည်း ရှိပါတယ်။ Jim Malone ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမူစလင် သိန်းနဲ့ချီ အိုးအိမ် စွန့်ခွာ ထွက်ပြေးရတဲ့အထိ အကြမ်းဖက် တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ မြန်မာအစိုးရကို ဖိအားပေးနိုင်မယ့် နည်းလမ်းတွေကို အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တွေက စဉ်းစားနေပါတယ် လွှတ်တော်အနေနဲ့ သီးခြား ဒဏ်ခတ်အရေးယူမှု ဥပဒေမူကြမ်း ချမှတ်နိုင်ဖို့ ကြိုးစားနေပေမဲ့ ဒီဆုံးဖြတ်ချက် အမြန်ဆုံး သက်ရောက်ဖို့က အိမ်ဖြူတော် သမ္မတ အမိန့်ပေါ်မှာ မူတည်တဲ့အကြောင်း ဒီအရေး စည်းရုံးလှုပ်ရှားနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်တွင်းက အခြေအနေဟာ အကြီးအကျယ် ဆိုးရွားနေခဲ့တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီ က ကုလသမဂ္ဂ ကော်မတီတခုကို ဗုဒ္ဓဟူးနေ့ကတင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်တွင်း အခြေအနေဟာ အကြီးအကျယ် ဆိုးရွားနေခဲ့တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ကုလသမဂ္ဂ ကော်မတီတခုကို ဗုဒ္ဓဟူးနေ့ကတင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Cindy Saine ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်