ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အုပ်စု တိုက်ခိုက်ပြီးတဲ့နောက် နဂိုကတည်းက ယိုယွင်းနေတဲ့ အခြေအနေဟာ ပိုဆိုးသွားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell ကပြောပါတယ်။ မတည်မငြိမ်အခြေအနေ တာရှည်နေပြီဖြစ်တာကြောင့် အစိုးရအနေနဲ့ ပြီးပြည့်စုံတဲ့ချဉ်းကပ်မှုနဲ့ ကိုင်တွယ်ဖို့လိုတယ်လို့လဲ မစ္စတာ Mitchell ကပြောပါတယ်။
အမေရိကန် သမ္မတ အိမ်ဖြူတော် အနေနဲ့မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေတွေကို အနီးကပ် စောင့်ကြည့် နေတယ်လို့ အင်္ဂါနေ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ အတွင်း သမ္မတရဲ့ပြောခွင့်ရက ပြောသွားပါတယ်။
ကမ္ဘာတဝန်း လူသန်း ၇၀၀ ကျော်ဟာ သန့််ရှင်းပြီးဘေးကင်းတဲ့ သောက်သုံးရေ မရကြဘူးလို့ The Water Project အဖွဲ့ကပြောပါတယ်။ NGO တွေ၊ ပရဟိတအဖွဲ့တွေနဲ့ အစိုးရခေါင်းဆောင်တွေရဲ့ နှစ်ပတ်လည် အစည်းအဝေးတခုမှာ ဒီပြဿနာ ဘယ်လိုဖြေရှင်းမလဲ ဆွေးနွေးခဲ့ကြတဲ့အကြောင်း Kevin Enochs သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာ မိုဒီရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လက်ရှိအခြေ အနေတွေနဲ့ပတ်သက်ပြီး ဘယ်လို အကူအညီပေးနိုင် မယ်ဆိုတာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတဦးက သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
“သက်ဆိုင်သူတွေ အားလုံး အနေနဲ့ တင်းမာမှုတွေ လျော့ကျအောင် လုပ်ပြီး ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်တာ အပါအဝင် ရေရှည် အဖြေတွေကို ရှာသင့်တယ်လို့ ကျနော်ထင်ပါတယ်။”
ကုမ္ပဏီတွေနဲ့ ကမ္ဘာတဝှမ်းအစိုးရတွေကို ဆိုင်ဘာကနေ တိုက်ခိုက်တဲ့သတင်းတွေဟာ အရင်ကထက်ပိုပြီး ဒီနှစ်အတွင်း ထိပ်တန်းသတင်း ဖြစ်လာနေပုံရပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုကို ဘယ်သူတွေကလုပ်ပြီး၊ ဘယ်လိုတားဆီးနိုင်ပါမလဲ။ Elizabeth Lee ရဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားအကြား စစ်ရေးခြိမ်းခြောက်တဲ့ စကားတွေ အပြင်းအထန် ဆက်ပြောနေကြဆဲရှိပြီး အခုချိန်ထိတော့ စကားလုံးတွေနဲ့ အခြေအတင် အပြန်အလှန် ေြ့ပာနေတာ ရပ်မသွားသေးပါဘူး အဲဒီလိုပြောဆိုချက်တွေအပေါ် ကမ္ဘာ့နိုင်ငံအများအပြားက စိုးရိမ်နေကြ သလို တင်းမာမှုကို စစ်ရေးနည်းလမ်းနဲ့ဖြေရှင်းလို့ မရဘူး ဆိုပြီး ပြောဆိုတာတွေလဲ ရှိနေပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နဲ့ မဒေးကျွန်းတို့မှာရှိတဲ့ မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း နောက်ဆက်တွဲဖြစ်လာတဲ့ ပြဿနာတွေထဲက CNPC ဓာတ်ငွေ့စက်ရုံ စတင်ဆောက်လုပ်ကတည်းက ဖြစ်ခဲ့ပြီး ခုချိန်ထိ မပြီးပြတ်သေးတဲ့ ပြဿနာတွေ အကြောင်း ဒုတိယပိုင်းကို ကိုကျော်ကျော်သိန်းက တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေဟာ အများအားဖြင့် အငြင်းပွားဖွယ်ရာတွေဖြစ်ပြီးဒီထဲမှာ ကျောက်ဖြူမြို့နဲ့ မဒေးကျွန်းတို့က မြန်မာ-တရုတ် ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်းလဲပါဝင်ပါတယ်။ ဒီအကြောင်း ပထမပိုင်းကို ကိုကျော်ကျော်သိန်း တင်ပြထားပါတယ်။
မြန်မာ့ရေးရာတွေမှာ ဂျပန်နိုင်ငံဟာ တကယ့်ကို အကျိုးရှိတဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန်ပါမောက္ခတဦးက သုံးသပ်ပါတယ် မြန်မာစစ်ဘက်ဟာ နိုင်ငံမှာ တကယ့်ကို အရေးကြီးတဲ့နေရာကနေ ပါနေမယ်ဆိုတာ ဂျပန်နိုင်ငံက ကောင်းကောင်းသိတဲ့အတွက် မြန်မာစစ်ဘက်ကို လျစ်လျူရှု ထားလို့မရဘူးဆိုတာ ဂျပန်က သိတယ်လို့လဲ သူက သုံးသပ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ဒီသီတင်းပတ်ကုန်ကျင်းပမယ့် အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးအတွင်း အစ္စလာမ်အစွန်းရောက်ဝါဒီ စစ်သွေးကြွတွေရဲ့ အန္တရာယ် ပိုကြီးလာနေတဲ့ကိစ္စကို အဓိက ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ရိုက်တာသတင်းလွှာတပုဒ်ပေါ် အခြေခံပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
တောင်တရုတ်ပင်လယ် နယ်မြေပိုင် ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စရပ်အစား အစ္စလာမ် အစွန်းရောက်ဝါဒီ စစ်သွေးကြွတွေရဲ့ အန္တရာယ် ပိုကြီးလာနေတဲ့ ကိစ္စက အဓိက ဆွေးနွေးကြမယ့် အကြောင်းအရာ ဖြစ်မယ်လို့ခန့်မှန်းထားကြပါတယ်။
မတရားအသင်းနဲ့ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရတဲ့ သတင်းထောက်တွေက သူတို့အနေနဲ့ လက်လျှော့ အရှုံးပေးမှာမဟုတ်ဘဲ ဆက်ပြီး ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။ သောကြာနေ့ တရားရုံးကအထွက် မှာ ဖမ်းဆီးခံသတင်းထောက်တွေက အဲဒီလိုပြောသွားကြတာဖြစ်ပြီး သူတို့အတွက် အာမခံကိုလဲ တရားရုံးမှာ လျှောက်ထားပြီး ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့ကယ်ဆယ်ရေးစခန်းအိုးအိမ်စွန့်ခွာထွက်ပြေးသူIDPတွေရင်ဖွင့်ခဲ့ကြတဲ့အကြောင်းသတင်းဆောင်းပါး ပထမပိုင်းမှာတင်ပြထားပါတယ်။တာဝန်ရှိသူတွေ၊ကျောက်ဖြူမြို့ခံတွေရဲ့ုသဘောထားတွေကိုတော့ကျောက်ဖြူမြို့ကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက ဒုတိယပိုင်းအဖြစ်တင်ပြထားပါတယ်။
Digital Kaway ဆိုတဲ့ Digital Marketing ကုမ္ပဏီကို ပူးတွဲ တည်ထောင်သူ မစန္ဒီစိန်သိန်းနဲ့ တွေ့ဆုံမေးမြန်းထားတာ အပိုင်း (၁) ကို ဒီသီတင်းပတ် သိပ္ပံနဲ့နည်းပညာကဏ္ဍအတွက် တင်ဆက်ထားပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က ကယ်ဆယ်ရေးစခန်းမှာနေထိုင်နေရသူတွေ ပြန်လည်နေရာချထားရေး တာဝန်ရှိသူတွေနဲ့ ကျောက်ဖြူမြို့ခံတွေအနေနဲ့ ဘယ်လို သဘောထားကြပါသလဲ ဆိုတာတွေကို ကျောက်ဖြူမြို့ကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ကိုကျော်ကျော်သိန်းက အစီအစဉ်ပထမပိုင်းမှာ တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာလုပ်တဲ့ 2017 First Global Challenge နိုင်ငံတကာ စက်ရုပ်ပြိုင်ပွဲဝင် မြန်မာအသင်းအဖွဲ့ဝင်တဦးကို ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် သိပ္ပံနဲ့နည်းပညာကဏ္ဍမှာ တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အထင်ကရ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း (John McCain) မှာ ဦးနှောက်ကင်ဆာရောဂါ ရှိနေတာကို စစ်ဆေးတွေ့ရှိရတဲ့အကြောင်း အရီဇိုးနားပြည်နယ်၊ Phoenix မြို့၊ Mayo Clinic ဆေးရုံက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက် ပါတယ်။
ဒီတာဝန်ကို ထမ်းဆောင်ဖို့ မှန်ကန်တဲ့နည်းလမ်း တခုပဲ ရှိတယ်ဆိုတာ ကျနော် အခိုင်အမာ ယုံကြည် ထားပါတယ်။ အဲဒါ ကတော့ လုံး၀ သီးခြားလွတ်လပ်ရမယ်။ စည်းကမ်းအတိုင်း အတိအကျ လုပ်ရမယ်။
ဇူလိုင် ၉၊ ၂၀၁၇ - မြန်မာ့ခရီးသွားလုပ်ငန်း လက်ရှိ အခြေအနေ၊ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း ရှေ့အလားအလာတွေနဲ့ ပတ်သက်ပြီး ဝါရင့်ဧည့်ညွှန်တွေဖြစ်ကြတဲ့ ကိုစိုင်းကက်နက် နဲ့ ကိုဘွန်နီဦးတို့ကို ရန်ကုန်မြို့ VOA Studio မှာ ကိုကျော်ကျော်သိန်း တွေ့ဆုံမေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်