တောင်နဲ့မြောက်ကိုရီးယား၂နိုင်ငံခေါင်းဆောင်တွေ နောက်လထဲမှာတွေ့ဆုံကြပါလိမ့်မယ်။ ဘယ်နေ့ဆိုတာ မသေချာသေး ပေမဲ့လည်း မြောက်ကိုရီးယားနိုင်ငံ ပြုံယန်းမြို့တော်မှာတွေ့ဖို့စီစဉ်ထားကြပါပြီ။
ပြီးခဲ့တဲ့နှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမူဆလင်တွေ မြန်မာစစ်တပ်ရဲ့နှိမ်နင်းမှုကိုခံခဲ့ကြရတာနဲ့ပတ် သက်ပြီး ICC လို့ခေါ်တဲ့ နိုင်ငံတကာ ပြစ်မှုခုံရုံးကနေ စုံစမ်း စစ်ဆေးပေးဖို့ ရိုဟင်ဂျာဒုက္ခသည်တွေအကြား သက်သေ အချက်အလက်တွေစုဆောင်းနေပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမူဆလင်တွေ မြန်မာစစ်တပ်ရဲ့နှိမ်နင်းမှုကိုခံခဲ့ကြရတာနဲ့ပတ် သက်ပြီး ICCလို့ခေါ်တဲ့ နိုင်ငံတကာ ပြစ်မှုခုံရုံးကနေ စုံစမ်းစစ်ဆေးပေးဖို့ ရိုဟင်ဂျာဒုက္ခသည်တွေအကြား သက်သေ အချက်အလက်တွေစုဆောင်းနေပါတယ်။
မုတ်သုံမိုးတွေအပြင်းအထန်ရွာတဲ့အခုလိုကာလမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံ Cox's Bazar ဒေသရောက် ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေအတွက် ကျန်းမာရေးအရစိုးရိမ်မှုတွေ အပြင် ရေကြီးမြေပြိုတဲ့အန္တရာယ်တွေကလည်း နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်နေပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ စက်ရုပ်စားပွဲထိုးစနစ်ကို အလီဘာဘာကုမ္ပဏီက သုံးစွဲနေတဲ့ အကြောင်းနဲ့ Starbucks ကို စိန်ခေါ်မယ့် ကော်ဖီဆိုင် တရုတ်နိုင်ငံမှာ ပေါ်လာနေတဲ့အကြောင်း Schuyler Ogdenရဲ့ သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ အမေရိကန်ရဲ့ကျောက်ပုဇွန်တင်သွင်းမှုတွေကို တရုတ်ကအခွန်တင်းကျပ် လိုက်တဲ့အကြောင်းနဲ့ လေထုညစ်ညမ်းမှုသန့်စင်ရေးလုပ်ငန်းတွေအတွက် ဗီယက်နမ်နိုင်ငံမှာရင်းနှီးမြုပ်နှံမှု တွေအကြီးအကျယ်လုပ်ဆောင်နေတဲ့အကြောင်း Schuyler Ogdenရဲ့ သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
မြောက်ကိုရီးယားနိုင်ငံမှာ မစ်ဇိုင်းဒုံးကျည်အသစ် တည်ဆောက်မှုတွေလုပ်နေတဲ့ လက္ခဏာတွေကို မြင်နေရတယ်လို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေကပြောတဲ့အကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ဓါတ်ပုံတွေနဲ့တကွဖေါ်ပြလိုက်ပါတယ်။
လွန်ခဲ့တဲ့လေးနှစ်တုန်းက ပျံသန်းနေရင်း ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှားခရီးသည်တင်လေယဉ် MH370နဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်ပြီးပျောက်ဆုံးခဲ့ရသလဲဆိုတာ အခုထိ အဖြေရှာမရသေးပဲဖြစ်နေပါတယ်။ လေယဉ်ပျောက်ဆုံးမှုနဲ့ဆိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို မလေးရှားဦးဆောင်တဲ့ အဖွဲ့ဝင်၁၉ဦးပါ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့တခုက လုပ်ဆောင် နေတာဖြစ်ပြီး ဒီအဖွဲ့က ပြုစုထားတဲ့ အစီရင်ခံစာတစောင်ကို မနေ့တုန်းကပဲထုတ်ပြန်ခဲ့ပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ တရုတ်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးရဲ့ မမှန်မကန်လုပ်ရပ်တွေကို စစ်ဆေးတွေ့ရှိခဲ့တဲ့အကြောင်းနဲ့ အမေရိကန်ပဲပိစပ်အစား ဘရာဇီးက ပဲပိစပ်ကို တရုတ်က ပြောင်းလဲတင်သွင်းတော့မယ့် အကြောင်း Schuyler Ogdenရဲ့ သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေးတွေလုပ်ဆောင်ဖို့ တွန်းအားပေးတဲ့အနေနဲ့ တရုတ် အနုပညာရှင် Ai Weiwei က မြန်မာနိုင်ငံက ဆင်စခန်းတွေကို လာရောက်လေ့လာခဲ့ပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တွေကို တရုတ်နိုင်ငံမှာ အကြီးအကျယ် လောင်းခဲ့ကြတဲ့အကြောင်းနဲ့ စမတ်ဖုန်းကနေ ကိုယ်အတိုင်းကိုယူပြီး အဝတ်အထည်ချုပ်ပေးတဲ့နည်းပညာကို ဂျပန်ကုမ္ပဏီတခုက တီထွင်အသုံးပြုနေတဲ့အကြောင်း Schuyler Ogdenရဲ့ သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ဟာ မနေ့ တုန်းက ရန်ကုန်တရားရုံးမှာ ဒုတိယမြောက်နေ့အဖြစ် ထွက်ဆိုချက်တွေပေးခဲ့ကြပါတယ်။
၆ရက်ကြာကျင်းပခဲ့တဲ့ နေပြည်တော်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မနေ့ကပြီးဆုံးခဲ့ပါပြီ။ သဘောတူညီချက် ၁၄ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးအောင်မှုရှိတဲ့ညီလာခံအဖြစ် မြန်မာအစိုးရကသတ်မှတ်ပါတယ်။
အမေရိကန်နဲ့တရုတ်၂ နိုင်ငံအကြား အပြန်အလှန်အခွန်တင်းကြပ်နေကြတာကြောင့် အမေရိကန် တောင်သူ လယ်သမားတွေ စိုးရိမ်ပူပန်နေကြပြီး ဒီကုန်သွယ်ရေး စစ်ပွဲက သူတို့ရဲ့စီးပွါးရေးတွေကို စပြီး ထိခိုက်နေပြီလို့ခံစားနေကြရပါပြီ။
မနေ့ညကရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးအကြိုဗိုလ်လုပွဲမှာ ပြင်သစ်က Belgium ကို ၁ဂိုး ဂိုးမရှိနဲ့အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကိုတက်သွားခဲ့ပါပြီ။ နှစ်သင်းစလုံးအကြိတ်အနယ်ကစားခဲ့ကြပေမဲ့ ရတဲ့ အခွင့်အရေးကို အမိအရယူနိုင်ခဲ့တဲ့ပြင်သစ်အသင်းက အနိုင်ရသွားခဲ့တာပါ။
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က ဇွန်လ ၂၃ရက်နေ့ကတည်း လှိုဏ်ဂူအတွင်း ပိတ်မိနေတဲ့ ကျောင်းသားလေး ၁၂ ဦးနဲ့ ဘောလုံးနည်းပြ တဦးပေါင်း ၁၃ ဦး ကို ဇူလိုင်လ၈ ရက်နေ့မှာ ၄ဦး၊ ဇူလိုင် လ၉ရက်နေ့ မှာ ၄ ဦး စုစုပေါင်း ၈ ဦး ကို ကယ်တင်နိုင်ခဲ့ပါပြီ။ ကယ်တင်နိုင်ဖို့အတွက် ထိုင်းရေတပ်တပ်ဖွဲနဲ့ နိုင်ငံတကာက ကယ်ဆယ်ရေး အဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်နေရာမှာ ၊ ကျန်ရှိတဲ့ကလေး၄ဦးနဲ့ နည်းပြ ၁ဦး စုစုပေါင်း ၅ ဦး ကို ကယ်တင်နိုင် ဖို့ ကြိုးပမ်းနေပါတယ်။
ဒီကနေ့ကစပြီး လှိုဏ်ဂူရှိရာဒေသမှာ မိုးသက်မုန်တိုင်းတွေ ကျမယ် ဆိုတဲ့ မိုးလေဝသ သတိပေးချက်တွေရှိ နေတာကြောင့်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အထူး ဂရုစိုက်နေရပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းက လှိုင်ဂူအတွင်းမှာ ပိတ်မိနေကြတဲ့ လူငယ်၁၃ဦးကို ကယ်ထုတ်ရေးနဲ့ပတ်သက်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက အပူတပြင်းစီစဉ်နေကြတယ်ဆိုပေမဲ့လည်း ဘယ်နည်းလမ်းကအကောင်းဆုံးဖြစ်မလဲဆိုတာကို မဆုံးဖြတ်နိုင် ကြသေးပါဘူး။
အဖမ်းဆီးခံ Reuters သတင်းထောက်၂ဦးဖြစ်ကြတဲ့ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ရဲ့အမှုကိုတရားရုံးက စွဲချက်တင်သင့် မတင်သင့်ကို ဇူလိုင်လ ၉ရက်နေ့မှာဆုံးဖြတ်ဖို့ရှိပါတယ်။
ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းဆောင်းပါးတချို့ကို ကိုကျော်အောင်လွင်က တင်ပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်