ရခိုင်ပြည်နယ် မြေပုံမြို့က မူစလင်ဒုက္ခသည်စခန်းတခုကို သွားတဲ့ အကူအညီပေးရေး အဖွဲ့က ကို ဒီကနေ့ ဒေသခံတွေက မသွားဖို့ ဝိုင်းဝန်းဟန့်တားခဲ့ကြပါတယ်။ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေမှာ အခြေစိုက်တဲ့ Relief International အကူအညီပေးရေးအဖွဲ့က မြန်မာဝန်ထမ်း ၁၀ ယောက်လောက်ကို ဒေသခံ ၈၀ ကျော်က စခန်းထဲမဝင်ဖို့ ဟန့်တားခဲ့ကြတာပါ။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဒုက္ခသည်တွေ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့ရတဲ့ အခြေအနေတွေဟာ မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပြီး မြန်မာစစ်တပ်နဲ့ စစ်ဘက်အရာရှိတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို အမေရိကန်ပြည်ထောင်စုက ချမှတ်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေတယ်လို့ ဆိုပြီး မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူဖို့ အမေရိကန် လွှတ်တော်အမတ် ၄၀ ကျော်က တိုက်တွန်းလိုက်သလို၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် ဖိအားပေး ပြောဆိုနေကြပါတယ်။
ဟောလိဝုဒ်လောက လိင်ပိုင်းဆိုင်ရာ မတရားမှု
ဒီရက်ပိုင်းအတွင်း မွတ်ဆလင်ဒုက္ခသည်တွေ ဘင်္ဂလားဒေရ်ှနိုင်ငံကို ထွက်ပြေးနေရာမှာ - စွတ်စွဲနေကြသလို တပ်မတော် စစ်ဆင်ရေးတွေကြောင့် မဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ငြင်းဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမူစလင်တွေအပေါ် ဖိနှိပ် တိုက်ခိုက်နေတာတွေ ဆက် ရှိနေပြီး ဒါဟာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံထဲကနေ မောင်းထုတ်ပြီး ပြန်လာလို့ပါ မရအောင်ပါ အသေအချာ အစီအစဉ်တကျ စီမံ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံဘက်ခြမ်းကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးလာတဲ့ ဒုက္ခသည် ကလေးငယ်တွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အထူး မှတ်ပုံတင်ကပ်ဒ်တွေ ဒီအကြောင်း ရိုက်တာသတင်းတပုဒ်ကို အခြေခံပြီး မခင်ဖြူထွေးက ပြောပြပေးပါမယ်။
အခုပြုလုပ်သွားတဲ့ အမေရိကန်အောက်လွှတ်တော်ကြားနာပွဲအတွင်းမှာတော့ လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ လူမျိုးတုံး သတ်ဖြတ်မှု အခြေအနေအထိ ဖြစ်နေတယ်လို့ ဆိုပြီး အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ Ed Royce က ဝေဖန်ပြောဆိုသွားပါတယ်။ ဒီပြဿနာအပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်တပ်မှာ အပြည့်အ၀ တာဝန်ရှိတယ်လို့လည်း ပြောသွားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းပြီး ဒီအကြမ်းဖက်မှုတွေအတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေ သတ်ဖြတ်ခံရ၊ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရတဲ့ အခြေအနေတွေကို စုံစမ်းဖော်ထုတ်ပြီး အပြစ်ရှိသူတွေကို အရေးယူပေးဖို့ ကုလသမဂ္ဂ CEDAW ကော်မတီနဲ့ CRC ကော်မတီတွေက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီမှာ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေတွေနဲ့ပတ်သက်လို့ ၂ နာရီနီးပါးကြာ ကြားနာပွဲလုပ်ခဲ့တာမှာ မြန်မာနိုင်ငံနဲ့ စစ်ဖက်ဆက်ဆံရေး ဖြတ်တောက်တာ၊ စစ်ဘက်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထား အရေးယူတာတွေ အပြင် မြန်မာအစိုးရကို ပေးနေတဲ့ အကူအညီတွေ ဆိုင်းငံ့ဖို့နဲ့ ကုလသမဂ္ဂမှာ မြန်မာ့အရေးကို ချက်ချင်း အရေးယူ ဆောင်ရွက်နိုင်အောင် တွန်းအားပေး ဆောင်ရွက်ဖို့ ဆိုတာတွေကို ပြောဆို အကြံပြုခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာမူစလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ ဆိုပြီး ဒါတွေကို ရပ်တန့်ဖို့ ဖိအားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ရောင်းချမှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ပင်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International အဖွဲ့က တိုက်တွန်းနေပါတယ်။
ဆန္ဒပြမှုကန့်ကွက်မှုတွေ အကြီးအကျယ်ကြုံတွေ့နေရတဲ့ အင်ဒိုနီးရှားနိုင်ငံ မြန်မာသံရုံးနဲ့ သံအရာရှိတွေကို အင်ဒိုနီးရှားရဲအာဏာပိုင်တွေဖက်က လုံခြုံရေးအပြည့်အဝဆောင်ရွက်ပေးနေသလို၊ အင်ဒိုနီးရှားမှာရှိတဲ့ မြန်မာနိုင်ငံသား ၅၀ လောက်အတွက် လုံခြုံရေးတွေအတွက်လည်း ဆောင်ရွက်ပေးထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်အစိုးရက ကူညီပေးနေပြီး နယ်စပ်တလျှောက် တင်းကျပ်မှုတွေကို လျှော့ပေါ့ပေး ထားတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ထွက်ပြေးလာတဲ့ ဒုက္ခသည် ခန့်မှန်းချေ သောင်းဂဏန်း ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
လတ်တလော အကြမ်းဖက်ပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်အတွင်းက အခြေအနေနဲ့ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက် တွေကို လွတ်လွတ်လပ်လပ် ရယူနိုင်အောင် အစိုးရက သတင်းသမားတွေရဲ့လုံခြုံရေးအတွက် အမြန်ဆုံး စီစဉ် ဆောင်ရွက် ပေးသင့်တယ်လို့ သတင်းမီဒီယာ သမားတွေနဲ့ အရက်ဖက် လူမှုအဖွဲ့အစည်းတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။
အခြေအတင် အငြင်းပွားမှုတွေ ရှိနေတဲ့ ၆၆(ဃ) အပါအဝင် ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေး မူကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ် အစောပိုင်း အမျိုးသားလွှတ်တော် မှာ အတည်ပြုထားတဲ့ မူကြမ်းနဲ့ အခု ပြည်သူ့လွှတ်တော် မှာ အတည်ပြုလိုက်တဲ့ မူကြမ်းကတော့ မတူတာကြောင့် ပြည်ထောင်စု ဥပဒေကြမ်း ပူးပေါင်းကော်မတီမှာ ဆက်လက် ဆွေးနွေး ဆုံးဖြတ်ရဖို့ရှိနေပါတယ်။
မြောက်အမေရိကား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် NAFTA နဲ့ပတ်သက်လို့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေကြား စေ့စပ်ညှိနှိုင်းမှုတွေ စတင်နေပါတယ်။ စေ့စပ်ညှိနှိုင်းမှုတွေ မအောင်မြင်ရင် အကျိုးဆက်က ကြီးလိမ့်မယ်လို့ သတိပေးနေကြတဲ့အကြောင်း Mil Arcega ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပါလိမ့်မယ်။
နှစ်စဉ် ခရီးသွားဧည့်သည် သန်းနဲ့ချီ လာရောက် လည်ပတ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ် ဘုရားကျောင်းနဲ့ မြန်မာနိုင်ငံက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေရှိရာ ပုဂံ ဒေသ တို့ ပူးပေါင်းပြီး ခရီးသွားလာရေး လုပ်ငန်းတိုးမြင့် လုပ်ဆောင်သွားဖို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ကြိုးပမ်းနေတာနဲ့အမျှ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း တိုးတက်လာဖို့ အခွင့်အလမ်းတွေ ရှိနေတယ်လို့ ခရီးသွားလုပ်ငန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ ပါတီ ခေါင်းဆောင်တွေကို ဒီကနေ့ နေပြည်တော်မှာ တနာရီကျော်ကြာ တွေ့ဆုံခဲ့ပါတယ်။ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေး တိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ အပြန်အလှန် ဆွေးနွေးခဲ့ကြတဲ့အကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ရေနံဓါတုစက်ရုံတွေနဲ့ ဓာတုပစ္စည်းတွေ အကြမ်းဖက်သမားတွေ လက်ထဲ မရောက်အောင် ဘယ်လို ထိန်သိမ်းကာကွယ်ကြမလဲ ဆိုတာကို Texas ပြည်နယ် Houston မြို့မှာ မကြာခင်က ကျင်းပခဲ့တဲ့ ဓာတုပစ္စည်း ဘေးကင်းလုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။ Elizabeth Lee ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၁၄ ဦးအထိ ရှိလာနေပြီး ကူးစက်ခံရသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတချို့နဲ့ နိုင်ငံခြားသားတဦး လည်း ပါဝင်ပါတယ်။ ရောဂါ ပျံ့နှံ့ဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေ နည်းပါးအောင် ကျန်းမာရေးဌာနက အလေးပေး ဆောင်ရွက်နေပြီး ရောဂါအဖြစ် အများဆုံးနေရာတွေကို အဓိကထား ကြပ်မတ်ဆောင်ရွက်နေတဲ့အကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်