မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍဟာ အလားအလာကောင်းတွေ အများကြီးရှိနေပေမဲ့ ဒီ့ထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်ရေးမှာ ချမှတ်ထားတဲ့မူဝါဒတွေကို ထိရောက်အောင် အကောင်အထည်ဖော်ဖို့၊ လုပ်ဖို့လိုအပ်တဲ့အကြောင်း ဝါရင့်ဧည့် လမ်းညွှန်တွေနဲ့ ဗီအိုအေက ကိုကျော်ကျော်သိန်းတွေ့ဆုံဆွေးနွေးထားပါတယ်။
Watergate အရှုပ် တော်ပုံ ၄၅ နှစ်ပြည့်
ပစိဖိတ်ရပ်ဝန်းဒေသကုန်သွယ်ရေးသဘောတူညီချက် TPP ကနေ နုတ်ထွက်ကြောင်း သမ္မတ Trump ကြေညာခဲ့ပြီး အခုတခါ ကျူးဘားနိုင်ငံနဲ့ ကုန်သွယ်ရေးကိုပါ လျှော့ချပစ်တော့မှာပါ။ မရေရာတဲ့ရှေ့ခရီးအတွက် အီလီနွိုင်းပြည်နယ်က လယ်သမားတွေ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ Kate Farabaugh ပေးပို့တဲ့သတင်းကို ကိုကျော်ကျော်သိန်း တင်ပြထားပါတယ်။
ရုံးခန်းမျိုးစုံဖွင့်ထားတဲ့ Watergate အဆောက်အဦးမှာ ၁၉၇၂ ခုနှစ် ဇွန်လက ချိုးဖျက်ခိုးဝင်မှုဖြစ်ခဲ့တာ အခုဆိုရင် ၄၅ နှစ်ရှိသွားပါပြီ ပထမတော့ အဲဒါကို သာမန် ခိုးဝင်မှု နောက်တခုလောက်အဖြစ်ပဲ မြင်ခဲ့ကြတာပါ နောက်တော့မှ အဲဒါဟာ အမေရိကန် သမ္မတအိမ်ဖြူတော်နဲ့နီးစပ်တဲ့ ထင်ပေါ်သူတွေ ပါဝင်ပတ်သက်နေတဲ့ အရှုပ်တော်ပုံကြီးဆိုတာ ပေါ်လာတာပါ။
နိုင်ငံခြားသား ရာဇဝတ်သားတွေက သတ်တာကြောင့် သေဆုံးသွားသူတွေရဲ့ မိသားစု ဆွေမျိုးသားချင်းတွေနဲ့ သမ္မတ Donald Trump ဟာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲဟာ လွှတ်တော်မှာ မဲခွဲဖို့ရှိနေတဲ့ လူဝင်မှု ဆိုင်ရာဥပဒေကြမ်းအတွက် ထောက်ခံမှုရဖို့ ရည်ရွယ်တာပါ။ Zlatica Hoke ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ကျနော်တို့ဒီကနေ့အခမ်းအနားမှာမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel တက်ရောက်ပြီးတော့ စကားပြောပါတယ်။ VOA အခန်းကဏ္ဍ နောက်ပြီး မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွပ်လပ်ခွင့် တွေနဲ့ ပတ်သက်ပြီးတော့ သံအမတ်ကြီးက အထူးအလေးထားပြီးတော့ ပြောသွားပါတယ်။
ဇွန် ၁၈၊ ၂၀၁၇ - ရခိုင်ပြည်နယ် ကျောက်ဖြူဒေသအတွင်း အကောင်အထည်ဖော်မယ့် စီမံကိန်းတွေမှာ ဒေသအတွက် ဘာတွေ ထည့်သွင်းစဉ်းစားသင့်သလဲ စတာတွေကို KRDA ကို တည်ထောင်သူတဦးဖြစ်တဲ့ ဦးထွန်းကြည်နဲ့ ကျောက်ဖြူမြို့ခရီးစဉ်အတွင်း ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားတာကို တင်ပြထားပါတယ်။
ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းနဲ့ ကျောက်ဖြူဒေသခံတွေရဲ့ အခက်အခဲ
ဗိုလ်ချုပ်ကြီး မြင့်စိုး တို့နဲ့တွေ့နေရတယ်။ ဘာမှ အပြင်းအထန် ငြင်းခုံ စရာ ဘာမှ မရှိဘူး။ သိသာထင်ရှားတဲ့ အဖုအထစ် မရှိဘူး။အလားတူဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြားမှာလည်း ဘာမှ သိသာ ထင်ရှားတဲ့ သဘောထား ကွဲပြားမှုတို့ အဖုအထစ်တို့ မရှိဘူး။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်လို့ အစိုးရအဖွဲ့ အဆင့်မြင့် တာဝန် ရှိသူတဦးက ပြောပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာအခန်းကဏ္ဍ
အနိမ့်ဆုံး အဆင့် အနေနဲ့ကတော့ ပြည်ထောင်စုကို ဘယ်လို တည်ဆောက်မလဲ ဆိုတဲ့အချက် ၅ ချက် ၆ ချက်တော့ ရနိုင်တယ်။ ကျနော် အဲသလို တွေ့တယ်။
တပ်မတော်နဲ့ လက်ရှိဆက်ဆံရေးနဲ့ အစိုးရအတွင်းပြောင်းလဲနိုင်ချေတွေအပေါ် NLD ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကို ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
၂၁ရာစုပင်လုံဒုတိယညီလာခံဟာ နိုင်ငံရေးဆွေးနွေးခွင့်ရတဲ့အခွင့်အလမ်းကောင်းဖြစ်တာကြောင့် တိုင်းပြည်ပေါ်စေတနာတကယ်ထားတဲ့အဖွဲ့အစည်းတွေဆိုရင်လာဖို့ကြိုးစားမှာပဲလို့ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်PNLOရဲ့ နာယကဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။ ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
၂၁ ရာစုပင်လုံ ဒုတိယညီလာခံမှာ အရင်က မတက်ခဲ့ဖူးတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ ပါဝင်လာတာ အားရစရာဖြစ်ပေမဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာစိတ်ရှည်ဖို့လိုတဲ့အကြောင်းNLDပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။ကိုကျော်ကျော်သိန်းက နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံမေးမြန်းထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက သူရဦးတင်ဦး၏ လက်ရှိကျန်းမာရေးအခြေအနေနှင့်ပတ်သတ်ပြီး ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကို ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
ဆေးရုံမှာ ကုသမှုခံယူနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနာယက သူရဦးတင်ဦးရဲ့ကျန်းမာရေးဟာ အပြည့်အ၀ ပြန်ကောင်းလာတဲ့အခြေအနေ မဟုတ်သေးပေမဲ့ ပြန်ပြီးတော့ တုန့်ပြန် ဆက်သွယ်နေနိုင်ပြီဖြစ်တယ်လို့ သူရဦးတင်ဦးကို တနင်္ဂနွေနေ့က ဆေးရုံမှာ သွားကြည့်ခဲ့တဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဗွီအိုအေနဲ့ သီးခြားတွေ့ဆုံမေးမြန်းတာမှာ ပြောသွားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး မပြောင်းမလဲရှိပြီး အကူအညီတွေကိုလဲ ဆက်ပြီးပေးနေတယ်၊ ငြိမ်းချမ်းရေး၊ အသွင်ကူးပြောင်းရေးတို့အတွက်လည်း ပံ့ပိုးလုပ်ဆောင်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel က က ပြောပါတယ်။ ကိုကျော်ကျော်သိန်းက တွေ့ဆုံ မေးမြန်းထားပါတယ်။
ကျောက်ဖြူဒုက္ခသည်စခန်းနဲ့ ပြန်လည်နေရာချထားရေး
နောက်ထပ်ကြည့်ရှုရန်